NEWS

အဝေးသင်ဖြေမယ့် အလုပ်သမားတွေကို အလုပ်ထွက်ခိုင်းလို့ ဖြေရှင်းပေးဖို့တောင်းဆို

CoverLogo
580 Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ Myamar Pou Chen စက်ရုံမှာ ကျောင်းတက်နေသော အလုပ်သမားများကို ကျောင်းတက်ရန်အတွက်  ယခင်ကပေးသော ခွင့်(၂) လကို ယခုနှစ်တွင် မပေးတော့တာကြောင့် ကျောင်းပြန်တက်မယ့် အလုပ်သမားတွေအနေနဲ့  အခက်အခဲဖြစ်နေပါတယ်။

လက်ရှိမှာတော့ စက်ရုံဟာ ၂၉.၈.၂၀၂၄ ရက်နေ့မှာ ကျောင်းတက်မယ့် အလုပ်သမားတွေကို ကျောင်းတက်ခွင့် (၂) ပတ်သာပေးတော့မည်ဖြစ်ကြောင်း သတင်းကြားရပြီး ၃၀.၈.၂၀၂၄ ရက်နေ့မှာတော့ ကျောင်းတက်မယ့် အလုပ်သမားတွေကို တစ်လိုင်းချင်းစီ ခေါ်ပြီး ခေါင်းဆောင်တွေက ခွင့် (၂)ပတ်နှင့် အလုပ်သမားတွေရဲ့ ကျန်ရှိနေတဲ့ ဥပဒေပါခွင့်ပေါင်း၍ ခွင့်(၁)လသာ ပေးတော့မယ်လို့ အသိပေးပြီး  ခွင့် (၁) လမလောက်ပါက  ကြိုတင်အသိပေးကာ တစ်ခါတည်း ထွက်စာတင်သွားရန်နှင့် ကျောင်းတက်ပြန်လာသည့်အခါ လုပ်သားသစ် အနေဖြင့် ပြန်ခန့်မယ်လို့ ပြောခဲ့တာပါ။

အလုပ်သမားတွေ အနေဖြင့် ကျောင်းတက်ပြီး ပြန်လာတဲ့အခါမှာ အလုပ်ပြန်မခန့်တော့မှာကိုလဲ စိုးရိမ်ပူပန်နေကြတယ်လို့ ပြောလာပါတယ်။  စက်ရုံဟာ အလုပ်သမားတွေကို အလုပ်ခန့်ဖို့ အင်တာဗျူးတဲ့ အချိန်တုန်းကတော့  (၁၀) တန်းအောင်ကျောင်းသား ဖြစ်ပါက  ကျောင်းတက်ခွင့် ပေးမယ်လို့ HR ဌာနက ပြောခဲ့တယ်လို့လဲ ဆိုပါတယ်။ 

ကျောင်းတက်မယ့် အလုပ်သမားတွေဟာစက်ရုံရှိ  WCC  အဖွဲ့ကို အကူအညီတောင်းခဲ့သော်လည်း WCC အဖွဲ့က ညှိနှိုင်းမပေးဘဲ  စက်ရုံရှိ ဝန်ထမ်းရေးရာ SD ဌာနကို လွဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျောင်းတက်မယ့် အလုပ်သမားတွေကိုယ်တိုင်လဲ ၃၀.၈.၂၀၂၄ ရက်နေ့ ညနေ (၄း၀၀) အချိန်လောက်မှာ SD ဌာနကို သွားရောက်၍ ညှိနှိုင်းပေးဖို့ တောင်းဆိုချိန်တွင် ၃၁.၈.၂၀၂၄ရက်နေ့မှာ အကြောင်းပြန်ပေးမယ်လို့ ဆိုပါတယ်။ 

စက်ရုံမှာ ကျောင်းတက်မယ့် လူဦးရေ (၂၀၀) ကျော်ခန့် ရှိပြီး တစ်သုတ်စီ ခွဲသွားရမှာ ဖြစ်ပြီး PIanning  ဌာနနှင့် QIP ဌာနက ကျောင်းတက်မယ့် ကျောင်းသားတွေကတော့ ခွင့်မပေးတော့သည့်ကိစ္စကို ကြိုတင်သိရှိပြီး BPMS  တင်ပေးရင်ရတယ်ဆိုတာကြောင့် ကြိုတင်ခဲ့ကြသဖြင့် ခွင့် (၂) လစီ ပေးတယ်လို့ ဆိုပါတယ်။  

စက်ရုံဘက်က အလုပ်သမားတွေကို အခွင့်အရေးပေးတဲ့နေရာမှာ ခွဲခြားဆက်ဆံခြင်းတွေရှိနေတယ်လို့  ဆိုပါတယ်။

စက်ရုံဟာ ကျွန်မတို့အတွက် ရပ်တည်ပေးနေတဲ့ သမဂ္ဂအဖွဲ့ကိုလဲ စောင့်ကြည့်ပြီး ခွဲခြားဆက်ဆံ နေတာတွေလဲ ရှိတာကြောင့် ကျွန်မတို့ အလုပ်သမားတွေဟာ သမဂ္ဂအဖွဲ့ခေါင်းတောင်တွေကို စကားတောင် သွားမပြောရဲတာတွေ ရှိကြပါတယ်။

တစ်ချို့ ခေါင်းဆောင်တွေကဆိုရင် သမဂ္ဂ ခေါင်းတောင်တွေနဲ့ အဆက်အသွယ်မလုပ်ကြဖို့ ပြောတာတွေ ရှိပြီး သူတို့နဲ့ လူမှုရေးကိစ္စ  စကားပြောမိတာမျိုးရှိရင်တောင် အပြောခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။  လုပ်ငန်းခွင်အတွင်းမှာလဲ အလုပ်သမားတွေကို စံချိန်တိုးတောင်းတာတွေရှိပြီး စံချိန်မရတဲ့ အခါ ဖိအားပေးခိုင်းစေတာတွေလဲ ရှိနေတယ်လို့  ပြောလာပါတယ်။

ကမ္ဘာကျော် Adidas  Brand ဖြစ်သော ထုတ်ကုန်များ ထုတ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံဟာ အလုပ်သမားတွေကို ခေတ်ကာလနှင့် လျှော်ညီသော လုပ်အားခ မပေးသည့် အပြင် ကျောင်းတက်နေတဲ့  အလုပ်သမားတွေ ရရှိထားသော ကျောင်းတက်ခွင့် အခွင့်အရေးကိုလဲ ပြန်လည်ရုပ်သိမ်းသွားသဖြင့် စက်ရုံဟာ ယခင်ကထက်ကို ပိုပြီး ဆိုးရွားလာတယ်လို့ မြင်မိကြောင်း ကျောင်းတက်ပြန်မယ့်အလုပ်သမားတွေနဲ့ အခြားသော အလုပ်သမားတွေက ရင်ဖွင့်ပြောဆိုလာကြပါတယ်။

ပေါင်ချိန်စက်ရုံမှာ အလုပ် လုပ်ရင်း ကျောင်းတက်ပြီး ဘွဲ့ရသွားတဲ့သူတွေ တော်တော်များများလဲ ရှိပါတယ်။ ပေါင်ချိန်စက်ရုံမှာ လုပ်ပြီး ဘွဲ့ရသွားတဲ့ အလုပ်သမားအချို့ကတော့ ပေါင်ချိန်စက်ရုံက အလုပ်သမားတွေကို အလုပ်အကိုင်တင်ပေးတာမဟုတ်ဘူး ကျောင်းတက်ခွင့်ပေးပြီး ပညာရေးအခွင့် အလမ်းတွေပါပေးတာကြောင့် အလုပ်တစ်ဖက်ဖြင့် ဘွဲ့ရအောင် ယူနိုင်ခဲ့တာဖြစ်လို့ ပေါင်ချိန်စက်ရုံကို ကျေးဇူးတင်ကြောင်းနဲ့ နောင်တွင်လဲ ဒီလိုဘဲ အလုပ်တစ်ဖက်နဲ့ ပညာရေးအခွင့်အလမ်းတွေ ပေးနိုင်ပြီး စက်ရုံကြီးလဲ ဖွံ့ဖြိုး တိုးတက်ပါစေလို့ ဆန္ဒပြုတယ်လို့ ‌ကျောင်းပြီးသွားတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

Photo- Myanmar Pou Chen စက်ရုံ၊ စက်ရုံတွင်းမီးဘေးအစမ်းလေ့ကျင့်စဉ်။


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026