NEWS

သတင်းသမားတွေ ကြောက်ရွံ့ရမှုကင်းစွာဖြင့် လွတ်လပ်စွာ အလုပ်လုပ်နိုင်သော နိုင်ငံအဖြစ် ရည်မှန်းထားတယ်လို့ NUG အစိုးရအဖွဲ့ ထုတ်ပြန်

CoverLogo
452 Views

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ သတင်းသမားတွေ ကြောက်ရွံ့ရမှုကင်းစွာဖြင့် လွတ်လပ် စွာ အလုပ်လုပ်နိုင်သော နိုင်ငံတစ်နိုင်ငံကို ဦးတည် ရည်မှန်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။ 

သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ NUG အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

မိမိတို့၏ အသက်ကို ပဓာနမထားဘဲ သတင်းများ ဖော်ပြပေးနေတဲ့ သတင်းသမားအားလုံးအပေါ် မယိမ်း မယိုင် ထောက်ခံပံ့ပိုးသွားမှာဖြစ်ကြောင်း၊ စစ်ကောင်စီရဲ့ အန္တရာယ်တွေနဲ့ အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုတွေ ကို ရင်ဆိုင်နေရပေမဲ့လည်း မြေပြင်မှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ အဖြစ်မှန်တွေကိုဖော်ထုတ်ရန်၊ ပြည်သူ လူထုရဲ့ သတင်းသိပိုင်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ကို ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံရှိ သတင်းသမားများ၏ သတ္တိနှင့် စွန့်လွှတ်မှုများကို ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး၊ သတင်းသမား ၁၅၀ ဦး ထက်မနည်း ဖမ်းဆီးခံရခြင်းနဲ့ ညှင်းပမ်းနှိပ်စက်ခံရခြင်း ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ရက်အထိ သတင်းသမား ၆၄ ဦးထက်မနည်း မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရဆဲဖြစ်ကာ ၎င်းတို့၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခံနေရဆဲဖြစ်ပါတယ်။ 

နယ်စည်းမခြား သတင်းထောက်များ - Reporters Without Borders (RSF) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက် ၁၇၁ အဆင့်ထိ နိမ့်ကျနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026