NEWS

ခြိမ်းခြောက်ခိုင်းစေခြင်းမပြုရေး အလုပ်သမားတွေတောင်းဆို

CoverLogo
625 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်လှစ်ထားသော Sky Fashion Myanmar Co.,ltd စက်ရုံ အလုပ်သမားတွေပါ ။
 
စက်ရုံမှာ အလုပ်သမား ၈၀၀ကျော်ဖြင့် လုပ်ငန်းလုပ်ကိုင်ပြီး တရုတ်နိုင်ငံသားပိုင် ဆိုင်ပြီး Alvaro Moreno တံဆိပ်ချုပ်လုပ်ပါတယ်။
 
ဆိုရှယ်မီဒီယာမှာ လုပ်ငန်းခွင်ချိုးဖောက်မှုများ သတင်းတင် ခံရခြင်းကြောင့် လုပ်ငန်းခွင်ထဲစစ်ဆေးရေးလာတဲ့နေ့တွင် အချိန်ပိုအိုတီမဆင်းရတာဖြစ်ပြီး နောက်ရက်ဆိုရင် ပုံမှန်လိုအချိန်ပိုအိုတီပြန်ဆင်း နေရခြင်းဖြစ်ပါတယ်။
နေထိုင်မကောင်းလို့ အလုပ်သမားက အချိန်ပိုအိုတီမ ဆင်းချင်လျင်လည်း မဆင်းလို့မရဘဲ ဖိအားပေးဆင်းခိုင်းနေပါတယ်။
 
လုပ်ငန်းခွင်ထဲ စစ်ဆေးရေးများလာ လျင်အလုပ်သမားများကို စစ်ဆေးရေးများက သူတို့မေးတဲ့အချက်အလက်မျာကို စာရွက်ပေါ်မှာချရေးခိုင်း ပါတယ်။
 
၎င်းစာရွက်ပေါ်တွင် ချရေးခိုင်းသော အချက်အလက်များရေးရာတွင် အလုပ်သမားများကို စက်လိုင်း မန်နေဂျာကတကယ်လို့ စာရွက်ပေါ်တွင် အမှန်တိုင်းရေးထားတာတွေ့ရင် အလုပ်ကထုတ်ပစ်မည်ဟုခြိမ်း ခြောက်ပြောလို့ ဘယ်အလုပ်သမားများမှ အမှန်တိုင်းမဖြေရဲကြခြင်းဖြစ်ပါတယ်။
 
"လုပ်ငန်းခွင်အတွင်း wcc ရှိသော်လည်း လုပ်ငန်းခွင်ထဲအခက်ခဲ့များကို အကူညီတောင်းလို့မရခြင်း၊ ၎င်းwccများက အလုပ်ရှင်ဘက်က ရွေးချယ်ထားတဲ့ လူတွေဖြစ်သောကြောင့် အလုပ်သမားဘက်ကဖြေရှင်း ဆောင်ရွက်ပေးမှုမရှိခြင်း၊ wccများကအလုပ်သမားများ မဟုတ်ဘဲဌာနခေါင်းဆောင်များက wccဖြစ်နေတော့ ဘာအခက်ခဲ့ပြောလို့လဲမရခြင်း"ဖြစ်နေပါတယ်။
 
အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှ ခံစားခွင့်မပေးခြင်း၊ အလုပ်သမားများ လူမူဖူလုံရေးက ဆေးခွင့်ပေးထားသော်လည်း အလုပ်ရှင်ဘက်မှ လူမှုဖူလုံရေးဆေးခွင့်စာရွက်ကို အလုပ်ရှင်ဘက်ကိုပေးသော်လည်း ခွင့်မပေးဘဲ ဒေးကြေး +ထောက်ပံ့ကြေး၁၀၀၀၀ကျပ်၊ ရက်မှန်ကြေး၂၅၀၀၀ကျပ်ဖြတ်ခံရပြီး တစ်လအတွင်း နှစ်ရက်ပျက်လျှင် ၅၀၀၀၀ကျပ်ပါ ဖြတ်တောက်ခံရခြင်း ကြောင့်အလုပ်သမားများ နစ်နာမှုရှိနေပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် ဆေးခန်းရှိပြီး ဆေးကမရှိတာကများနေခြင်း၊ အလုပ်သမားဗိုက်အောက့်လို့ ဆေး တောင်းလဲလေဆေးတောင်မရှိခြင်း၊ ကိုယ်လက်ကိုက်လို့ ဆေးသောက်ပြီး အလုပ်ဆက်လုပ်ချင်တာတောင် ပါရာစီတမော့မရှိဘူးဆိုတာဘဲ အမြဲပြောနေပါတယ်။
 
လုပ်ငန်းခွင်ထဲဆေးတောင်မရှိ အလုပ်ကျတော့လဲ လုံးဝ အပျက်မခံပါ။ အလုပ်လုပ်ရင် နေထိုင်မကောင်းသည်ဖြစ်စေ အရေးတကြီး ကိစ္စကြောင့်ဖြစ်စေ ဂိတ်ပါတ်တောင်းခံလျှင်လည်း ခေါင်းဆောင်တွေက လုံးဝမပေးခြင်း၊ ဂိတ်ပါတ်ကို ရုံးခန်းကပေးတာတောင် စူပါတွေကမပေးလို့ အလုပ်သမားများက ဂိတ်ပတ်မရပါဘူး။
 
တနင်္လာနေ့၊ စနေနေ့တွေဆိုရင် ဘယ်လောက်အရေးကြီးနေပါစေ လုံးဝဂိတ်ပတ် မပေးနိုင်ဘူးလို့လဲပြောထားပါသည်၊ ၎င်းစက်ရုံသည် အချိန် ပိုအိုတီများမတရားဆင်းနေရခြင်း၊ အောလင်း၊အောနိုက်ဆင်းနေရပြီး အော်ဒါတွေများနေသည့်ဟုအကြောင်း ပြချက်နဲ့မဆင်းမနေရ ဆင်းပေးနေရခြင်းတို့ကြောင့် အလုပ် သမားများနစ်နာမှုရှိနေခြင်းကို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံ အကူအညီတောင်းခံအပ်ပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်ကတော့
၁။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအရေးကြီးကိစ္စတစ်စုံတစ်ရာရှိလျှင် ဂိတ်ပတ်အလွယ်တကူပေးရန်။
၃၊ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီများကို အောလင်း၊အောနိုက်များကို အလုပ်သမားများကို ဖိအားပေးဆင်း ခိုင်းခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ စက်လိုင်းမန်နေဂျာက အလုပ်သမားရုံးက လာစစ်ဆေးလျှင် အမှန်တိုင်းဖြေကြားသော အလုပ်သမားကို အလုပ်ထုတ်ပစ်မည်ဟုခြိမ်းခြောက်ခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်က လုပ်ငန်းခွင်ထဲတွင် အခြေခံထားရှိရမည့် ဆေးဝါးများကို ထားပေးရန်တို့ဖြစ်ပါတယ်။
အကူအညီတောင်းခံသူများ
Sky Fashion Myanmar Co.,ltd အလုပ်သမားများ

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026