NEWS

၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
94 Views
 
Myanmar Labour News မှာ ဖေဖော်ဝါရီလ (၃) ရက်ကနေ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။
တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Safety Clothing Myanmar အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်တွင်း အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေ တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
စစ်ကောင်စီက အလုပ်သမားဝန်ကြီးပြောင်းလဲ ခန့်အပ်တဲ့အပေါ် ပြည်တွင်းက အလုပ်သမားအရေးကိစ္စတွေနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေအတွက် တင်းကြပ်တာတွေပိုများလာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကို တာဝန်က အနားယူခိုင်းပြီး ဦးချစ်ဆွေကို ပြောင်းလဲခန့်အပ်ထားပါတယ်။
အမျိုးသမီး(၆)ဦးကို ငွေကြေးနဲ့စည်းရုံးပြီး တရုတ်မယားအနေနဲ့ ပို့ဆောင်ရောင်းစားဖို့လုပ်နေသူတွေကို လူကုန်ကူးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့လေထုအရည်အသွေးတိုင်းတာတဲ့အဖွဲ့အစည်း IQ Air က ဖေဖော်ဝါရီလ (၃) ရက်မှာ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့စာရင်းမှာ အဆင့်(၂)ကို ရောက်ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ နကော့ပုထုံမြို့က ကြက်သားစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ လာခဲ့တဲ့ MOU အလုပ်သမား (၁၄) ဦးဟာ အလုပ်မရဘဲ နေထိုင်စားသောက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က သိရပါတယ်။
မြန်မာနိုင်ငံသားအဖြစ်ကနေ စင်္ကာပူနိုင်ငံသားအဖြစ်ကို မိမိတို့သဘောဆန္ဒအလျှောက် ပြောင်းလဲခံယူသူဟာ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း (၃၀၀) နီးပါး ရှိခဲ့တယ်လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဖို့ အမျိုးသမီးတွေကိုပါ ဖိအားပေးပြီး စာရင်းကောက်ယူတာကြောင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက် ရှိလာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
 
ဖေဖော်ဝါရီ ၄
 
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ မြန်မာအလုပ်သမားဇနီးမောင်နှံဟာ ထိုင်းထီရဲ့ အမြင့်ဆုံး ဘတ်ခြောက်သန်းဆု ပေါက်ခဲ့တယ်လို့ M.H.A.C မဟာမိတ်အဖွဲ့က သိရပါတယ်။
ကဏ္ဍအလိုက် ဒဏ်ကြေးပေးဆောင်ဖို့ ပျက်ကွက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ (၁၂၀) ကျော် ရှိနေပြီး လစဉ် ကျပ်တစ်သိန်းနှုန်းနဲ့ တိုးမြှင့်ပေးဆောင်ရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် တောင်ကိုရီးယား လွှတ်တော်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ တောင်ကိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသားက မြန်မာမိန်းကလေးတစ်ဦးရဲ့နေအိမ်အထိ လာရောက်ပြီး တောင်းယူတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာထက်မှာ ပြန့်နှံလာပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
Myanmar Arysta Life Science စိုက်ပျိုးရေး ကုမ္ပဏီက လုပ်သက်နှစ် (၃၀) ကျော်အထိပါတဲ့ အလုပ်သမား (၂၈) ဦးကို EC စာချုပ်ချိုးဖောက်ကာ အလုပ်က ထုတ်ပယ်ခဲ့ပြီး အလုပ်သမားတွေက ရပိုင်ခွင့်ရှိတဲ့ကျန်ငွေတွေအတွက် အလုပ်ရှင်၊အလုပ်သမား နှစ်ဖက်ညှိနှိုင်းမှု လုပ်ဆောင်ကာ ကျပ်သိန်း (၂၆၇၀) ကျော်နဲ့ ပြေလည်မှု ရရှိခဲ့ပါတယ်။
Ooredoo Myanmar မှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ ရုတ်တရက်အလုပ်ထုတ်လိုက်လို့ အလုပ်သမားဘက်က တရားစွဲဆိုတာကို ဖေဖော်ဝါရီလ (၂၅) ရက်မှာ ရုံးချိန်းပြန်လည် ချိန်းဆိုထားပါတယ်။
ဖေဖော်ဝါရီလ (၇) ရက်နဲ့ (၈) ရက်နေ့တွေမှာ မြူဆိုင်းတဲ့ ရာသီဉတုအခြေအနေ ဖြစ်ပေါ်နိုင်တာကြောင့် အမြန်လမ်း အပါအဝင် လေယာဉ်နဲ့ သင်္သောတွေ သတိထားသွားလာဖို့ လိုအပ်တယ်လို့ ပြင်ပမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
ပြည်ပကနေ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတွေကို ကျွမ်းကျင်မှုအလိုက် ပြည်တွင်းမှာ အလုပ်ပြန်လည် ရရှိရေး ချိတ်ဆက်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အလုပ်သမားခေါ်ယူရေးမှာ ကြန့်ကြာမှုတွေရှိနေတဲ့ အတွက် အလုပ်အကိုင် ရှာဖွေပေးနေတဲ့အေဂျင်စီတွေအနေနဲ့ ပြန်စိစစ်ဖို့ စင်္ကာပူအစိုးရ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ နေရေးစားရေးခက်ခဲပြီး သောက်ရေ မရှိလို့ ချိုးရေကိုပဲ သောက်ရေအနေနဲ့ သောက်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)က သိရပါတယ်။
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ၊ မက္ခရာမင်းသားကြီးလမ်း မောင်မျိုးလမ်းမှာ ဖွင့်လှစ်ထားတဲ့ S.H United က စက်ရုံအလုပ်သမားတွေဟာ စူပါတွေရဲ့ ရက်စက်စွာဆဲဆိုကြိမ်းမောင်းပြီး လုပ်အားခတွေ ခေါင်းပုံဖြတ်ခံနေရပါ တယ်။
ဖေဖော်ဝါရီ ၆
ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား (၃၉) ဦး အဖမ်းခံခဲ့ ရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ ခွန်ပူရီခရိုင်၊ ချွန်ပူလီမြို့က မီးကြိုးစက်ရုံမှာ အလုပ်လုပ်နေရတဲ့ မြန်မာအလုပ်သမား (၁၀၀) ကျော်ဟာ နားရက်မရှိ အလုပ်ဆင်းနေရပေမယ့် အချိန်ပိုကြေးမရတာကြောင့် အလုပ်သမားရုံး (ဆဝါဒီကန်ရုံး) ကို တိုင်ကြား ထားတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ဆီက သိရပါတယ်။
အမေရိကန်နိုင်ငံမှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ရှင်အစိုးရက ပြည်နှင်မယ့် အခြေ အနေနဲ့ ထွက်ခွာတာထက် ကြိုတင်ထွက်ခွာသင့်တယ်လို့ မြန်မာသံရုံး (ဝါရှင်တန်မြို့) က အသိပေး ကြေညာထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်လိုင်းကနေ အထည်ချုပ်လုပ်ငန်းနဲ့ သွားတဲ့သူတွေအနေနဲ့ မြန်မာဘက်က အလုပ် ပွဲစားတွေရဲ့ ခေါ်ယူမှုကြောင့် တစ်ဖက်နိုင်ငံက လုပ်ငန်းခွင်ထဲ မရောက်နိုင်သေးဘဲ မူဆယ်မှာ လူပေါင်းထောင်ချီ ပိတ်မိနေပါတယ်။
 
ဖေဖော်ဝါရီ ၇
 
လှိုင်သာယာစက်မှုဇုန် Myanmar QI Yuan Garment (ရုံ၂)မှာ စက်ရုံမှာ အချိန်ပိုတွေ အတင်းအကြပ် လုပ်ကိုင် ခိုင်းနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
မလေးရှားနိုင်ငံကနေ တတိယနိုင်ငံကို အမြန်သွားရဖို့ ကူညီပေး မယ်ဆိုပြီး လိမ်လည်တာကို မယုံကြည်ကြဖို့ မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သတိပေးထားပါတယ်။
YUHUA အထည်ချုပ်စက်ရုံမှာ ကြီးကြပ်ရေးမှူးတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဖြတ်တောက်ယူတာ တွေ ဆက်လုပ်နေသလို အချိန်ပိုတွေကိုလည်း ဆက်တိုက်ခေါ်ယူနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါ တယ်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ (၁၆) ခုကို သတ်မှတ်ရက်အတွင်း ဒဏ်ကြေးပေးဆောင်မှု မရှိတာ ကြောင့် လစဉ်ဒဏ်ကြေးကျပ်တစ်သိန်းတိုးကောက်မယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
 
ဖေဖော်ဝါရီလ ၈
 
လှိုင်သာယာစက်မှုဇုန် (၂) Opal အထည်ချုပ်စက်ရုံ အမှတ်(၁) က အလုပ်သမားတွေကို အုပ်ချုပ်ရေးဝန်ထမ်း ပြည်ပနိုင်ငံသား အမျိုးသမီးတွေက ကြမ်းတမ်းရိုင်းပျစွာ ဆက်ဆံပြီး ခိုင်းစေနေတယ်လို့ စက်ရုံအလုပ်သမားတွေ က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ် ထားတဲ့ YUAN HONG Garment စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရပြီး နား ရက်မရှိဘဲ အချိန်ပိုတွေ ဆင်းပေးနေရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့တဲ့ တရုတ်နိုင်ငံသားက တရားမဝင် မိန်းမတောင်းရမ်းမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားနဲ့ စကားပြန်တွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ အရေးယူထား တယ်လို့ သိရပါတယ်။
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံကို စင်္ကာပူနိုင်ငံရဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေကတဆင့် ဖြတ်သန်းသွားလာမယ်ဆိုပါက မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ်ပြီး၊ မပြီးသေချာစိစစ်ဖို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
 
ဖေဖော်ဝါရီ ၉
 
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာ ဂျပန်နိုင်ငံသားလေးဦးကို ထိုင်း-မြန်မာနယ်စပ် တရားမဝင် ဖြတ် ကျော်ဝင်ရောက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ Bangkok Post မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ၊ မန်စီမြို့စက်မှုဇုန်မှာ Handa စက်ရုံမှာ အလုပ်ချိန် အချိန်ပိုခိုင်းပြီး အချိန်ပိုကြေးလည်း မပေးတဲ့ အပြင် အထည်စံချိန်ကိုမတရားတောင်းခံနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
တပတ်တာသတင်းအနှစ်ချုပ်ကို မမက စုစည်းထားတာပါ။

Related posts

Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ဖေဖော်ဝါရီ ၁၀- ၁၆)
Feb 16, 2025
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု ( ဖေဖော်ဝါရီ ၁၀-၁၆)
Feb 16, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် အခြေခံကုန်စည် ဈေးနှုန်းများစုစည်းမှု
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမ အပတ် တပတ်အတွင်း သတင်းအနှစ်ချုပ်
Feb 02, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမအပတ် တပတ်အတွင်း ကုန်ဈေးနှုန်း သတင်း
Feb 02, 2025
Cover
၂၀၂၅ ဇန်နဝါရီ စတုတ္ထအပတ် မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ
Jan 28, 2025
Cover
၂၀၂၅ ဇန်နဝါရီ စတုတ္ထအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Jan 28, 2025
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ၁၂-၁-၂၀၂၅)
Jan 12, 2025