NEWS

ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု

CoverLogo
304 Views
မြန်မာ နိုင်ငံ ကို လေကြောင်းခရီးနဲ့ လာရောက်မယ့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ရေး ဒေသ ရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) Tourist Visa on Arrival
ကို ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြုတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
 
၄င်းနိုင်ငံတွေက လာရောက်မယ့် ကမ္ဘာ့လှည့်ခရီးသည်တွေ အတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) (Tourist Visa on Arrival) ကို ယခင်က၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက် အထိ စမ်းသပ်ကာလ (၁)နှစ် ခွင့်ပြုပေးခဲ့ကာ ယခုအခါမှာတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့အထိ ပထမအကြိမ် ထပ်မံသက်တမ်းတိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်မည်ဆိုပါက ရက်ပေါင်း(၃၀) နေထိုင်ခွင့်ရရှိမှာ ဖြစ်ပြီး နေခွင့်သက်တမ်း ထပ်မံ တိုးမြှင့်ပေးရန် လျှောက်ထားတာ ကိုတော့ ခွင့်မပြုဘူးလို့ဆိုပါတယ်။
 
ဒါ့အပြင် ဟိုတယ်မှာသာ တည်းခိုနေထိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားသားများသွားလာခွင့်ရှိတဲ့နေရာ များကိုသာ သွားလာခွင့်ရမှာဖြစ်ကာ လုံခြုံရေးအရ တားမြစ် ကန့်သတ်ထားတဲ့ နယ်မြေ တွေကို သွားလာခွင့်မရှိဘူးလို့ သိရပါတယ်။
 
ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) Tourist Visa on Arrival နဲ့ လာရောက်သူ ကို သက်ဆိုင်ရာ လုံခြုံရေး ဌာန/အဖွဲ့အစည်း တွေက ခွင့်မပြုခြင်း၊ လူဝင်ကြီးကြပ်ရေးဌာနမှာ အမည်စာရင်း Blacklist ပါဝင်ပါက ပြည်ဝင်ခွင့်ကို ငြင်းပယ်သွားမှာ ဖြစ်ပြီး ခရီးသည်လိုက်ပါလာတဲ့ လေကြောင်း ဖြင့် ပြန်လည်တင်ပို့ခံရမယ် လို့ သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026