NEWS

ငလျင်ကြောင့် မန္တလေး တက္ကသိုလ်  ပြိုကျပြီး မီးလောင်မှု ဖြစ်ပွားနေ

CoverLogo
140 Views

မန္တလေးမြို့ရှိ မန္တလေး တက္ကသိုလ် ငလျင်လှုပ် ကြောင့် မီးလောင်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ ထံ ကသိရပါတယ်။

 

ယနေ့ မွန်းတည့် ၁၂နာရီ ၅၀မိနစ်ခန့် က စစ်ကိုင်းမြို့ကို ဗဟိုပြုကာ  ပြင်းအား ၇ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် မန္တလေးမြို့အတွင်း အဆောက်အဦး ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်သလို မန္တလေး တက္ကသိုလ် အတွင်း မှာလည်း အဆောက်အဦး အချို့ မီးလောင်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

""အထဲ မှာ စာစစ်နေတဲ့ ဆရာ ဆရာမ တွေ ပိတ်မိနေပါတယ် မီးကအတော်များတယ် ""လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

လက်ရှိမှာ မြို့နယ် မီးသတ်တပ်ဖွဲ့ တွေက မီးငြိမ်းသတ် ရန် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

မန္တလေး မြို့ အတွင်းမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု တွေ မီးလောင်မှုတွေ  နဲ့ ပိတ်မိနေသူတွေ  အတွက် ကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင်ပေးဖို့ အတွက် အကူညီတွေ များစွာလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

Photo-လူမှုကွန်ယက်


Related posts

Cover
ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လာ
Mar 31, 2025
Cover
ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ
Mar 31, 2025
Cover
ရန်ကုန်မြို့တွင် ၄ နာရီ အလှည့်ကျ လျှပ်စစ်မီးဖြန့်ဝေပေမဲ့ မိနစ် အနည်းအငယ်သာ သုံးခွင့်ရ
Mar 31, 2025
Cover
မြန်မာနိုင်ငံတစ်ဝှမ်း အင်အားပြင်း ငလျင် လှုပ်ခတ်မှုဖြစ်ပွား  ပျက်စီးဆုံးရှုံးမှု များပြားနိုင်
Mar 28, 2025
Cover
ရန်ကုန်တွင် လျှပ်စစ်မီးကို ၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် ဓာတ်အား  ဖြန့်ဖြူးမှု ပြန်လည်လုပ်ဆောင်
Mar 25, 2025
Cover
ဇွဲကပင်တောင်ခြေ တောမီးလောင်မှု အခြေ အနေ ထိန်းထားနိုင်ပြီဟုဆို
Mar 25, 2025