NEWS

New Plus အထည်ချုပ် စက်ရုံ  တနင်္ဂနွေ နားရက်မှာ လုပ်ကိုင်ခိုင်း၊ နားချိန်ကို ငွေကြေးနှင့် ဝယ်ယူ ခိုင်းစေနေ

CoverLogo
234 Views

New Plus အထည်ချုပ် စက်ရုံကပါရှင့် ။ အကူအညီ တောင်းတာပါ ရှင့် ။
စက်ရုံက သာဓုကန်စက်မှုဇုန်၊  ကျောက်စိမ်းလမ်း နွားခြံမှတ်တိုင်အနီး မှာပါ။  တရုတ်နိုင်ငံသားပိုင် စက်ရုံပါ ။ အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိပါတယ်။ 
စက်ရုံက အချိန်ပိုတွေ တနင်္ဂနွေနေ့တိုင်းခေါ်တယ်။ တချို့အလုပ်သမားတွေကြ တနင်္ဂနွေနေ့ နားချင်ကြပါတယ်ရှင့်။  နားလိုက်ရင်လည်း တခြား အချိန်ပို ဆင်းထားတဲ့လူတွေကို  အမှီလိုက်လုပ်ဖို့ မလွယ်တော့၊ မဆင်းချင်လည်း ဆင်းကြရတယ် ။ ဒီလို ဖြစ်အောင်လည်း စက်ရုံဘက်က သေချာ စီစဉ်ထားတာပါရှင့်။ 
ခုလဲ တနင်္ဂနွေနေ့  လာဆင်းတဲ့သူပဲ ဆန်နဲ့ ဆီပေးမယ်လို့ ပြောပါတယ်ရှင့် ။  လာမဆင်းတဲ့သူကို မပေးဘူးဆိုပြီး   ပြောပါတယ်။  ဒါက ခွဲခြားဆက်ဆံတာပါ။ 
တနင်္ဂနွေနေ့တိုင်း  အချိန်ပို ခေါ်တာပါ။ 
အခုကာလက ကျပ်တည်းကြတယ်၊ ဆန်နဲ့ဆီပေးမယ် ဆိုတော့ ဝမ်းသာကြပါတယ်။ တနင်္ဂနွေနေ့  လာဆင်းမှ ဆန်ပေး ဆီပေးမယ်ဆိုတာကတော့ ယုတ်မာတာပါရှင့် ။ တကယ်ပေးချင်တဲ့ ဆန္ဒရှိရင် စက်ရုံက စာရင်းရှိ ဝန်ထမ်းတိုင်း ပေးရမယ်လို့ မြင်ပါတယ်။ 
ဒါကို စက်ရုံဘက်က အချိန်ပို မဆင်း၊ ဆင်းအောင် လုပ်နေတာပါ။  
တနင်္ဂနွေနေ့ အချိန်ပို ခိုင်းတာ ၅လပိုင်း  ကတည်းကပါ။ ကြားမှာ  နားရက်တွေ  ပြန်မပေးပါဘူး။
စနေနေ့ဆို ညနေ ၆နာရီခွဲထိ တရုံလုံး အချိန်ပိုခေါ်တယ်။ ညနေ ၄နာရီခွဲ ပြန်တဲ့သူတွေကို ဖယ်ရီ မပေးပါဘူး ။ 
ညဘက်ဆိုလဲ ပုံမှန် ည၇နာရီထိပဲ ဆင်းရမှာကို ညတိုင်း  ၈  နာရီ  အထိ နေ့တိုင်းခေါ်တယ်။  
ည ၈ နာရီအထိ အချိန်ပိုခေါ်တာ ပြီးခဲ့တဲ့ တပတ်ကျော်ကတည်းကပါ။ ရှေ့လျောက် ည ၈ နာရီ အထိ ခေါ်သွား မယ်  ပြောနေလို့ပါတယ်ရှင့် ။ 
နေ့လယ် ထမင်းစားချိန် နာရီဝက်ပြီးကတည်းက ည ၈ နာရီအထိ မနားတန်းလုပ်ရပါတယ်။ နားချိန် နာရီဝတ်ကို အချိန်ပိုခ ပေးထားပြီး ခိုင်းတာပါ။ အလုပ်သမားတွေရဲ့ သဘောတူညီမှုနဲ့ ဆိုပြီး လုပ်ခိုင်းတာပါ။  စက်ရုံ ဘက် ကျွေးမွေးတာမရှိပါဘူး။  အထည်မပေးနိုင်မှာဆိုးလို့ စက်ချုပ်သမားတွေ အပြင်ထွက် မုန့်မစားကြပါဘူး ။ 
 စံချိန်တွေကတော့ တောင်းပါတယ်ရှင့်။ စူပါနဲ့ တရုတ်တွေအပြောလွတ်အောင် အလုပ်သမားတွေ လုပ်ကြရတာပဲ။ 
စနေ ညနေ ၄ခွဲ ပြန်တဲ့သူကို ဖယ်ရီမပေးပါဘူး။ အချိန်ပို ၆ နာရီခွဲ ဆင်းမှ ဖယ်ရီနဲ့ ပြန်ရပါတယ်ရှင့်။ 
စက်ချုပ်ရတဲ့သူတွေက ပိုသနား ဖို့ ကောင်းတယ် ဖင်နဲ့ခုံ မခွာအားပါဘူး။  စက်ရုံမှာ WCC အဖွဲ့ရှိပါတယ် ရှင့်။ 
သေသေချာချာ စစ်ဆေးပေးပါ၊ တောင်းဆိုပါတယ် ရှင့်။  


Related posts

Cover
Myanmar SHIN WON GARMENT အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ
Sep 16, 2024
Cover
ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးရန် MYANMAR BAG စက်ရုံငြင်းဆို
Sep 15, 2024
Cover
ကျော်ကျော်နှင့် ဇော်ဇော်
Sep 13, 2024
Cover
အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ
Sep 12, 2024
Cover
တနင်္ဂနွေပိတ်ရက် အချိန်ပို မဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ဖိအားပေးဟုဆို
Sep 12, 2024
Cover
Lian Fa (Myanmar) အထည်ချုပ်စက်ရုံ ဝန်ကြီးဌာနသတ်မှတ်သည့် ထောက်ပံ့ကြေး မပေး
Sep 12, 2024
Cover
New Plus အထည်ချုပ် စက်ရုံ အောနိုက် ရက်ရှည် လုပ်ကိုင်ခိုင်းနေ
Sep 11, 2024
Cover
အလုပ်သမား ၁၀၀၀ ကျော်ကို ည ၁၂ နာရီအထိ အချိန်ပို ၂ လ ဆင်းခိုင်းပြီး အချိန်ပိုကြေးမရှင်းပေး ကိုယ်ဝန်ဆောင်တွေကို မီးဖွားခွင့်မပေးဘဲအလုပ်ထုတ်
Sep 10, 2024