NEWS

ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့

CoverLogo
368 Views
 
ရန်ကုန်-မန္တလေး လမ်းဟောင်း ကနေ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကို ပဲခူးမြို့အတွင်း ကနေ ဖြတ်သန်းခွင့်မပေးတော့တာကြောင့် ပဲခူး-ရန်ကုန် သွားလာနေတဲ့ ခရီးသွားသူတွေ အခက်ခဲ ဖြစ်ပေါ်နေတယ်လို့ ခရီးသည်တွေ ထံမှ သိရပါတယ်။
 
ယာဉ်ကြောကျပ်တည်းတာကို အကြောင်းပြပြီး ရန်ကုန်-ပဲခူး ကားလမ်းမဘေးရှိ အဝေးပြေးယာဉ်ဝင်းကို ပဲခူး မြို့ပြင် ဘက် ကလိ ကျေးရွာ ရှိ ယာဉ်ဝန်းသို့ ပြောင်းရွှေ့ လိုက်သလို ပဲခူးမြို့အတွင်း ကိုလည်းခရီးသည်တင် မီနီဘတ်ယာဉ် တွေ ကို ဖြတ်သန်းခွင့်မပေးတော့ ပဲခူးမြို့ရှောင်လမ်းကနေ ဖြတ်သန်းခိုင်းတယ်လို့ သိရပါတယ်။
 
""၃ ရက်ရှိပြီ ပဲခူးမြို့အတွင်းကနေ ခရီးသည်တင်ယာဉ်လိုင်းတွေ ဖြတ်ခွင့်မပေးတော့ဘူး ရန်ကုန်ကနေလာမယ်ဆိုရင် ပဲခူး ပင်စည် က​နေမြို့ရှောင်လမ်း အတိုင်း ဖြတ်ပြီးသွားရမယ် ညောင်လေးပင် ဘက်က လာမယ်ဆိုရင် ကလိဘက်ကနေ ဖြတ်ပြီးလာရတယ် အဲ့တော့ပဲခူးကို လာမယ်ဆိုရင် ပင်စည်မှာဆင်းပြီး ဆိုင်ကယ် ကယ်ရီတို့ တုတ်တုတ်တို့စီးပြီး မြို့ထဲကိုဝင်ပေါ့ ညောင်လေးပင် ကလာမယ်ဆို ကလိကဆင်းပြီးမြို့ထဲဝင်ပေါ့ ""လို့ရန်ကုန်-ညောင်လေးပင် ပြေးဆွဲနေသူယာဉ်မောင်းတစ်ဦးကပြောပါတယ်။
 
အခုလိုပဲခူးမြို့​အတွင်း ခရီးသည်တင်ယာဉ်လိုင်း တွေကို ဖြတ်သန်းခွင့်မပေးတဲ့ ပဲခူးမြို့သို့ ခရီးသွားလာသူတွေမှာ ယခင်ထက် ခရီးစရိတ် ပိုကုန်ကျတဲ့အပြင် သွားလာရေး အခက်ခဲ ဖြစ်ပေါ် လျက်ရှိတယ်လို့ သိရပါတယ်။
 
""ရန်ကုန်လို YBS ယာဉ် တွေလို ယာဉ်စီးခ ၄၀၀ ကျပ် လောက် ကုန်တယ်ဆို ရင် တစ်ဆင့်ထပ်စီးရလည်း တော်သေးတယ် အခုက ကယ်ရီခ က အနည်းဆုံး ၁၀၀၀ ကျပ် ကစပေးရတာ ဆိုတော့ အခက်ခဲဖြစ်ကုန်တာပေါ့ကြိုတင်သတင်းထုတ်ပြန်တာမျိုး မရှိတော့ ရန်ကုန်က လာတဲ့ သူတွေ လမ်းကြောင်း အပြောင်းလဲ တွေကြောင့် အချိန်ကုန်ငွေကုန်ဖြစ်ကုန်တာပေါ့ မြို့ထဲကို အထည်ချုပ် ဖယ်ရီကားကြီးတွေတောင်အဝင်ခံပြီး ဒီမီနီဘတ်စ် ကားအသေးတွေ ဘာလို့အဝင်မခံတာလဲ စဉ်းစားလို့တောင်မရဘူး""လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ပဲခူး မြို့တွင်းကနေ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဖြတ်ခွင့်မပေးတော့တာကြောင့် ခရီးသွားတွေ အဆင်ပြေအောင်ဆိုကာ ပဲခူးတိုင်း စစ်မှုထမ်းဟောင်းအဖွဲ့ လုပ်ကိုင်နေတဲ့ ကြံတိုင်းအောင် ယာဉ်လိုင်းမှ Hijet ကားများနဲ့ မြိုတွင်းသွားလာမယ့် ခရီးသည် တယောက်ကို ကားခ ၁,၀၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲပေးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026