NEWS

Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ

CoverLogo
691 Views
 
ပဲခူးမြို့ Sudey အထည်ချုပ်စက်ရုံမှာ ကြီးကြပ်ရေး လုပ်သား စူပါ တဦးရဲ့ ကိုယ်ရေးကိုယ်တာ ဘက်လိုက်လို မှုကြောင့် အလုပ်သမားတွေမှာ လုပ်ခလစာ၊ ဂရိတ်ကြေး ကွာခြား နစ်နာရပြီး မတရားဖိနှိပ်မှုတွေ နေ့စဉ် ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ B ရုံ၊ လိုင်း ၁၀၊၁၁၊ ၁၂ တွေမှာ အဆိုးရွားဆုံး ကြုံနေရပြီး၊ စူပါနဲ့ ရည်းစားဖြစ်သူ တို့က ကိုယ်ကျိုးစီးပွားအတွက် နေရာယူ၊ အနိုင်ကျင့်မှုတွေ ဖြစ်ပွားနေတယ်လို့ အလုပ်သမာတေတွေက ပြောပါတယ်။
 
"ကျွန်မတိုဆိုရင် တစ်ရက်မှ မပျက်ဘဲ စံချိန်ရအောင် ချုပ်ပေးတယ်။ ဒါပေမဲ့ တစ်ရက်ပျက်တဲ့ သူ့ရည်းစားကိုတော့ A Grade ပေးတယ်။ ကျွန်မတို ရက်ပျက်ရင် Day ကြေးရော၊ Grade ကြေးရော အဖျက်ခံရတဲ့အပြင် အဆဲပါ ခံရတယ်" လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။
 
စူပါ-- က ရည်းစားဖြစ်သူနဲ့ မတည့်သူမှန်သမျှ အကြောင်းပြချက်မျိုးစုံနဲ့ မကြာခဏ ဂရိတ် ချတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
အထည် စံချိန်ပြည့်မီအောင် ချုပ်လုပ်နိုင်ပေမဲ့ စူပါနဲ့ အဆင်မပြေတဲ့ လုပ်သက် (၁) နှစ်၊ (၂) နှစ်ဝန်းကျင် အလုပ်သမားတွေမှာ A Grade လုံးဝ မရဘဲ ဖြစ်နေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။
"စူပါနဲ့ ထမင်းတဝိုင်းတည်း စားတဲ့သူတွေကုန်မှ ကျန်တဲ့သူတွေကို နေရာပေးတာမျိုးတွေ လုပ်တယ်"လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာ ဘက်လိုက်မှုတွေကြောင့် လစာ ကျပ် လေးသောင်းအထိ ကွာဟပြီး ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"အောစူပါ (All Super) က ဒီကိစ္စကို သိပေမယ့် မဖြေရှင်းပေးဘူး။ အောချုပ်က တစ်ခါရှင်းပေးဖူးတယ်၊ ဒါပေမဲ့ ပိုဆိုးလာတာပဲ ရှိတယ်"လို အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ ဒေးကြေး ၆၈၀၀ ကျပ်သာရရှိချိန်မှာ သီတင်းကျွတ်ကာလ ကန်တော့ဖို့ဆိုပြီး ကျပ် တစ်သောင်းခွဲ ကောက်ခံတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် စက်ရုံကို မကောင်းသတင်းပေးပို့ပါက တရားစွဲမယ်ဆိုပြီး ရှေ့နေခေါ် ခြိမ်းခြောက်ထားတာကြောင့် HR ဌာနကို မတိုင်ကြားရဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာ WCC လည်း ရှိတယ် မတိုင်ရဲဘူး၊ HR လည်း မတိုင်ရဲဘူး။ တခုခုဆို တရားစွဲမယ်ဆိုပြီး ခြောက်လန့်ထားတော့ အလုပ်သမားတွေလည်း ကြိတ်ခံရတာပဲ” လို့ ပြောပါတယ်။
 
အလုပ်သမားရုံးက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးချိန် အမှန်အတိုင်း ဖြေဆိုသူကို အလုပ်ထုတ်ပြီး၊ လိမ်လည်ဖြေဆိုသူကို တစ်သိန်းကျပ် ပေးခဲ့ဖူးလို ဘယ် အလုပ်သမားမှ အမှန် ထုတ်ဖော်မပြောရဲဘဲ ဖြစ်နေတာလိုလည်း အလုပ်သမား တဦးက ပြောပါတယ်။
 
Sudey စက်ရုံက ပဲခူးမြို့နယ်၊ ကလိကျေးရွာ၊ ကလိအရှေ့မြောက်ကွင်း မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။
လက်ရှိ La Vie en Rose ၊ Amisu တံဆိပ် အထည်တွေချုပ်လုပ်နေပြီး တရုတ်နိုင်ငံ အခြေစိုက်တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ ပဲခူးစက်ရုံမှာ လုပ်သား ၁၅၀၀ ကျော် ရှိတယ်လို သိထားပြီး ကိုယ်ပိုင် ကလေး အဝတ်အစားတွေ၊ Finisterrer ၊ Myer ၊Next Plc အထည်တွေကို ချုပ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026