ယခင်၂၀၂၁ခုနှစ်မတ်လပိုင်းအတွင်းမှာစက်ရုံမီးလောင်မှု့ဖြစ်ပြီးနောက် ၇လအကြာစက်ရုံပိတ်သိမ်း ခဲ့ရတဲ့အပေါ် စက်ရုံပိုင်ရှင်တွေအနေနဲ့လုပ်သားတွေအပေါ် စက်ရုံပိတ်သိမ်းတဲ့ကာလအတွက်နစ်နာကြေးမပေးပဲငြင်းဆန်နေလို့ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှု့ဇုန်ထဲမှာလုပ်ကိုင်နေတဲ့ GTIG-EASTAR အထည်ချုပ််စက်ရုံကအလုပ်သမားထောင်နဲ့ချီပြီးအခက်ကြုံနေရတယ်လို့သိရပါတယ်။
"ကျတော်တို့ကသွားညှိတယ် စက်ရုံပိတ်လိုက်တဲ့ကာလမှာအလုပ်သမားတွေအခက်အခဲတွေ့ရတာတွေရှိတယ်အဲ့ဒါတွေအတွက်နစ်နာကြေးပေးဖို့ပြောတော့သူတို့ဖက်က စက်ရုံပိတ်တာမီးလောင်လို့ပိတ်တာလစာမဲ့လို့ အဲ့တုန်းကစာကပ်ထားတယ်ဆိုပြီးငြင်းတယ်"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးကဆိုပါတယ်။
စက်ရုံမှာမီးလောင်ပြီးနောက် ၇ လနီးပါးကြာမြင့်မှသာစက်ရုံအလုပ်သမားတွေကိုပြန်လည်ခေါ်ယူတာဖြစ်ပြီး နယ်ဝေးအနီးသုံးရက်နောက်ဆုံးထားပြီးခေါ်ယူတာဖြစ်တဲ့အတွက်နိုင်ငံရေးခြေအနေကြောင့်ပြန်လာဖို့အဆင်မပြေတဲ့အလုပ်သမားအများစုအလုပ်ပြုတ်သွားခဲ့ရတယ်လို့လဲသိရပါတယ်။
"ပြန်လာတဲ့လူတွေကျတော့လဲတခြားလိုင်းတွေမှာခိုင်းတာတွေရယ် နယ်ဝေးကလူတွေဆိုလဲသုံးရက်ပဲအချိန်ပေးတာဆိုတော့ထွက်ကုန်ကြတာရယ် ပြုတ်ကြတာရယ်ဆိုရင်ခုလူဟောင်းကစက်ရုံမှာ ငါးရာလောက်ပဲကျန်တယ်"လို့စက်ရုံဝန်ထမ်းတဦးကထပ်ပြောပါတယ်။
အဆိုပါစက်ရုံမှာယခင်ကဝန်ထမ်းပေါင်း ၁၉၇၀ နီးပါးရှိပြီးယခုလက်ရှိအချိန်မှာတော့ ဝန်ထမ်း ၁၀၀၀ ဝန်းကျင်နဲ့ဆက်လက်လည်ပတ်လုပ်ကိုင်နေတယ်လို့သိရပါတယ်။
"တခြားလုပ်သားအခွင့်အရေးချိုးဖောက်ခံနေရတာတွေလဲရှိတယ် အရင်ကစူပါတယောက်ဆို စူပါရာထူးကနေအဖြုတ်ခံရပြီးတော့လိုင်းသားတွေနဲ့အတူတူ ရာထူးချလိုက်တယ် ဝမ်တိမ်ထိုးတာ ၃ ခါရှိပီတဲ့ သိရသလောက်ကတော့ သူထိုးထားတဲ့လက်မှတ်မှာတရားဝင်တာဘာတစ်ခုမှမပါဘူး"လို့ GTIG-EASTAR ရဲ့ဝန်ထမ်းတဦးကMLNကိုပြောပါတယ်။
ဒါ့အပြင်အလုပ်သမာတွေတောင်းဆိုတဲ့အလုပ်ပိတ်သိမ်းစဥ်ရရှိရမယ့်ကြားကာလနစ်နာကြေးကိုEUကထောက်ပံ့ကြေးငါးသောင်းကျော်နဲ့နှိမ်လိုက်ကြဖို့စက်ရုံဖက်ကပြောဆိုတယ်လို့လဲသိရပါတယ်။
အဆိုပါစက်ရုံမှာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီးTESCO Brand သားရေ အနွေးထည်တွေအပါအဝင် OVS, KIABI, C&A, TESCO, ZARA, House ၊ F&F Brand စတဲ့ အမှတ်တံဆိပ်တွေကိုလဲချုပ်လုပ်ပြီး နိုင်ငံခြားကိုတင်ပို့နေတဲ့ကုမ္ပဏီတခုဖြစ်တယ်လို့သိရပါတယ်။