NEWS

Sun Star အထည်ချုပ်စက်ရုံ တစ်လ အချိန်ပိုနာရီ ၂၀၀ ကျော်ပြီး လုပ်ခ အပြည့်မရ

CoverLogo
489 Views
 
Sun Star အထည်ချုပ်စက်ရုံ မှာ တစ်လ အချိန်ပိုနာရီ ၂၀၀ ကျော်လုပ်ကိုင်နေရပြီး လုပ်ခ အပြည့်အဝမရ ဘူးလို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံလည်ပတ်နေတာ တစ်နှစ်ကျော်နီးပါးရှိနေပြီး မြန်မာနိုင်ငံ အလုပ်သမား ဥပဒေတွေကို ချိုးဖောက်နေ တယ်လို့ အလုပ်သမားတွေက ပြောထားတာပါ။
 
"တစ်လကို အချိန်ပိုနာရီ ၂၀၀ ကျော်ဆင်းရပါတယ်။ နေ့လည် ထမင်းစားချိန် မိနစ် ၃၀ နားပြီး ည ၉:၃၀ ထိကို အနားမပေးပဲ လုပ်ရတယ်။ ပိတ်ရက်မရှိ၊ နားရက်မရှိလို့ ကျန်းမာရေးတွေ ထိခိုက်လာတော့ အလုပ်က ထွက်ကြတာတွေ ရှိတယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံ အလုပ်ချိန်က တနင်္လာနေ့ကနေ စနေနေ့အထိ မနက် ၈ နာရီမှ ည ၉:၃၀ နာရီ အထိ ဖြစ်ပြီး၊ တစ်ရက် ၁၃ နာရီခွဲ အလုပ်ကိုင်ရတဲ့ အပြင် တနင်္ဂနွေပိတ်ရက် ကိုပါ အနားမပေးဘဲ ဆက်လက် လုပ်ကိုင် ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုနာရီ ၂၀၀ ကျော်လုပ်ရင် လုပ်ခ သုံးသိန်းကျော် ရရမှာ ၊ လက်တွေ့ကြတော့ ၂၅ ရက် အလုပ်ဆင်းတာ နှစ်သိန်းစွန်းစွန်းပဲရတာ။ လစာပေးစလစ်မှာလည်း ဘာမှ တိတိကျကျ မရှိဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
လက်ရှိ ဒေးကြေး ၉၈၀၀ ကျပ် နဲ့ အချိန်ပိုကြေး တစ်နာရီ ၁၈၀၀ ကျပ် ဖြင့် ပေးချေထားတယ်လို့ သိရပါတယ်။ စက်ချုပ်အလုပ်သမားတချို့ကိုလည်း တခြားဌာနတွေကို စက်ရုံဘက်က ပြောင်းရွှေ့လုပ်ကိုင်ခိုင်း ပြီး ငွေကြေးဖြတ်ယူတယ်လို့ ပြောပါတယ်။
 
"တချို့အလုပ်သမားတွေဆို စက်ချုပ်နဲ့ အလုပ်လာ လုပ်ကြပါသည်။ သူတို့ မကြိုက်လျှင် စက်မချုပ်နဲ့ ပညာအရည်အချင်း ဘယ်လောက်ရှိလဲမေးပြီး Qc အထည်စစ် လုပ်မလား မေးပါသည်။ လုပ်မယ်ဆို ပညာကြေးဆိုပြိး ကျပ် ၄၀၀၀၀ စက်ရုံဘက်က တောင်းပါသည်။ လစာထုတ်တာနဲ့ လစာထဲက ဖြတ်ယူထားပါတယ်" လို့ အလုပ်သမာတွေက ပြောပါတယ်။
 
အလုပ်ရှင်ဘက်က အထည်အရေအတွက်ကို မတရားတောင်းပြီး အလုပ်သမားတွေကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆို၊ ပြောဆို ခိုင်းစေတယ်လို့ သိရပါတယ်။ Sun Star အထည်ချုပ် စက်ရုံက မြန်မာ နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၁၆ ရပ်ကွက်၊ ဇေယျာသီရိလမ်းမှာ ဖွင့်လှစ်ထားပါတယ်။
 
အလုပ်သမား စုစုပေါင်း (၅၀) ကျော်က စက်လိုင်း (၂) လိုင်းနဲ့ အထည်ချုပ် စက်ရုံကြီးတွေက အထည် တစ်ဆင့်ခံ ချုပ်လုပ်နေတာလို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026