NEWS

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ဖေဖော်ဝါရီ ၁၀- ၁၆)

CoverLogo
640 Views

Myanmar Labour News မှာ ဖေဖော်ဝါရီလ (၁၀) ရက်ကနေ ဖေဖော်ဝါရီလ (၁၆) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၀

Dishang Kenny Garment Co.,Ltd မှာ နိုင်ငံခြားသားတွေက တိုက်ရိုက်အုပ်ချုပ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပေးစား ပေးပို့ထားပါတယ်။

ကျင်မိန့်စက်ရုံမှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြောင်းလဲပြင်ဆင်မှု မရှိဘူးလို့ အလုပ်သမားတွေက ပေးစာ ပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား (၃၀) ကျော်ကို ထိုင်း-မလေးရှား နယ်စပ်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသားပိုင် JinKai Manufacturing (Myanmar) Co.,Ltd မှာ အချိန်ပိုကြေးပေးချေတာကို ခွဲခြားသတ် မှတ်ပေးချေတဲ့အပြင် အချိန်ပိုအိုတီမဆင်းသူတွေကိုလည်း လုပ်ငန်းခွင်တွင်းမှာ ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူထားတဲ့ လုပ်ခလစာကို အပြည့်မပေးတာကြောင့် HC အထည်ချုပ်စက် ရုံမှာ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။

CHIMEI Garment စက်ရုံမှာ QC အောစူပါက အလုပ်သမားတွေ အချိန်ပိုမဆင်းတာနဲ့ လုပ်ငန်းခွင်တွင်းမှာ ရိုင်းစိုင်းစွာ ဆဲဆိုပြောဆိုနေပါတယ်။

ဖေဖော်ဝါရီ ၁၁

San Yu အထည်ချုပ်စက်ရုံမှာ အချိန်ပို မဆင်းလို့ဆိုပြီး စူပါတွေက ရိုင်းစိုင်းစွာ ဆဲဆိုခြိမ်းခြောက်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်လူရွယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတဲ့ အဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ (၁၁) ရက်မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံသားပိုင် Hang Kei Myanmar Garment Factory Co.,Ltd မှာ အချိန်ပိုတွေ နေ့စဉ်ခေါ်ယူပြီး အထည် စံချိန်ကို ဖိအားပေးတောင်းခံနေပေမယ့် လုပ်ခလစာကို မှန်ကန်စွာမတွက်ပေးဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

လိပ်ခေါင်းရောဂါ၊ ဂရင်ဂျီနာစတဲ့ ခန္ဓာကိုယ်အောက်ပိုင်းရောဂါတွေကို ကုသပေးတဲ့ တရုတ်ဆေးခန်းတွေ ရန်ကုန် မှာ ဖွင့်လှစ်တာ ပိုများလာပါတယ်။

ဖေဖော်ဝါရီ ၁၂

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး ရာဘာခြံအတွင်း ပွဲစားက စွန့်ပစ်ခဲ့တဲ့ မြန်မာအလုပ်သမား (၈၀) ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီကတစ်ဆင့် မြန်မာလုပ်သားသစ် (၁၄၇) ဦးကို ဖေဖော်ဝါရီလ (၁၂) ရက်က ထပ်မံစေလွှတ်ခဲ့ပါတယ်။

အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူပြီးတဲ့နောက်မှာ အမျိုးသမီးတွေလည်း ပြည်ပကို တရားမဝင် သွားရောက်နှုန်း များလာပါတယ်။

ဖေဖော်ဝါရီ ၁၃

YBS ယာဉ်တွေပေါ်ကနေ နှစ်ပတ်အတွင်း ခါးပိုက်နှိုက် (၁၀၀) ကျော် ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီက သိရပါတယ်။

အနည်းဆုံးလုပ်ခလစာ (၄၈၀၀) ကျပ်နဲ့ အပိုထောက်ပံ့ကြေး (၂၀၀၀) ကျပ် ပေးချေဖို့ သတ်မှတ်ထားပေမယ့် အလုပ်ရှင်တစ်ချို့က အဲဒီနှုန်းထားအတိုင်းမပေးဘဲ ဖြတ်တောက်တာတွေ ပြုလုပ်နေပါတယ်။

ထိုင်းနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ အမျိုးသား၊ အမျိုးသမီး လုပ်သားစေလွှတ်တာကို အလုပ်သမားဝန်ကြီး ဌာနက ယာယီရပ်ဆိုင်းလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ပွဲစားက အလုပ်ရမယ်ဆိုပြီး ကွာလလမ်ပူမြို့ကို ခေါ်လာပြီး ပစ်ထားခဲ့တာကြောင့် မြန်မာ အလုပ်သမားတစ်ဦး လူကူးဂုံးကျော်တံတားပေါ်မှာ အစာငတ်ကာ ဒုက္ခရောက်မှု ဖြစ်ခဲ့ပါတယ်။

GTIG Guohua Glory Co.,Ltd  အထည်ချုပ်စက်ရုံမှာ ထိခိုက်မှု ကြုံခဲ့ရတဲ့ လုပ်သက် (၆) နှစ်ကျော်ရှိတဲ့ အလုပ်သမားကို စက်ရုံဘက်က တာဝန်ယူကုသပေးဖို့ ဆက်လက်ငြင်းဆိုနေပါတယ်။

ထိုင်းနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကူညီပေးမယ့်သူ ရှားပါးလာတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် ကျင့်မိန်အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ပြောဆို သူတွေကို အသိပေးဖို့ အလုပ်ရှင်ဘက်က ဖိအားပေး အကြပ်ကိုင်နေပါတယ်။

ဖေဖော်ဝါရီ ၁၄

ပြီးခဲ့တဲ့ ဇန်နဝါရီလတွင်းမှာ စက်ရုံလုပ်ငန်းသတင်း ၂၆ ပုဒ်ဖော်ပြခဲ့ပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံလုပ်ငန်း ၂၅ ခုပါဝင်နေပါတယ်။ ဒီစက်ရုံတွေကတော့ အထည်ချုပ်စက်ရုံ ၂၂ ရုံ၊ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု၊ ဖြန့်ချီရေးလုပ်ငန်းတစ်ခုနဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီတစ်ခုတို့ ပါဝင်တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စမူပကန် ကျက်လစင်က MINISO (တံဆိပ်ကပ်စက်ရုံ) မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား (၁၀) ‌ဦးရဲ့ လုပ်ခလစာကို ပွဲစားက ယူသွားတဲ့အပြင် အလုပ်ကပါ ထုတ်ခံရတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။

CDM  ဝန်ထမ်းတွေ အလုပ်ခန့်လို့ဆိုပြီး  ရန်ကုန်နဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း (၁၆) ခုကို ယာယီပိတ်ဖို့ စစ်ကောင်စီက ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

ဆိုင်ခန်းငှားရမ်းခတွေ မြင့်တက်လာတာကြောင့် တစ်နိုင်တပိုင် လက်လီအရောင်းဆိုင်တွေ ဆက်လက်ရပ်တည်ဖို့ အခက်တွေ့နေရပါတယ်။

အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကို အကျဉ်းဦးစီးဝန်ထမ်းတွေက ဖုန်းနဲ့ ဆက်သွယ်ပြီး ငွေကြေးတောင်းယူတာတွေကို ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း ရတ်ချဘူရီပြည်နယ်၊ ဖတ်ကဆမ်လမ်းပေါ် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား (၁၀၀) ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

Mirae or New Way အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဒေးကြေးတိုးပေးဖို့ လုပ်ငန်းခွင်တွင်းမှာ တောင်းဆိုမှု လုပ်ခဲ့ပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံ မဲဆောက်ထဲကို မြဝတီကတစ်ဆင့် သောင်းရင်းမြစ် ဖြတ်ကူးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အလုပ်သမား (၂၃) ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်က ထုတ်ပယ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံကို နစ်နာသူတွေက ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ရလိုမှုအတွက် ပြန်လည်တောင်းဆို လိုက်ပါတယ်။ 

စစ်ကောင်စီက အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ယာယီနေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ရတဲ့ပြည်သူတွေကို တစ်ဦး ကို ထောက်ပံ့ကြေး ကျပ်နှစ်သောင်းနှုန်းနဲ့ တစ်နှစ်ကြာ လစဉ်ထောက်ပံ့မယ်လို့ အသိပေးထားပါတယ်။

Dong Yu အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေကို ည (၁၁) နာရီထိ ဆက်တိုက်ခေါ်ယူနေပြီး အချိန်ပိုမဆင်းပါက ဝမ်တိန်ထိုးခိုင်းနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

CTUM အမည်၊ အမှတ်တံဆိပ်၊ အလံ၊ ကိုယ်ပိုင်အလံနဲ့ ပိုင်ဆိုင်မှုတွေကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ ဖြစ်စေ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ သုံးစွဲပါက ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာတရားဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသားပိုင် Eslite Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စက်ရုံဘက်က ပြင်ပအဖွဲ့အစည်းတွေကို ပေးပို့တာတွေ လုပ်ဆောင်နေလို့ အလုပ်သမားတွေက ထပ်မလုပ်ဖို့ လိုလားနေပါတယ်။

ဖေဖော်ဝါရီ ၁၆

SAFETY CLOTHING အထည်ချုပ်စက်ရုံမှာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အလုပ်မှ မကြာခဏထုတ်ပယ်နေတာကြောင့် အလုပ်အကိုင်အာမခံချက်မရှိဘဲ စိုးရိမ်မှုတွေနဲ့ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

Myanmar Jiale Fashion အထည်ချုပ်စက်ရုံမှာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ၊ အချိန်ပိုအိုတီအတင်းအကျပ် ဆင်းရန် ခိုင်းစေနေတာ လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်မရတာ အချို့အလုပ်သမားတွေကို အီးစီ စာချုပ်ချုပ်မပေးတာ တွေအပြင် နေ့စားအလုပ်သမားတွေ ခန့်ထားပြီး အော်ဒါပြတ်သွားပါက အလုပ်မှ ထုတ်ပယ်တာတွေ လုပ်ဆောင်နေလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

တပတ်တာ သတင်းအနှစ်ချုပ်ကို မမက စုစည်းပေးထားတာပါ။ 

 


Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026