NEWS

ဇူလိုင်လ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
122 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ တစ်ပတ်တာတာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ သတင်းတွေကို အနှစ်ချုပ်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ(၁၅)ရက်

ထိုင်းနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးတာကြောင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၈)သောင်းကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
မန္တလေးမြို့က အမရပူရမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှာ တာကျိုးပေါက်တာကြောင့် အလုပ်သမား (၇)ဦး ရေနစ်ပျောက်ဆုံး နေပါတယ်။
Tha Shu (Myanmar) စက်ရုံမှာ သတ်မှတ်အချိန်ပိုနာရီတွေထက် ကျော်လွန်ခိုင်းစေနေတဲ့အပြင် တနင်္ဂနွေနေ့တွေ ပါ အလုပ်ခေါ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
(၄၈)နာရီတွင်းမှာ မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းကာ တစ်ချို့နေရာတွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တာ တွေပါ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လူမှုဖူလုံရေးကြေး ထည့်သွင်းထားတဲ့ အလုပ်သမားတွေဟာ လူမှုဖူလုံရေးအာမခံစနစ် (၂) မျိုးဖြစ်တဲ့ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်နဲ့ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တွေကို ရယူနိုင်မှာ ဖြစ်တယ်လို့ လူမှုဖူလုံရေး ဥပဒေအရ သိရပါတယ်။
ရန်ကုန်တိုင်းတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် (၉)ရက်အတွင်းမှာ ဆေးရုံတက်လူနာ (၆၀၀)ကျော် ရှိနေပြီး ပြင်းထန်ဝမ်းရောဂါကြောင့် သေဆုံးတာတွေ ရှိလာပါတယ်။
New Plus အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေသဘောဆန္ဒမပါဘဲ အတင်းအကြပ် ခြိမ်းခြောက်ပြီး အချိန်ပိုတွေ ခိုင်းစေနေပါတယ်။

ဇူလိုင်လ(၁၆)ရက်
------------------
Tianjin Fashion Milestone Garment မှာ အာဇာနည်နေ့မှာပါ အချိန်ပို လုပ်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပေးစာ ပေးပို့ထားပါတယ်။
အိမ်သုံးဂတ်စ် တစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်လာပြီး ပစ္စည်းပြတ်လပ်မှုတွေ ရှိနေပါတယ်။
ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့် အမျိုးသားအလုပ်သမားတွေကိုတော့ အသက်ကန့်သတ်ထားတာ မရှိဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဏ်စာအုပ်တွေကို အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ အသုံးချခံနေရပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး (၂၀)မြို့မှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပါတယ်။
ဈေးကွက်တွင်းရောင်းချဖို့ ထုတ်ပြန်နေတဲ့ စားအုန်းဆီ ရည်ညွှန်းဈေးဟာ မြေပြင်မှာ ရောင်းချနေတဲ့ဈေးနဲ့ အဆမတန်ကွာဟနေပါတယ်။
မန္တလေးမှာ တာဘောင်ပြိုကျပြီး ရေနစ်မြှုပ်ပျောက်ဆုံးခဲ့တဲ့ အလုပ်သမား (၇)ဦးရဲ့ ရုပ်အလောင်းတွေ အားလုံးရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ဆေးကုသမှု အကျိုးခံစားခွင့်ကို လူမှုဖူလုံရေးမှာ မှတ်ပုံတင်တဲ့အချိန်ကစပြီး စတင်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဇူလိုင်လ(၁၇)ရက်

ကြက်သားတစ်ပိဿာကို ကျပ်တစ်သောင်းခွဲနီးပါး ဈေးမြင့်တက်လာပြီး လုပ်ခလစာနည်းပါးတဲ့ လုပ်သားပြည်သူတွေစားနိုင်ဖို့ အခက်တွေ့လာပါတယ်။
ပဲခူး VHT အထည်ချုပ်စက်ရုံမှာ ညလုံးပေါက် အလုပ်လုပ်ခိုင်းနေပြီး တနင်္ဂနွေပိတ်ရက်တွေကိုလည်း မပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပိုင်းရှိ ကရင်လေးဆိပ် တံတားကျိုးပြီး ခရီးသွားကားနဲ့ ကုန်ကားတွေ ပိတ်မိခဲ့ပါတယ်။
ဆေးကုမ္ပဏီတွေက ဇူလိုင်လ (၁၇) ရက်ကစပြီး သုံးစွဲသူတွေဆီကို ဆေးဝါးတွေ တိုက်ရိုက်ရောင်းချပေးသွား မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်ပလုပ်သားစေလွှတ်ဖို့ တရားဝင်အေဂျင်စီလိုင်စင် ရယူထားပေမယ့် တရားမဝင် လုပ်သားစေလွှတ်တာတွေ ရှိနေပါတယ်။
အာဏာသိမ်းခံထားရတဲ့ သုံးနှစ်ခွဲကာလတွင်းမှာ အကျဉ်းထောင်တွေမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား တစ်သောင်းကျော် ရှိနေပါတယ်။
He MeT အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်တွင်း ချိုးဖောက်ခံရမှုတွေကို စစ်ဆေးရေး ဝင်ရောက်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
မြို့ပြစစ်ပွဲတွေ ဖော်ဆောင်နေတဲ့အတွက် ထိခိုက်မှု လျော့ပါးသက်သာစေရေး ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမယ့် နည်းလမ်းတွေ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
လူမှုဖူလုံရေး ထည့်ဝင်ထားတဲ့ အာမခံအလုပ်သမားတွေအတွက် ဆေးကုသခွင့်ကို နည်းလမ်းတွေကို ဖော်ပြခဲ့ပါတယ်။
De Xin Myanmar အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေကို အလွန်အကျွံ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောင် ကွယ်လွန်ခဲ့ပါတယ်။

ဇူလိုင်လ(၁၈)ရက်

KSHENG Myanmar အထည်ချုပ်စက်ရုံမှာ (၈) နာရီဆက်တိုက် အလုပ်လုပ်ကိုင်ခိုင်းတဲ့အပြင် ညလုံးပေါက် အလုပ်ဆင်းခိုင်းတာတွေပါ ရှိနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြတ်သန်းမယ့် ခရီးသယ်တင်ယာဉ်ကြီးတွေကို Telematics စနစ်တပ်တင်ပေးကာ (၂၄) နာရီစောင့်ကြပ်မယ်လို့ ကြေညာထားပါတယ်။
ပြည်ပကို တရားမဝင်သွားရောက် လုပ်ကိုင်မှု မြင့်တက်လာတာကြောင့် လုပ်ခလစာနှုန်းထားတွေ ပိုမိုအနှိမ်ခံရနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
လုပ်ငန်းသုံးယာဉ်တွေ သက်တမ်းတိုးပါက ဇူလိုင်လ (၂၂)ရက်ကစပြီး ယာဉ်စစ်ဆေးခံရတော့မယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
Myanmar Guotia Huasheng Glory Fashion အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ ဥပဒေပါ ခွင့်ရက်တွေ ခံစားခွင့်မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတစ်ဦး စကူဒါ (ကစ်ဘုတ်) စီးရင်းချော်လဲရာက ကွယ်လွန်ခဲ့ပါတယ်။
လက်ပံတောင်းဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြိုလူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်း လုပ်ဆောင်ခဲ့ပါတယ်။

ဇူလိုင်လ(၁၉)ရက်

အာဇာနည်နေ့မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။
New Plus အထည်ချုပ်စက်ရုံမှာ နေ့စဉ် ည (၈) နာရီအထိ အလုပ်လုပ်ကိုင်ခိုင်းနေပြီး တနင်္ဂနွေပိတ်ရက်တွေကိုပါ နားရက်မပေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ဆဲဆိုတာတွေပါ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေကို ပန်းရောင်ကတ်အမြန်ဆုံး ထုတ်ပေးဖို့ ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်တိုးဖို့ စာရင်းပေးသွင်းထားသူတွေထဲက ကျန်ရှိသူတွေကို အထူးအစီအစဉ်အနေနဲ့ သက်တမ်းတိုးပေးမယ်လို့ သံရုံးကထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် အသက်အရွယ် ကန့်သတ်ချက်ကြောင့် MOU အလုပ်သမားတွေ ရှားပါးလာပါတယ်။
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ရှိ သတ္တုရုံမှာ ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားတွေကို မသင်္ကာမှုနဲ့ အဝတ်ချွတ်စစ်ဆေးဖို့ ပြုလုပ်လို့ အလုပ်သမားတွေက တိုင်ကြားမှုတွေ လုပ်ဆောင်ထားပါတယ်။
စပါးခင်းတွေ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပြီး ဓာတ်မြေဩဇာ သွင်းအားစုဈေးတွေတက်နေလို့ တောင်သူတွေ အခက်ကြုံနေရပါတယ်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှာ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားခွင့်ဆိုင်ရာ ဖူလုံရေးထောက်ပံ့ငွေ ခံစားခွင့်ထုတ်ယူရာမှာ အခက်အခဲတွေ ရှိနေပါတယ်။
စစ်ကောင်စီဟာ ပြည်တွင်းမှာ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေ ပိုမိုခက်ခဲလာပါတယ်။ ဒီအခြေအနေတွေကို “စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းတိုက်ပွဲ ကျဆုံးမှု” ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ(၂၀)ရက်

Sheng Mei Garment မှာ အများပြည်သူရုံးပိတ်ရက်တွေသာမက ညလုံးပေါက် အလုပ်ခိုင်းစေမှုတွေ လုပ်ဆောင် နေပါတယ်။ ဒါ့အပြင် လုပ်ခဖြတ်တောက်မယ့် အစီအစဉ်ကို ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အခုဖော်ပြခဲ့တဲ့ ဇူလိုင်  ၁၅ ရက်ကနေ ၂၁ ရက်နေ့ထိ သတင်းအနှစ်ချုပ်ကို မမက စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024