NEWS

Wan Xin Myanmar အထည်ချုပ် စက်ရုံပိတ်သိမ်း၊ အလုပ်ရှင်ဘက်မှ ပေးချေစရာရှိသည်များပေးစေလိုဟု အလုပ်သမားတွေပြော

CoverLogo
520 Views
 
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ အနော်ရထာလမ်း ခြံအမှတ် ၁၁၊ ၁၂ တွင်ဖွင့်လှစ်ထားသော Wan Xin Myanmar Company Limited စက်ရုံသည် အလုပ်သမားများ ၁၅၀ ကျော်ရှိပြီး တရုတ်နိုင်ငံသားပိုင် ဆိုင်၍ COLIN’Sတံဆိပ်ချုပ်လုပ်တာပါ။
 
စက်ရုံမှာ ပိတ်လိပ်များရွှေ့၊ စက်များရွှေ့၊ လုပ်သက်လအနည်းငယ် ရှိသောအလုပ်သမားများ ကိုအော်ဒါမရှိဘူးဟုဆိုကာ လူလျှော့ချပြီး လုပ်ခလစာများပါ ဒေးကြေးအပြည့်အဝ မရှင်းဘဲအလုပ်ရှင်ဘက်မှ ရှင်းပေးသလောက်သာ ယူခဲ့ရပါတယ်။
 
အလုပ်သမားများ အများစုကမကျေနပ်လို့ အလုပ်သမားရုံးသို့ သွားရောက်တိုင်ကြားသော်လည်း လာရောက်စစ်ဆေးပြီး အလုပ်သမားများအတွက် ဘာမှထူးခြားမှုမရှိဘဲ အလုပ်ရှင်ပေးသလောက် ဖြင့်သာကျေနပ်ခဲ့ရသောအ လုပ်သမားအများစုလည်းရှိနေပါတယ်။
 
၎င်းကိစ္စများဖြင့်ပတ်သက်ပြီး စက်ရုံ ပိတ်မလိုလိုဖြစ်ခြင်း၊ ကျန်နှစ်ကြီးအလုပ်သမားတွေကို ရက်ရှည်အလုပ်ပိတ်ထားခြင်း၊ အလုပ်ပိတ်ခြင်း ကြောင့်အလုပ်သမား တစ်ချို့မှာစက်ရုံပစ္စည်းတွေခိုးထုတ်မှာစိုးလို့ အလုပ်ရှင်မသိအောင် စက်ရုံရှေ့တွင်အ လှည့်ကျစောင့်ကြည့်နေရသည့်အခြေအနေလည်းဖြစ်ခဲ့ပါတယ်။
 
အခုလက်ရှိဖြစ်နေတဲ့ အကြောင်းအရာများက အောစူပါ----- နွယ် အလုပ်သမားများကို တဖက် စီးနင်းခိုင်းနေပြီး အလုပ်သမားများ လစာကျတော့တအားနည်းပြီး အလုပ်သမားများကို ပြန်လွတ်တဲ့အချိန် ဖယ်ရီကားမပေးခြင်း၊ အလုပ်ပြန်တဲ့ချိန်မှာ စကစဘက်က စစ်ဆေးမှုများဖြင့် ကြုံတွေ့ရပြီး တချို့ဆိုရင် အဖမ်းခံရတာမျိုးရှိနေပါတယ်။
 
လတိုင်းလတိုင်းအခုလိုမျိုး ဖယ်ရီကားမပေးဘဲ နီးစပ်တဲ့ အလုပ်သမားများကို သာဖယ်ရီကားရပါသည်၊ ၁ရက်၊၁၀လပိုင်းကစပြီး အောစူပါ --- နွယ်က ဖယ်ရီကားမပေးခိုင်းတာဖြစ်လို့ ဖယ်ရီကားလုံးဝမရတော့ခြင်းဖြစ်ပါတယ်။ ဖယ်ရီမရလို့မလုပ်နိုင်ရင်အလုပ်ထွက်လို့ပြောပါတယ်။ အလုပ်ကို တော့အောစူပါ၊ စူပါ၊ လီတာများကတော့ အလုပ်ဆင်းနေရပါတယ်။
 
၁၄ ရက်၊၁၀လပိုင်း၊ ၂၀၂၅ရက်နေ့က အလုပ်ပိတ်မယ်ဆိုလဲ အလုပ်သမားများ လုပ်သက်အလိုက် နစ်နာကြေးကို လုပ်သမားများက အလုပ်ရှင်ကိုပြောကြပါတယ်။
 
သို့သော်လည်း အောစူပါ- ---နွယ်ကနစ် နာကြေးမပေးခိုင်းခြင်း၊ တာဝန်ရှိတဲ့လူကြီးတွေက အလုပ်ပိတ်မည်ဆိုပါက နစ်နာကြေးပေးရန် အလုပ်သမား များဘက်ကပြောကြားပေးသော်လည်း အလုပ်ရှင်သူဌေးက အလုပ်သမားများကို နစ်နာကြေးပေးရမှာဆိုးလို့ မပိတ်ဘူးပြောခြင်းဖြစ်ပါတယ်၊
 
အလုပ်မပိတ်ဘူးပြောသော်လည်း လုပ်သက် တစ်နှစ်ခွဲသမားကို လေးသိန်းခွဲ ကျပ်ဖြင့်ဖြတ်ပြီးပေးခြင်း၊ ခြောက်လသမားကို သုံးသိန်းကျပ်ဖြင့်ဖြတ်ပေးခြင်းကြောင့် ဖိအားပေးခြင်း ကြောင့်လက်ခံလိုက်ရပါတယ်၊ နှစ်ကြီး အလုပ်သမား လူငါးဆယ်ကိုတော့ခေါ်ထားခြင်း၊ အလုပ်လုပ်တာတစ် ခါမှားရင်ငါးထောင်ကျပ်၊ ၂ခါမှားရင်တစ်သောင်းကျပ်၊ သုံးခါမှားရင် အလုပ်ထုပ်မယ်လို့ အောစူပါ--- နွယ်ကတာဝန်ရှိတဲ့လူကြီးများ အရှေ့မှာတင်ပြောပါတယ်။
 
အောစူပါက အခုလို့ပြောနေတာလုပ်နေတာကို အလုပ်သမားများက အခုလိုလက်သင့် ခံလိုက်တယ်ဆိုတာကလဲ လုပ်ငန်းခွင်ထဲတွင် တဖက်စီးနှင်း လုပ်နေတော့မဖြစ်မနေ လက်သင့်ခံလိုက်ရခြင်းဖြစ်ပါတယ်။
 
ဒီလိုမှမလုပ်ရင်လည်းအပြစ်ရှားပြီး အလုပ်ကနေထုတ်ပြစ်ပါတယ်။ အောစူပါ က လူမိုက်တချို့ကို ပိုက်ဆံပေးပြီးခေါ်ထားခြင်း၊ အလုပ်သမားများကို ခြိမ်းခြောက်ခြင်း၊ အိမ်အပြန်လမ်းအခက်အခဲဖြစ်အောင်လုပ်ခြင်း၊ ဘယ်သူကိုမှမပြောရဲအောင် လုပ်ခြင်းကြောင့်ဖြစ်ပါတယ်။
 
စက်ရုံထဲတွင် အထည် ၁၀၀၀ ရှိသေးခြင်းကြောင့် ဘောင်းဘီအထည်ကို လူ ၁၀ ဦးဖြင့်အောစူပါက အလုပ်လုပ်ခိုင်းခြင်း၊ လူဦးရေး ၁၀ ဦးဖြင့် ဘယ်လိုမှအထည်ရရန် မဖြစ်နိုင်ခြင်း၊ စက်ရုံရှိအလုပ်သမားများကို ကျတော့အလုပ်ထုတ်ပစ်ပြီး ယခုအခါတွင် အပြင်ကနေစားအလုပ်သမား ၅ဦးခေါ်ခိုင်းပြီး ၂၀၀၀၀ ကျပ်ပေး မယ်ပြောပြီး ညနေကျတော့ ၁ယောက်ကို ၅၀၀၀ကျပ်ရှင်းပေးခြင်းကြောင့် ရန်တွေဖြစ်ကြတာလည်း ရှိပါတယ်။
 
အလုပ်ရှင် ဘက်ကစက်ရုံရှိ အပေါက်တွေပိတ်လိုက်ပြီး အောစူပါ----နွယ်၊ စူပါ----နွဲ့၊ စူပါ ----နွယ်၊ လီတာ (Leader) ၆ ယောက်နေ့စား၁၀ယောက်ရယ်ရှိတော့ပါတယ်။
 
ယခုတွင် စူပါများက စက်ရုံကိုဦးစီ၍ အပြီးပိတ်လိုက်ပါတယ်။ အလုပ်ရှင်ကလုံးဝမရှိတော့သည့်အတွက် အလုပ်သမားများမှ လုပ်ခလစာအတွက် စိတ်ပူနေကြပါတယ်၊ နောက်ဆုံတော့ စက်ရုံကပိတ်လိုက်ပြီးဖြစ်ပါတယ်။
 
အစထဲက စက်ရုံကိုပိတ်ချင်းသော်လည်း အလုပ်သမား များကို ၄၀၀ ကျော်ကိုနစ်နာကြေးပေးရမှာဆိုး၍ တဖြည်းဖြည်းအလုပ်ထုတ်ပြီး နစ်နာကြေးအပြည့်အဝမပေး ဘဲလုပ်ခဲ့ပြီး တစ်ဖြည်းဖြည်း စက်ရုံထဲလူမရှိတော့အောင်လုပ်ပြီးမှ ယခုတွင်စက်ရုံပိတ်လိုက်ခြင်းဖြစ်ပါတယ်။
 
ထို့အတွက်ကြောင့် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဌထံတွင် လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်။
၁။ အလုပ်ရှင်ဘက်က စက်ရုံပိတ်သိမ်းခြင်းအား အလုပ်သမားတွေကို ပေးချေစရာရှိတာ ပေးချေးပေးရန် ဖြစ်ပါသည်။
အကူအညီတောင်းခံသူ
Wan Xin Myanmar Company Limited အလုပ်သမားများ

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026