NEWS

အိမ်သုံးဂတ်စ် (LPG) ဈေးနှုန်းများ ထပ်မံမြင့်တက်လာ

CoverLogo
711 Views

အိမ်သုံးဂတ်စ် (LPG)  ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပြီး မြို့နယ်တစ်ချို့မှာ ဗူးသေးတစ်ဗူးကို ကျပ်နှစ်ထောင်နဲ့ တစ်ပိဿာကို ကျပ်တစ်သောင်းသုံးထောင်ထိ ရောင်းချနေကြတယ်လို့ ဈေးကွက်တွင်းက သိရှိရပါတယ်။


ဂတ်စ်ရောင်းချသူတွေကတော့ ကုမ္ပဏီတွေက ရောင်းချတဲ့ဈေးနှုန်းတွေကလည်း ဂတ်စ်တစ်အိုးကို ကျပ်လေး သောင်းကျော် မြင့်တက်လာပြီး အရေအတွက်နဲ့ပဲ ရောင်းချနေတယ်လို့ ပြောပါတယ်။ 


ဩဂုတ်လ (၁၅) ရက်နေ့ မှာတော့ 48 kg အိုးတစ်အိုးကို ကုမ္ပဏီကရောင်းပေးတဲ့ဈေးဟာ ကျပ်သုံးသိန်းထိ ရှိနေတယ်လို့ သိရပါတယ်။


“ပြောမယ်ဆို ဆိုင်ဌားခတွေ၊ အလုပ်သမားခတွေ၊ အခွန်အခတွေနဲ့ တွက်ကြည့်မယ်ဆိုရင် အရင်ရောင်းထားသမျှက ရှုံးသွားတယ်။ အရင်းတွေက တစ်အိုးကို လေးသောင်းကျော် တက်တယ်။ ပေါပေါများများလည်း ရတာတော့ မဟုတ်ဘူး။ ခွဲတမ်းနဲ့ရတယ်။ အခုက အရင်းကတက်ပြီးရင်း တက်နေတယ်။ တစ်ချို့ဆိုင်တွေလည်း အရောင်းရပ် တဲ့အထိ ဖြစ်နေပြီ”လို့ ဂတ်စ်မီးဖိုနဲ့ ဆက်စပ်ပစ္စည်း ဖြန့်ဖြူးရောင်းချသူတစ်ဦးက ပြောပါတယ်။


ဒီလို ဂတ်စ်အရည်ဈေးနှုန်းတွေ မြင့်တက်နေသလို ဂတ်စ်မီးဖိုးနဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ပစ္စည်းပြတ်လပ် တာတွေရှိတဲ့အပြင် ဈေးနှုန်းတွေလည်း အဆမတန်တက်နေပြီး ရာခိုင်နှုန်းအားနဲ့ အနည်းဆုံး (၁၅) ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ သိရပါတယ်။


“အခုချိန်က အကုန်ဈေးတက်နေတယ် ဆိုပေမယ့် တစ်ခါတစ်လေကျရင် ရောင်းမစားချင်တော့ဘူး။ ဈေးရောင်းတဲ့ အမြတ်ကို စားမိရင် ရှုံးပြီဖြစ်နေတာ။ အရင်းက တက်မဆုံးဘူး။ ဒီကြားထဲ ဝယ်တဲ့သူတွေကလည်း ညည်း၊ အရောင်း အဝယ်ကပါးတော့ ဘာဆက်လုပ်ရမလဲကို မသိတော့ဘူး။ နောက်ပြောရခက်တာက ဈေးမတူဘူးဆိုတဲ့ဟာ ဈေး ကြီးတယ် အပြောခံရတာ။ ဂတ်အသန့်ပေးမယ်။ ပိသာအပြည့်ပေးမယ်ဆို တစ်သောင်းအထက်ပဲ။ ဂတ်စ်အရော တို့ အလေးချိန် ခိုးလိုက်တာတို့ကျ ဈေးလျော့ပေးတယ်။ သုံးတဲ့သူတိုင်းက အဲဒီလိုမသိတော့ ပြောရခက်တယ်”လို့ ဂတ်စ်အရည် ဖြန့်ဖြူးရောင်းချသူတစ်ဦးက ပြောပါ တယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဂတ်စ်ဈေးနှုန်းတွေဟာ သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး အရည်ပြတ်လပ် တာတွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေမှာ ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာ ပြီး ရောင်းချသူကော သုံးစွဲသူပါ အခက်အခဲတွေ ရှိနေပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026