NEWS

တောက်ပံကြေး တိုးပေးလည်း Skytex (မြန်မာ) အထည်ချုပ်စက်ရုံ လုပ်သားများ နစ်နာရ

CoverLogo
452 Views
 
ကျွန်မတို့က Skytex (မြန်မာ) အထည်ချုပ်စက်ရုံက စက်ရုံလုပ်သားတွေပါ။ ညီမတို့မှာ ထောက်ပံကြေး တိုး‌ ပေးတယ်ဆိုလို့ ဝမ်းသာနေတာ၊ အခုတော့ပဲခူးက စက်ရုံတွေအတော်များများမတိုးကြဘူး။
 
အမှန်ဆို စက်ရုံဘက်က သူတို့ဘာသာ ထောက်ပံကြေးပေးထားတာလေ။ အခုတော့ အရင်ပေးထားပြီးသားနဲ့ဆို ၇၈၀၀ ကျော်တယ်ဆိုပြီး ထပ်မတိုးပေးကြဘူး။
 
လစာထဲမှာလည်း ဒီတိုင်းထောက်ပံကြေးပဲ ထည့်ရေးတာဆိုတော့ အလုပ်သမားတွေပဲ နစ်နာရတယ်။ လေဘာရုံးတွေကလည်း လစာမှာ ထောက်ပံကြေးခွဲရေးဖို့ စာထုတ်ပြီး၊ စက်ရုံတွေကို မပြောဘူး။
 
အခုတော့ စက်ရုံ ထောက်ပံကြေးနဲ့ရောပြီး ထပ်မတိုးဘူး။ လစာတွေ မလောက်လို့ ၃သောင်းတိုးပြီဆို ပြီး ဝမ်းသာနေတာ။ အခုတော့ဘာမှမထူးဘူး။
 
ပဲခူးက ကေဖိုင်း ၊ စူတီ ၊ စကိုင်းတက် စက်ရုံတွေ အားလုံး မတိုးလို့ပြောတာပါရှင့်။ ညီမတို့ စက်ရုံမှာတော့ ညနက် အချိန်ပို (OT)နဲ့ အော်လင်း အဆင်းခိုင်းတာတွေ မရှိတော့ပါဘူး။ အခုဆို ညနေ ၄ နာရီဆိုပြန်နေရပါတယ်။ ဖိအားပေးတဲ့ မန်နေဂျာလည်း ပြောင်းသွားပါပြီ ။ နှစ်ပြည့်ခွင်တွေလည်း ရခဲ့တယ်။
 
သတင်းတွေဖော်ပြပေးလို့ သိပ်ကို ကျေးဇူးတင်ရပါတယ်။ အခု ထောက်ပံကြေးတိုးပေးလဲ အလုပ်သမားတွေ ခံစားခွင့်မရရှိတာကို ပြောပြချင်တာပါ။
 
လုပ်ခ ၇၈၀၀ လို့ ပြောလည်း ပိတ်ရက်တွေကို ၄၈၀၀ နဲ့ တွက်ပေးနေတာပါ။ ဘာမှ ခိုင်မာမှုမရှိတဲ့ တောက်ပံကြေးတွေ မလိုချင်ပါဘူး။ တရက် လုပ်ခလစာ သတ်မှတ်ပေးဖို့ပဲ လိုလားပါတယ်။
 
(Skytex (မြန်မာ) စက်ရုံ စက်ရုံက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ ကလိတတ်ကလဲ ကျေးရွာ၊ ပဲခူးမြိုနယ်မှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို သိထားပါတယ်။)

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026