NEWS

စစ်မှုထမ်း အပတ်စဉ် ၅ အတွက်ဟုဆိုကာအမျိုးသမီးတွေကို စာရင်းကောက်

CoverLogo
494 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များတွင် စစ်မှုထမ်း အပါတ်စဉ် ၅ အတွက်ဟုဆိုကာ အမျိုးသမီးတွေကို စစ်မှု ထမ်းဖို့အတွက် စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံ က သိရပါတယ်။

ထိုသို့ စာရင်းကောက်ယူရာတွင် လူလွတ် အမျိုးသမီးတွေသာမက အိမ်ထောင်ရှိ အမျိုးသမီး တွေ နဲ့ ကလေးအမေ များ ပါ ပါရှိတယ်လို့ဆိုပါတယ်။

"ကျွန်မတို လမ်းထဲ မှာ လူလွတ်တွေကော   ကလေး အမေ တွေကော ပါတယ် စာရင်းကောက်တာတောင် မဟုတ်ဘူး မဲနှိုက်ရမယ့် စာရင်းထဲပါတယ်ဆိုပြီး ရာအိမ်မှူး က လိုက်ပြောတာ ကလေးအသက် ၁၀ နှစ်နဲ့ အထက်ရှိတဲ့ ကလေးအမေ တွေပါတယ်။အခု စာရင်းထဲပါတယ်ဆိုတဲ့ အမျိုးသမီးတွေက အသက်၂၀ ဝန်းကျင်တွေ
စစ်မှုထမ်းရမယ့်အထဲပါတယ်ဆိုတော့ လန့်နေကြတာပေါ့ အမျိုးသားတွေတောင်အဆင်မပြေတာ အမျိုးသမီး တွေ ဆိုတော့ ပိုပြီး စိုးရိမ်ကျတာပေါ့ " လို့ လှိုင်သာယာမြို့က  ပြည်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ အမျိူးသားများကို အသက်၁၈နှစ်မှ ၃၅နှစ်အထိလည်းကောင်း၊ အမျိုးသမီးများကို အသက်၁၈နှစ်မှ ၂၇နှစ် အထိ လည်းကောင်း စစ်မှုထမ်းရန် သတ်မှတ်ထားပြီး အမျိူသမီးများ ကို စစ်မှုထမ်း အပါတ်စဉ် ၅ တွင် စတင်ခေါ်ယူမယ်လိုပြောဆိုထားကာ လက်ရှိတွင် မြေပြင် မှာတော့ အမျိုးသမီး တွေကို  စစ်မှုထမ်း ရန် စာရင်းကောက်ယူတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

 


Related posts

Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025