NEWS

အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ

CoverLogo
300 Views
မြန်မာ ပြည်တွင်း ပဋိပက္ခဖြစ်ပေါ်မှုတွေကြောင့် ပြည်တွင်းမှာ စားနပ်ရိက္ခာဖူလုံ မှု မရှိတော့ကာ ငါးနှစ်အောက် ကလေးငယ် လေးသိန်းကျော်ဟာ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
 
စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က နိုဝင်ဘာ ၁၁ ရက်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ Hunger Hotspot အစီရင်ခံစာတွင် မြန်မာနိုင်ငံဟာ “အလွန်စိုးရိမ်ဖွယ်ရာ ငတ်မွတ်မှုပြဿနာ” ခြောက်ခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခံထားပြီး စားနပ်ရိက္ခာ လုံခြုံမှု မရှိတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ ပါဝင်ကာ အဆိုးရွားဆုံး အန္တရာယ်နဲ့ ရင်ဆိုင်နေရသော နိုင်ငံဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
 
အစီရင်ခံစာအရ ငါးနှစ်အောက်ကလေးငယ် ၄၁၀,၀၀၀ ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေဟာ ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၆ ခုနှစ်အတွင်း အာဟာရချို့တဲ့မှုနှင့်ရင်ဆိုင်ရမယ်လို့ ခန့်မှန်းထားပြီး စဉ်ဆက်မပြတ်အာဟာရထောက်ပံ့မှုနှင့် လူသားချင်းစာနာထောက်ထားမှုလက်လှမ်းမီမှုအတွက် အရေးတကြီးလိုအပ်နေတယ်လို့ အလေးပေးဖော်ပြထားပါတယ်။
 
အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသ တွေမှာ ရန်ပုံငွေပြတ်လပ်မှုနှင့် လက်လှမ်းမီမှု အလွန်အမင်း ကန့်သတ်ချက်တွေကြောင့် အခြေအနေဟာ ပိုမို စိုးလာတယ်လို့ ဆိုပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာဟာရဆိုင်ရာ မျှော်မှန်းချက်မှာ အထူးသဖြင့် မောင်တောမြို့နယ်တွင် စိုးရိမ်ရတဲ့ အဆင့် ၄ နဲ့ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် မေလအတွင်း အဆင့် (၅) ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
 
ပြည်တွင်းရှိ လူဦးရေ ၁၁.၈ သန်းခန့် (စုစုပေါင်းလူဦးရေ၏ ၂၂ ရာခိုင်နှုန်း) နဲ့ အရေးပေါ်အဆင့် လူတစ်သန်းအပါအဝင် ဟာ ပြင်းထန်သော အစားအစာမလုံလောက်မှုအဆင့်ကို ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026