NEWS

ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ

CoverLogo
561 Views
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ညပိုင်းအချိန်တွေမှာ ၂လ ကြာ ပိတ်ထားမှာဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနတွေကနေ အသိပေးကြေညာလာပါတယ်။
 
လေဆိပ်ရဲ့ပြေးလမ်းပြုပြင်နေတာကြောင့် ညပိုင်းအချိန် ည၁၂နာရီကနေ မနက်၆နာရီအထိကို အောက်တိုဘာ၂၉ရက်ကနေ ဒီဇင်ဘာ၃၁ရက်အထိ ပိတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။
 
" လေယာဉ်လက်မှတ်ဝယ်ထားတာညပိုင်းဖြစ်နေတာကို ခရီးစဉ်ပြန်ပြောင်းလိုက်ပြီလို့ email ပို့ထားတယ်။ဒါပေမယ့်သူတို့ပြောင်းတဲ့အချိန်က ကိုယ့်အတွက်အဆင်မပြေဘူးဖြစ်နေတယ်။လေယာဉ်နဲ့ပတ်သက်တဲ့ group တွေထဲသိသူအချို့ကတော့ လက်မှတ်အရောင်းအေးဂျင့်တွေနဲ့ပြန်ဆက်သွယ်တဲ့ဖုန်းကိုဆက်ပြီးပြောင်းဖို့ ပြောထားတာလည်းတွေ့နေရတယ်။လေယာဉ်ပြေးလမ်းပြင်လို့ပိတ်တယ်ဆိုပေမယ့် ရုတ်တရက်ကြီးတော့ကိုယ်ကအလုပ်ရှုပ်သွားတာပေါ့"လို့ လာမယ့်ဒီဇင်ဘာလထဲ ပြည်ပခရီးစဉ်သွားရောက်မယ့်သူတစ်ဦးကပြောထားပါတယ်။
 
လတ်တလောမှာတော့ လေဆိပ်ပိတ်ဖို့မကြေညာခင်က ပိတ်ချိန်နဲ့ကြုံကြိုက်ခဲ့တဲ့ လေယာဉ်ခရီးစဉ်အချို့ကို MAI ရဲ့ လေယာဉ်လက်မှတ်အရောင်းဌာနက အချိန်ပြောင်းလဲပြင်ဆင်ကြောင်း အသိပေးတာတွေလည်းရှိနေပါတယ်။
 
ရန်ကုန်လေဆိပ်ကို ၂လကြာပိတ်လိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဒီဇင်ဘာလမှာကျင်းပသွားမှာ ဖြစ်လို့ လေဆိပ်ကိုပြင်ဆင်ရန်အကြောင်းပြကာ ပိတ်ထားတာဖြစ်နိုင်ကြောင်းလည်းသုံးသပ်သူအချို့ရှိနေပါတယ်။
 
" ရွေးကောက်ပွဲကြောင့် စစ်ကောင်စီက ပြည်ပကနေလျို့ဝှက် ထောက်လှမ်းရေးတွေဘာတွေ ဝင်လာမှာကြောက်နေပုံရတယ်။အဲ့ဒါကြောင့် လေဆိပ်အဝင်အထွက် သေချာစစ်ဖို့အာရုံစိုက်တဲ့အနေနဲ့ ညဘက်အချိန်တွေကိုပိတ်ထားတာဖြစ်မယ်"လို့ လူမှုကွန်ယက် မှာ ရေးသားသူအချို့ကပြောထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026