NEWS

အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုများ ဖြစ်ပွားနေဟု စစ်ကောင်စီ ပြောဆို

CoverLogo
439 Views

၂၀၂၄ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံကို ဦးတည်ပြီး အငှားကိုယ်ဝန်ဆောင် လူကုန်ကူးမှုတွေ ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီရဲ့ မီဒီယာမှာ ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်မှု တိုက်ဖျက်ရေးနေ့ အတွက် ပေးပို့တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံ၏ လူကူးမှုပြဿနာတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်း ဒေသက တချို့ နိုင်ငံတွေက ဈေးကွက်လိုအပ်ချက်အရ ဖြစ်ပွားနေတယ်လို့ လည်း ပြောဆိုပါတယ်။ ပြည်ပလူကုန်ကူးမှုတွေကို ကျူးလွန်သူတွေဟာ ရန်ကုန်၊ဧရာဝတီ၊ ပဲခူး ၊ နေပြည်တော် နဲ့ နိုင်ငံအတွင်း တခြားဒေသတွေက အမျိုးသမီးငယ် ကို လိမ်လည် စုဆောင်းနေတယ်လို့ ဆိုပါတယ်။ 

နှစ်စဉ် ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေအရ ပြည်တွင်းမှာ လူကုန်ကူးမှု  ၅၆ ရာခိုင်နှုန်း၊ ပြည်ပ လူကုန်ကူးမှု ၄၄ ရာခိုင်နှုန်း ဖြစ်ပွားတယ်လို့ ဖော်ပြထားပါတယ်။ 

ဖြစ်ပွားတဲ့ကိန်းဂဏန်းတွေကိုတော့ ဖော်ပြထားတာမရှိသလို ပြည်တွင်း လူကုန်မှုတွေက အဓမ္မလက်ထပ် ထိမ်းမြားတာ၊ ပြည့်တန်ဆာပြုမှု၊ အဓမ္မ ခိုင်းစေမှု၊ ကြွေးမြီနဲ့ နှောင်ဖွဲ့ ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေး ရောင်းစားမှုနဲ့ တောင်းရမ်းခိုင်းစေမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြည်တွင်း  လူကုန်ကူးသူတွေက ရခိုင်၊ ရန်ကုန်၊ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်က အမျိုးသမီးငယ်တွေကို လိမ်လည် သွေးဆောင်ပြီး ရှမ်းမြောက်၊ ရှမ်းအရှေ့ ဒေသတွေကို ပို့ဆောင်ပြီး အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေတာ၊ အဓမ္မခိုင်းစေတာတွေ ကျူးလွန်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဖော်ပြချက်တွေအရ မူဆယ်၊ လောက်ကိုင်၊ မိုင်းပေါက် နဲ့ တာချီလိတ်ဒေသတွေမှ လူကုန်ကူးမှုတွေ ဖြစ်ပွားနေတယ်လို့  ပြောဆိုပါတယ်။

Facebook၊ Wechat၊ Telegram  ၊ Tik Tok  စတဲ့ လူမှုကွန်ရက်တွေကို အသုံးပြုပြီး လူကုန်ကူးမှုကို ကျူးလွန်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ အွန်လိုင်းလိမ်ညာမှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ မြန်မာနိုင်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ လုပ်ကိုင်နေတာကိုတွေ့ရပြီး လုပ်အားခေါင်းပုံဖြတ် လူကုန်ကူးမှု တွေလည်းဖြစ်ပွားနေတယ်လို့  စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေတွေနဲ့ ပြစ်ဒဏ်ချမှတ်မှု ၆၄ မှုရှိခဲ့ပြီး အဲဒီထဲက တရားခံ ၁၁၁ ဦးကို အမြင်ဆုံး ထောင်ဒဏ် တသက်နဲ့ အနိမ့်ဆုံး ထောင် ၁၅ နှစ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမှု ၁၉၉ မှု ရှိခဲ့ပြီး အမျိုးသား ၁၇၄ ဦးနဲ့ အမျိုးသမီး ၂၀၉ ဦး စုစုပေါင်း ၃၈၃ ဦးကို အရေးယူထားတယ်လို့ စစ်ကောင်စီဝန်ကြီးရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

 


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026