NEWS

NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်

CoverLogo
333 Views
အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ၃ ခုကို ဝန်ကြီးဌာန ၁ ခုတည်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
 
လတ်တလောတွင် ဝန်ကြီးဌာန ၃ ပေါင်းစည်းဖွဲ့စည်းမယ့် ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးမှုတွေ ပြီးစီးနေပြီဖြစ်သလို သိပ်မကြာခင်မှာပဲ အတည်ပြုထုတ်ပြန်သွားဖို့ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။
 
" ဝန်ကြီးဌာနတွေ ဖောင်းပွနေတာတွေကို ပိုပြီး ကျစ်ကျစ်လစ်လစ်နဲ့ အလုပ်ပိုလုပ်နိုင်အောင် ပေါင်းပြီး ဖွဲ့လိုက်မယ် သဘောပါ" ဟု သူက ပြောပါတယ်။
 
လက်ရှိအခြေအနေတွင် NUGရဲ့ ဝန်ကြီးဌာနအလိုက်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သော လူသားအရင်း အမြစ်တွေ အကန့်အသတ်ရှိနေတာနဲ့ အခြားသော အခက်အခဲတွေရှိတာကြောင့် ဝန်ကြီးဌာနတွေ ဖွဲ့စည်းထားသော်လည်း ပြည်သူလူထုအတွက် ထိရောက်စွာ အလုပ်လုပ်ကိုင်နိုင်မှုမှာ အားနည်းချက်တွေရှိနေပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပြည်ပမှ အလုပ်သမားအရေးကိစ္စတွေအတွက် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြသော်လည်း အကန့်အသတ်တွေရှိတာကြောင့် အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
 
သို့သော်လည်း အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ယခုနှစ်ပိုင်းတွေမှာ လူ့အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်နေသော စစ်ကော်မရှင်ကို ILO က ပုဒ်မ ၃၃ အရေးယူခဲ့နိုင်မှု၊ ပြည်တွင်းရှိ အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းခြင်း၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကော်မရှင်၏ အခွန်နဲ့ နေထိုင်အလုပ်လုပ်ခွင့်ကိစ္စတွေကို အတင်းအကျပ်ဖိနှိပ်မှုတွေ မလုပ်နိုင်ရေး ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
 
ထို့အပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အထောက်အထားတွေကို အသုံးပြုပြီး ကျားဖြန့်ငွေလိမ်မှုတွေမှာ အသုံးချခံနေရမှုတွေ အပါအဝင် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တွေမှာ မြန်မာလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံရမှုအရေးကိစ္စတွေကို တခြားအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
 
လက်ရှိအချိန်တွင် NUG ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပြုပြင်ပြောင်းလဲရေး ကော်မတီဖွဲ့စည်းထားပြီး ဝန်ကြီးဌာန တချို့ကို ဦးစီးဌာနအဖြစ် ပြောင်းလဲသွားဖို့ ရှိနေတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း သတင်းဌာနတွေကို ယခုနိုဝင်ဘာလအတွင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးကြာလာချိန်တွင် NUG ၏ အုပ်ချုပ်ရေး၊ စစ်ရေး နဲ့ စီမံခန့်ခွဲ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးနဲ့ နိုင်ငံရေးအင်အားစုအဖွဲ့အစည်းတွေက အားမလို၊ အားမရဖြစ်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
 
NUG အနေနဲ့ အဝေးရောက်အစိုးရဖြစ်၍မရဘဲ အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းသို့ ပြန်လာရန် ယာယီသမ္မတဒူဝါလရှီးလက ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သတိပေးပြောကြားခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေကြားမှာ NUG ပြုပြင်ပြောင်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာနေကြတာလည်းဖြစ်ပါတယ်။
 

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026