NEWS

ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ

CoverLogo
345 Views
ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင် ဘန်းဘင်မြို့ရှိဖော့ကြိတ်စက်ရုံတွင်လုပ်ကိုင်နေသော မြန်မာလုပ်သား ကိုသက်ဇော်ကိုသည် နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်အချိန်တွင် ဖော့အဟောင်းများကြိတ်နေစဥ် စက်ထဲသို့လက်ငြိပါသွားရာမှ လူတစ်ကိုယ်လုံးစက်ထဲသို့ဝင်သွားကာ သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး ၎င်းရဲ့နစ်နာကြေးရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကူညီပေးနေသော WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အဆိုပါဖြစ်စဥ်အတွင်းသေဆုံးခဲ့သော မြန်မာလုပ်သား ကိုသက်ဇော်ကိုသည် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ၎င်းစက်ရုံတွင်လုပ်ကိုင်နေသည်မှာ ငါးလခန့်သာရှိသေးကြောင်းသိရပါတယ်။
 
"စက်ရုံဘက်က စကားကျွံသွားတဲ့ကိစ္စကြောင့်သူတို့တိုင်ပတ်နေတာ ။အလုပ်သမားကတော့ပန်းရောက်ကတ်ရှိတယ်။ဘတ်သမားပေါ့။ကျွန်တော်တို့အဖွဲ့စုံနဲ့သွားညှိတဲ့အချိန်မှာ စက်ရုံဘက်ကနေဘဲလျော်ကြေးဘတ်ဆယ်သိန်းပေးမယ်ဆိုပြီး အဖွဲ့အစုံရှေ့မှာသူတို့ကပြောလိုက်တာ။ထိုင်းအစိုးရဘက်ကအဖွဲ့စုံရှေ့မှာလည်းသူကဘတ်ဆယ်သိန်းပေးမယ် ပကန်စခွန်ကနစ်နာကြေးလည်းရအောင်သူဆောင်ရွက်ပေးမယ်ပြောလိုက်တာ။ဒါပေမဲ့စနေနေ့စကားထပ်ပြောတဲ့အချိန်ကြသူတို့ကဆယ်သိန်းမပေးတော့ဘူးလေးသိန်းဘဲပေးတော့မယ် ပြန်ညှိတာပေါ့ ။ကျွန်တော်တို့ကလည်းအာဏာပိုင်အဖွဲ့အစည်းစုံနဲ့ပြောထားတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ချည်းဘဲဆုံးဖြတ်လို့မရဘူး။ထိုင်းအစိုးရအာဏာပိုင်ဘက်တွေကလည်း သူပြောတုန်းကဆယ်သိန်းအခုဒီလိုမျိုးဖြစ်တယ်ဆိုတော့လက်မခံခိုင်းဘူး။ဆက်ညှိနှိုင်းရအုန်းမှာပါ"လို့ WAG မဟာမိတ်အလုပ်သမားအဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026