NEWS

ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု

CoverLogo
132 Views
မြန်မာ နိုင်ငံ ကို လေကြောင်းခရီးနဲ့ လာရောက်မယ့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ရေး ဒေသ ရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) Tourist Visa on Arrival
ကို ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြုတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
 
၄င်းနိုင်ငံတွေက လာရောက်မယ့် ကမ္ဘာ့လှည့်ခရီးသည်တွေ အတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) (Tourist Visa on Arrival) ကို ယခင်က၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက် အထိ စမ်းသပ်ကာလ (၁)နှစ် ခွင့်ပြုပေးခဲ့ကာ ယခုအခါမှာတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့အထိ ပထမအကြိမ် ထပ်မံသက်တမ်းတိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်မည်ဆိုပါက ရက်ပေါင်း(၃၀) နေထိုင်ခွင့်ရရှိမှာ ဖြစ်ပြီး နေခွင့်သက်တမ်း ထပ်မံ တိုးမြှင့်ပေးရန် လျှောက်ထားတာ ကိုတော့ ခွင့်မပြုဘူးလို့ဆိုပါတယ်။
 
ဒါ့အပြင် ဟိုတယ်မှာသာ တည်းခိုနေထိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားသားများသွားလာခွင့်ရှိတဲ့နေရာ များကိုသာ သွားလာခွင့်ရမှာဖြစ်ကာ လုံခြုံရေးအရ တားမြစ် ကန့်သတ်ထားတဲ့ နယ်မြေ တွေကို သွားလာခွင့်မရှိဘူးလို့ သိရပါတယ်။
 
ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) Tourist Visa on Arrival နဲ့ လာရောက်သူ ကို သက်ဆိုင်ရာ လုံခြုံရေး ဌာန/အဖွဲ့အစည်း တွေက ခွင့်မပြုခြင်း၊ လူဝင်ကြီးကြပ်ရေးဌာနမှာ အမည်စာရင်း Blacklist ပါဝင်ပါက ပြည်ဝင်ခွင့်ကို ငြင်းပယ်သွားမှာ ဖြစ်ပြီး ခရီးသည်လိုက်ပါလာတဲ့ လေကြောင်း ဖြင့် ပြန်လည်တင်ပို့ခံရမယ် လို့ သိရပါတယ်။

Related posts

Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025
Cover
အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ
Dec 18, 2025
Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025