NEWS

ပဲခူးက ခွဲစိတ်ခန်း ကာကွယ်ရေးသုံး ဝတ်စုံများ ချုပ်လုပ်တဲ့ GNS (Bago) Healthcare စက်ရုံလုပ်သားတွေဖိနှိပ်ခံရမှုတွေများလာလို့တောင်းဆိုချက် ၈ ချက်တောင်းဆို

CoverLogo
771 Views

ပဲခူးအဝိုင်း ရွာမကွင်း  အဝိုင်းကျေးရွာအုပ်စုမှာဖွင့်လှစ်ထားတဲ့  ခွဲစိတ်ခန်း ကာကွယ်ရေးသုံး ဝတ်စုံများ ချုပ်လုပ်တဲ့ GNS (Bago) Healthcare စက်ရုံက အလုပ်သမားများ ဖိနှိပ်ခံရမှုတွေများလာလို့တောင်းဆိုချက်၈ချက်တောင်းဆိုလိုတယ်လို့သိရပါတယ်။

GNS (Bago) Healthcare Co,Ltd စက်ရုံဟာ  အလုပ်သမား ၃၀၀ ကျော်ဖြင့် လုပ်ငန်းလုပ်ကိုင်နေပြီး စက်ရုံတွင် ခွဲစိတ်ခန်း ကာကွယ်ရေးအသုံပြုသော ဝတ်စုံများ ချုပ်လုပ်နေတာဖြစ်ပါတယ်။

"တနင်္လာ  ဗုဒ္ဓဟူးနေ့ သောကြာနေ့တွေဆိုရင် စက်ရုံကိုယ်ပတ်ပြေးရတယ် ၊ ဘာလို့ပြေးခိုင်းလည်းမေးရင် အားရှိအောင်လို့ပြောပါတယ်။ ပြေးခိုင်းလို့ကိုယ်ဝန်‌ဆောင်သည် နှစ်ဦးကိုယ်ဝန်ပျက်ကျသွားသည့်အထိ ဖြစ်သော်လည်း စက်ရုံဘက်က ဘာမှတာဝန်ယူမှုမရှိတဲ့ အပြင်  ဘာမှလုပ်မပေးဘူး လို့လည်းပြောသွားတယ် ။ စက်ရုံအိမ်သာထဲမှာ လက်ဆေးဆပ်ပြာအလုံအလောက် မထားပေးတာ၊  အိမ်သာမှာအမြဲရေစိုနေတော့ ကိုယ်ဝန်ဆောင်ချော်လဲပြီး ကိုယ်၀န်ပျက်ကျတာ  ကိုယ်ဝန်ဆောင်အလုပ်သမား တွေကိုလည်း အလုပ်ထွက်စာမှာ ကိုယ့်သဘောနဲ့ကို အလုပ်ထွက်ကြောင်း လက်မှတ်အတင်းထိုးခိုင်းပြီး အလုပ်ထုတ်ပစ်တယ်'"လို့ အလုပ်သမားတစ်ဦးက ထုတ်ဖော်ပြောဆိုလာပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်တဲ့အထိ စံချိန်များတိုးတောင်းခြင်း၊ စက်လိုင်းတစ်လိုင်းလျှင် ချည်းမွှေးညှပ်၊ အထည်စစ်ပါ ၃၇ ဦးကို  တစ်လိုင်းလုံးစံချိန် တစ်နေ့လျင် အထည်(၄၃၀၀) ပေးရခြင်း၊ တောင်းခံသည့်စံချိန် (၄၃၀၀) အထည်ပေးနိုင်လျှင် အလုပ်ရှင်ဘက်မှ တစ်နေ့ကို အလုပ်သမားတစ်ဦးကို (၆၀၀) ကျပ်အပါ ဒေးကြေး (၄၈၀၀) ထဲပေါင်းကာ (၅၂၀၀)ကျပ်ပေးမည်ဆိုပေမဲ့ ပယ်ထည်ရှိလာပါက စံချိန်ဘယ်လောက်ပဲပြည့်ပါစေ စံချိန်မီကြေးပေးဆောင်ခြင်းမရှိဘူးလို့သိရပါတယ်။

ဒါ့အပြင် စံချိန်မရလျှင်လည်း စူပါ၊ အောစူပါများမှ ဆဲဆိုခြင်း၊ မခံနိုင်အောင် ရိုင်းစိုင်းစွာပြောခြင်း၊ ပဲထည်ကျလျှင်လည်း ဝမ်တိန်ထိုးခိုင်းခြင်း၊ ဆဲဆိုခြင်းများ ၊လူတစ်ဦး စံချိန်ဆိုလျှင် အထည် (၁၀၀)မှ (၁၂၀) အထိ တောင်းခံခြင်း၊ ထိုအထည်များမှာ ခက်ခဲသော ပွိုင့်များဖြစ်ပါသည်။ ABCကြေးပေးထားသော်လည်း A အဆင့် (၈၀၀)ကျပ်၊ B အဆင့် (၅၀၀) ကျပ် C အဆင့် (၃၀၀) ကျပ်၊ Dအဆင့်ဆိုရင်ပေးမထားခြင်း၊  ABC အဆင့် သတ်မှတ်ထားသော်လည်း ကျွမ်းကျင်မှုအပေါ် ပေးထားခြင်းမဟုတ်ပဲ ပွိုင့်တစ်ပွိုင့်မှာဆိုလျှင် တစ်ယောက်ထဲနေရတဲ့ ပွိုင့်ဆို C ပေးရမည်၊ နှစ်ယောက်နေတဲ့ ပွိုင့်ဆို B,Cပေးရမည်၊  သုံးယောက်နေတဲ့ ပွိုင့်ဆို B,C,Dပေးရမည်၊ လေးယောက်နေတဲ့ ပွိုင့်ဆို A,B,C,D ပေးရမည်ဟု အဲ့လို့သတ်မှတ်ချက် ဇယားဆွဲပြီး အလုပ်သမားတွေကိုလည်း ရှင်းပြမထားဘဲစူပါတွေဘဲသိခွင့်ရှိခြင်း၊ A,B,C,D အဆင့်ကိုလည်း နေ့တိုင်းမပေးထားဘဲ တစ်လမှာ (၁၀) ရက်ပဲပေးတယ်လို့ ဆိုပါတယ်။

အလုပ်သမားများ ခံစားခွင့်ရှိတဲ့ ရှောင်တစ်ခင် ခွင့်ယူလျှင် လစာထဲတွင်  ခွင့်တိုင်းထားသည့် ပျက်ရက်အတွက် တစ်ရက်ပျက်လျှင် (၄၈၀၀) ကျပ် ဖြတ်တောက်ခြင်း၊ ရက်မှန်ကြေး နှစ်ရက်ပျက်လျှင် (၇၅၀၀) ကျပ်ဖြတိတောက်​ခြင်းနဲ့
အချိန်ပိုအိုတီကြေးဟာ ဘယ်နှစ်နာရီချုပ်ရချုပ်ရ တစ်နာရီစာဘဲပေးမည်ဆိုကာ လုပ်ငန်ခွင်အတွင်း ဖိနှိပ်မှုများ ခွဲခြားဆက်ဆံမှုများ၊ မခံမရပ်နိုင်အောင် ပြောကြားခြင်းကြောင့် စက်ရုံတွင် အလုပ်သမား တည်မြဲမှုမရှိခြင်း၊  အသစ်ဝင်လိုက်ထွက်လိုက်နဲ့  ဖြစ်နေခြင်းများဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း  ထိခိုက်မှုကြောင့် လက်ပြတ်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းတွေကိုလည်းတာဝန်ယူခြင်းမရှိဘဲ ဘယ်သူ့မှမသိအောင် အလုပ်ရှင်ဘက်မှ ဖုံးဖိထားကာ  အလုပ်သမားများကိုယ်တိုင် မိမိကြိုက်သော ကိုယ်စားလှယ်ကို မဲပေး မရွေးချယ်ရဘဲ အလုပ်ရှင်ဘက်မှ WCCဖွဲ့စည်းထားပြီး အလုပ်သမားဘက်ကာကွယ်ပေးမှုမရှိဘူးလို့လည်းသိရပါတယ်။

အဲ့ဒီလိုနည်းလမ်းပေါင်းစုံဖိနှိပ်ခံရမှူများကြောင့် အလုပ်သမားများက

၁။   အလုပ်သမားများ ခံစားခွင့် ရှိသော ဥပဒေပါခံစားခွင့် ပေးရန်။
၂။ အပြစ်တစ်စုံတစ်ရာမရှိပဲ ကိုယ်ဝန်ဆောင်များ အလုပ်မှထုတ်ပယ်ခြင်း မပြုလုပ်ရန်။
၃။အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်သော စံချိန်ကို တောင်းခံပြီး၊ အလုပ်သမားများ ဂုဏ်သိက္ခာမရှိတော့အောင် ပြောဆိုခြင်း မပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ မသိပဲ ရွေးချယ်ထားသော wccကို ပြန်လည်းရွေးချယ်ရန်။
၅။ လုပ်ငန်းခွင်ထဲတွင် အပူအအေးမျှတအောင် စီမံပေးရန်။
၆။ လုပ်ငန်းခွင်ထိခိုက်မှုရှိလျှင် အလုပ်ရှင်မှ တာဝန်ယူဆောင်ရွက်ရန်
၇။ A,B,C,D အဆင့်များ သတ်မှတ်ရာတွင် ကျွမ်းကျင်မှုပေါ်မှုတည်ပြီး ပွင့်လင်းမြင်သာမှုဖြင့် လုပ်ဆောင်ရန်။
၈။ စူပါ၊ အောစူပါများမှ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆို ဆက်ဆံခြင်းမပြုရန်စတဲ့ တောင်းဆိုချက်၈ချက်ကို တောင်းဆိုလိုက်တယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
လှိုင်သာယာ နဝဒေး အိမ်ရာအားဗဟိုပြုကာ တရုတ်နိုင်ငံသားများနှင့် ဖူးစာဖက်ရှာဖွေပေးသည့် အကျိုးဆောင် လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ
Aug 22, 2024
Cover
စားအုန်းဆီလက်ကားရည်ညွှန်းစျေး တပိဿာ ၆၁၇၀ သတ်မှတ်၊ ပြင်ပပေါက်စျေး ၁၈၀၀၀ အထိ မြင့်တက်လာ
Aug 21, 2024
Cover
ပဲခူးမြစ်ရေ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်ရှိမည်ဟုမိုး/ဇလ ထုတ်ပြန်
Aug 20, 2024
Cover
စက်သုံးဆီ ပြတ်လပ်မှု ရက်ရှည်လာပြီး လုပ်ငန်းနယ်ပယ်အသီးသီး ထိခိုက်လာ
Aug 18, 2024
Cover
အိမ်သုံးဂတ်စ် (LPG) ဈေးနှုန်းများ ထပ်မံမြင့်တက်လာ
Aug 16, 2024
Cover
စက်သုံးဆီသတ်မှတ်စျေး မြင့်တက်၊ ပြင်ပပေါက်စျး တလီတာ ၉၀၀၀ ကျပ်အထိ ပေးဝယ်နေရ
Aug 16, 2024
Cover
စက်သုံးဆီဈေးတက်လို့ ဘေးတွဲယာဉ်မောင်းတွေ အခက်တွေ့
Aug 13, 2024
Cover
ဆန်ဈေးတင်ရောင်းလိုဆိုကာ  ဂျပန်နိုင်ငံသားကို ထောင်ဒဏ် ၁ နှစ်နှင့် ငွေဒဏ် ၅ သိန်းကျပ် ပြစ်ဒဏ်ချ
Aug 12, 2024