NEWS

Creative Sewing Garment စက်ရုံက လျှပ်စစ်မီးပျက်၍ ပိတ်ခဲ့ရသည့် ရက်အတွက် အစားပြန်ဆင်းခိုင်း၊ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ

CoverLogo
849 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က Creative Sewing Garment အထည်ချုပ်စက်ရုံက မီးပျက်တာကြောင့် စက်ရုံပိတ်ခဲ့ရတဲ့ ရက်အတွက် အစားထိုးပြန်ဆင်းပေးရမယ်လို့ ပြောဆိုတာကြောင့် စက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြတောင်းဆိုနေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က Creative Sewing Garment စက်ရုံမှာ လျှပ်စစ်မီးပျက်နေသလို့ မီးစက်လည်း ပျက်နေတာကြောင့် စက်ရုံလည်ပတ်မှု မရှိဘဲ အလုပ်ပိတ်ခဲ့ရတယ်လို့ စက်ရုံအလုပ်သမား တွေက ပြောဆိုထားတာပါ။ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်မှာတော့ Creative Sewing Garment စက်ရုံ HR မန်နေဂျာက မီးပျက်လို့ စက်ရုံ ပိတ်ခဲ့ရတဲ့ရက်အတွက် စက်တင်ဘာလ ၂၄ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေကို အစားထိုး အလုပ်ဆင်းဖို့ ပြောဆိုတဲ့အတွက် စက်ရုံက အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေတာလို့ FGWM ဆီက သိရပါတယ်။

Creative Sewing Garment စက်ရုံဟာ ရန်ကုန်တိုင်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း မှာ ဖွင့်လှစ်လုပ်ကိုင်နေပြီး O`NEILL ၊ ZR ကုန် အမှတ်တံဆိပ်တွေ ချုပ်လုပ်နေ တယ်လို့ သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025