NEWS

လုံခြုံရေးကုမ္ပဏီတွေ လိုင်စင်လျှောက်ဖို့ စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဥပဒေ ထုတ်ပြန်

CoverLogo
754 Views

ပုဂ္ဂလိကလုံခြုံရေးဥပဒေကို စစ်ကောင်စီ အနေနဲ့ မနေ့ကဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်​ပြဋ္ဌာန်း လိုက်ရာ ပြည်တွင်းကလုံခြုံရေးကုမ္ပဏီ‌ တွေအနေနဲ့ လိုင်စင်လျှောက်ထားမှ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိတော့မယ်လို့သိရပါတယ်။ 

 

အဲ့ဒီ့ ဥပဒေရဲ့ သတ်မှတ်ချက်အရ လုံခြုံရေး ၁၀ ယောက်အထက် ခန့်မယ်ဆိုရင်  လိုင်စင်လျှောက်ထားဖို့လိုအပ်တဲ့အတွက်ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း  ဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ၆ လအတွင်း သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

" ဥပဒေထုတ်ပြီး လိုင်စင်တွေလျှောက်ခိုင်းတယ်။လိုင်စင်ကဒီအတိုင်းလျှောက်လို့ရတာမဟုတ်ဖူး။ငွေစာရင်းပြခိုင်းတာ၊ အပ်ငွေထားခိုင်တာတွေနဲ့ရှိသေးတယ်၊ လုံခြုံရေးကုမ္ပဏီတွေတင်သူတို့ကရည်ရွယ်တာမဟုတ်ဖူး၊ ဘယ်ကုမ္ပဏီမဆို လုံခြုံရေးအရေအတွက် ၁၀ ယောက်ဖြစ်ရင်လိုင်စင်ရှိရမယ်လို့လည်းဆိုလို‌နေတယ်။အဓိကကတော့လုံခြုံရေးကုမ္ပဏီတွေကိုရည်ရွယ်တာပေါ့"လို့ ပြည်တွင်းကလုံခြုံရေးလုပ်ငန်းဝန်ဆောင်မှုပေးနေသူတစ်ဦးကပြောပါတယ်။ 

 

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ အနည်းဆုံး ကျပ်သိန်းတထောင်၊ နိုင်ငံခြားကုမ္ပဏီဆိုရင် ကျပ်သိန်း ၁၀၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရှိရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

 

ခွင့်ပြုမိန့်လိုင်စင် မရှိဘဲ ကိုယ်ပိုင်လုပ်ငန်း နဲ့ လုပ်ငန်းခွဲအတွက် လုံခြုံရေးဝန်ထမ်း ၁၀ ယောက်ထက် ပိုပြီး ခန့်ထားပါက တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း တစ်ရာမှ ကျပ်သိန်း ငါးရာအထိ  ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

 

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကိုလည်း လိုင်စင်မရှိဘဲ လုပ်ကိုင် ပါက အနည်းဆုံး   တနှစ်ကနေ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ခံရမယ့်အပြင် ငွေဒဏ် ကျပ်သိန်းတစ်ရာ အထိလည်း ချမှတ်ခံရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်း ဖြစ်ခဲ့ရင် ငွေဒဏ် အနည်းဆုံး ကျပ်သိန်းတထောင် ကနေ အများဆုံး ကျပ်သိန်း သုံးထောင်ထိ ချမှတ်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် လုပ်ငန်းလိုင်စင်ရရှိသူဟာ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ 

 

ထပ်မံပြီး ပုဂ္ဂလိကလုံခြုံရေးဥပဒေမှာပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေအနေနဲ့လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လည်း ပါဝင်ထည့်သွင်းထားရာ  လိုအပ်ချက်အရ လက်နက်၊ ခဲယမ်း   ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြပြီး သဘောထားရယူပြီး ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီက ဥပဒေထုတ်ကာအသိပေးထားတယ်လို့သိရှိရပါတယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026