NEWS

ဆန်ဈေးတင်ရောင်းလိုဆိုကာ  ဂျပန်နိုင်ငံသားကို ထောင်ဒဏ် ၁ နှစ်နှင့် ငွေဒဏ် ၅ သိန်းကျပ် ပြစ်ဒဏ်ချ

CoverLogo
393 Views

ဆန်ဈေးတင်ရောင်းတယ်လိုဆိုကာ အဖမ်းခံရတဲ့ ဂျပန်နိုင်ငံသား ဟီရိုရှီကာဆာမက်ဆု ကို ထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ် ကျပ်ငါးသိန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို ဂျပန်သတင်းဌာနတွေနဲ့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းဝိုင်းမှ သိရပါတယ်။ 

ဇွန်လ ၃၀ ရက် မှာ ဆန်ဈေးနှုန်းကို သတ်မှတ်ဈေးထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့တဲ့ အတွက် ၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅အရ   ဂျပန် နိုင်ငံသား ဟီရိုရှီကာဆာမက် ကို အရေးယူခဲ့တာ ဖြစ်ပါတယ်။ 

အခုလို အရေးယူခဲ့ပြီး အမှုကိုတရားစွဲတင်ခဲ့ကာ သြဂုတ်လ ၉ ရက်တွင် စစ်ဆေးမှု ပြီးခဲ့ပြီး သြဂုတ်လ ၁၂ ရက် မှာ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။ 

၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ မှာ ထောင်ဒဏ်ခြောက်လ မှ ထောင်ဒဏ်သုံးနှစ်အထိ ချနိုင်တဲ့ အပြင် ကျပ်ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို သိရပါတယ်။ 

ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဂျပန်နိုင်ငံသားမှာ အသက် ၅၃ အရွယ်ရှိပြီးAeon Orange ရဲ့ ဒါရိုက်တာဖြစ်တယ်လို သိရပါတယ်။ 

ဆန်ဈေးတင် ရောင်းတဲ့ အတွက် ဂျပန် နိုင်ငံသား အပါအဝင် ဆန်ကုန်သည်တွေအပါအဝင် တာဝန်ရှိသူ  ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ လက်ရှိအချိန်ထိ အဆိုပါ ၁၁ဦး ကို ပြစ်ဒဏ်ချမှတ်တာနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်မှ သတင်းတစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။ 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026
Cover
၁၁နှစ်အတွင်း အလုပ်အကိုင် ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား ၄၀၀၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ဟု ဆို
Jan 08, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025