NEWS

စက်သုံးဆီ ပြတ်လပ်မှု ရက်ရှည်လာပြီး လုပ်ငန်းနယ်ပယ်အသီးသီး ထိခိုက်လာ

CoverLogo
425 Views

ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုဟာ ရက်ရှည်လာပြီး လုပ်ငန်းနယ်ပယ်အသီးသီးမှာ ထိခိုက်မှုတွေ ရှိလာပါ တယ်။ လက်ရှိမှာ စက်သုံးဆီ ပြတ်လပ်မှုဟာ ရက်ရှည်နေပြီး ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးနှုန်းတွေက လည်း မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ 


ဒီအခြေအနေကြောင့် အငှားယာဉ်မောင်းတွေ၊ ကယ်ရီပြေးဆွဲသူတွေ၊ ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ် ကိုင်ရသူတွေနဲ့ မော်တော်ယာဉ် အသုံးပြုရတဲ့ လုပ်ငန်းတွေနဲ့ စက်သုံးဆီသုံးစွဲနေရတဲ့ စက်မှုလုပ်ငန်းတွေမှာပါ ထိခိုက်မှု ရှိလာတာပဲ ဖြစ်ပါတယ်။
“လုပ်ငန်းက ရပ်လိုက်လို့လည်း မရဘူးလေ။ ဖောက်သည်ပျက်ကုန်မယ်။ ပစ္စည်းမပို့ရတဲ့ရက်လေးတွေ ကားဆီလိုက်တိုးပေါ့။ နောက်ပြဿာနာတစ်ခုက အခြေအနေကြောင့်ဆိုပြီး ပစ္စည်းပို့ခတွေကို ဈေးတက်လို့မရဘူး။ ရေရှည်တော့ မပြောတတ်ပေမယ့် အခုကတော့ တော်တော်အဆင်မပြေဘူး”လို့ delivery လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။


လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် တက္ကစီယာဉ်မောင်းတစ်ချို့လည်း ပုံမှန်ပြေးဆွဲနိုင်မှု မရှိသလို ဈေးနှုန်း ကြီးနေတာကြောင့်လည်း ခရီးသည်ရရှိမှု နည်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင် ကယ် ကယ်ရီပြေးဆွဲသူတစ်ချို့လည်း ရပ်နားရသလို ပြင်ပပေါက်ဈေးနဲ့ ဓာတ်ဆီဝယ်ယူအသုံးပြုရတာကြောင့် ကယ်ရီခတွေ ဈေးတက်နေပါတယ်။


“ကျောင်းဖယ်ရီ ယူထားတော့ တစ်နေကုန်လည်းလိုက်ပြီး တန်းစီလို့ မရဘူး။ အပြင်ကချည်း ဝယ်ထည့်နေရတော့ ရတဲ့ဖယ်ရီခနဲ့ မကိုက်ဘူး။ အခုဆို ကလေးမိဘတွေကို တောင်းပန်ထားရတယ်။ ဘယ်လိုမှ ဆီမရတော့လို့ပါ။ ဝယ်ဖို့ကို ခက်နေလို့ပါပြောပြီး မေတ္တာရပ်ခံရတယ်။ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်လောက်ပဲ အဆင်ပြေမှာ၊ ရေရှည်တော့ မလွယ်ဘူး”လို့ ကျောင်းဖယ်ရီ ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။


ဩဂုတ်လ (၁၈) ရက်နေ့မှာ စက်သုံးဆီရည်ညွှန်းလက်လီဈေးသတ်မှတ်ချက်အရ  အောက်တိန်း 92 တစ်လီတာကို ၂၉၉၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၁၄၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၂၀ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၁၀ ကျပ် ရှိနေပြီး 92နဲ့ 95 စျေးဟာ   အရင်ကထက် တစ်လီတာကို ကျပ်၁၅၀ ကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။ 


တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အခုလို စက်သုံးဆီပြတ်လပ်နေတာဖြစ်ပြီး ဆိုင်အချို့ပိတ်ထားရသလို အချို့ဆိုင်တွေမှာတော့ နာရီပိုင်းအတွင်းသာ ဖွင့်လှစ်ရောင်းချပေးတာတွေလည်း ကြုံတွေ့နေရတာပါ။ 


လက်ရှိအချိန်မှာ ပြည်တွင်းရှိစက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူဖို့အတွက် ကားပိုင်ရှင်တွေ ညအိပ်တန်းစီ စောင့်ဆိုင်းနေရပြီး စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရတာကြောင့် ပြင်ပစက်သုံးဆီပေါက်စျေးဟာ တစ်လီတာ ကို ကျပ် ၈၀၀၀ ကနေ  ၉၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026