NEWS

ရုရှားနိုင်ငံကို မြန်မာမှ လုပ်သားစေလွှတ်ဖို့ အေဂျင်စီ အချို့နှင့်ဝန်ကြီးဌာန ဆောင်ရွက်နေ

CoverLogo
793 Views

ရုရှားနိုင်ငံ ကို မြန်မာလုပ်သား စေလွှတ်ဖို့ အတွက် အေဂျင်စီ အချို့နဲ့ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့အေဂျင်စီ အသိုင်းဝိုင်းမှ သိရပါတယ်။

ပြည်ပ နိုင်ငံ တွေ ကို မြန်မာလုပ်သားစေလွှတ် နိုင်ဖို့ အေဂျင်စီ တွေ အနေနဲ့ နိုင်ငံအသစ်တွေ ကို ဈေးကွက် ချဲ့ လာတာ မှာ ရုရှား နိုင်ငံ ကို ပါ  စေလွှတ်ဖို့ အေဂျင်စီ အချို့ က လုပ်ဆောင် လာတာ ဖြစ်ကာ အလုပ်သမားဝန်ကြီးဌာနက လည်း ခွင့်ပြုပေးတယ်လို့ သိရပါတယ်။

""ရုရှား ကို လုပ်သား ပို့ဖို့ လုပ်နေတာက စစ်တပ်နဲ့ ဆက်စပ်တဲ့အေဂျင်စီတွေနဲ့ ဝန်ကြီးဌာနက လုပ်နေတာ သွားမယ့်သူ နည်းလိမ့်မယ် စစ်ဖြစ်နေတဲ့နေရာ ဖြစ်သလို သူ့နိုင်ငံက အာဏာရှင်နိုင်ငံ ဖြစ်နေတော့အလုပ်သမား အခွင့်ရေး အပြည့်အဝ ရနိုင်ဖို့ မလွယ်ဘူး အလုပ်သမားနစ်နာမှု ဖြစ်လို့ ဒီဘက်က အေဂျင်စီ လိုက်ရှင်းပေးနိုင်ဖို့လည်း သိပ်မလွယ်ဘူး""လို့ ပြည်ပလုပ်သားစေလွှတ်နေတဲ့ လိုင်စင်ရအေဂျင်စီ တစ်ခု မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရုရှားနိုင်ငံ ကို ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း တွေ အတွက် မြန်မာလုပ်သား ကိုခေါ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

 "ကုန်ထုတ်လုပ်ငန်း တော့ လုပ်ချင်သူရှိလိမ့်မယ် စိုက်ပျိုးရေး မွေးမြူရေးက ရုရှားရဲ့ရာသီဥတု က  အရမ်းအေးတာ ဆိုတော့ လုပ်နိုင်မယ့်သူနည်းလိမ့်မယ်  တကယ်လို့ မလုပ်နိုင်လို့ ပြန်လာမယ်ဆို လည်း မလွယ်ဘူး  ထွက်ပြေးဖို့လည်း မလွယ်ဘူး လေ စစ်ကလည်းဖြစ်နေတာ ပထမဆုံး သွားမယ့်သူတွေ အတွက်တော့ စိန်ခေါ်မှုတစ်ခုလို့ပဲ မြင်တယ်""လို့ ပြည်ပနိုင်ငံကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ရန် ဆောင်ရွက်နေသူ တစ်ဦး ကပြောပါတယ်။

လတ်တလောမှာ ရုရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်ဖို့ အတွက်ရုရှား ဘာသာစကားတက်ရောက်သင်ကြားနေသူတွေရှိသလို အေဂျင်စီအချို့ကသင်တန်း ပေးနေတာတွေရှိပြီး သွားရောက်ဖို့ အတွက် ဝန်ဆောင်ခ ကို အလုပ်သမားဘက်က အခြေခံကုန်ကျစရိတ် အချို့သာပေးရမယ်လို့သိရပါတယ်။

"ရုရှားကို လုပ်သားစေလွှတ်တာနဲ့ ပတ်သက်လို့ ၂၀၂၃ နှစ်ကုန်လောက်ကတည်းက သူတို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လူငယ်ကြားမှာ သတင်းထွက်နေတာ ရုရှားဘာသာစကားကို အဲ့ကတည်းက တချို့ သင်နေကြတာရှိတယ်။ အခုလို သတင်းထွက်လာတော့ တရားဝင်ထွက်လာတာပဲပြောရမယ်။ ရုရှားနိုင်ငံကယူကရိန်းကို ထိုးစစ်ဆင်ပြီးနောက် မှန်းထားသလိုဖြစ်မလာဘဲ တန်ပြန်တိုက်စစ်တွေကြောင့် စစ်ပွဲက ကာလကြာရှည်လာတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ အခုခေတ်က ဘယ်လောက်ခေတ်မီတယ်ပြောပြော စက်ရုပ်တွေနဲ့တိုက်နေတာမဟုတ်တော့။ လူသားအရင်းအမြစ်တွေက စစ်ထဲကို တစတစ ပါဝင်လာရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီတော့ နောက်တန်းမှာ လုပ်သား လိုအပ်ချက်မြင့်တက်လာတယ်။ အဓိက စားသောက်ကုန်လုပ်ငန်းတွေ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာလုပ်သားလိုအပ်ချက်များလာတယ်ထင်တာပဲ။ ရေရှည်တိုက်မဲ့ စစ်ပွဲအဖြစ်သူတို့က ပုံဖော်လာရင်တော့ မလွှဲမသွေ မဟာမိတ်တွေဆီက လုပ်သားတွေ တလ သုံးထောင်လောက်ကနေစတောင်းလာနိုင်တယ်။ မြန်မာနိုင်ငံတင်မကဘူး။ တခြားနိုင်ငံတွေကပါ တစ် လ ကို လုပ်သားအင်အား သတ်မှတ်ပြည့်အောင်ခေါ်ကြမှာပဲ။ ကိုရီးယား၊ ဂျပန် သွားဖို့ မဖြစ်နိုင်တော့တဲ့ လူငယ်တွေက ရုရှားကို သွားဖို့  ကြိုးစားကြဦးမယ်ထင်တာပဲ။ ဒီနေရာမှာ သူတို့ ဘယ်လိုလွှတ်မလဲဆိုတာကမေးစရာရှိတယ်။ ကိုရီးယား လွှတ်သလို G to G မလုပ်ရင် အဆင်ပြေမယ်မထင်ဘူး။ နောက်သွားချင်တဲ့ လူငယ်တွေက သွားရရင်ပြီးရောတွေးလို့မရဘူး။ အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ၊ ရာသီဥတု ၊ အစားအသောက် စတာတွေ လေ့လာပြီးမှ ကိုယ်တကယ် သွားနိုင်လား အစရှိသဖြင့် ပြင်ဆင်ပြီးမှသွားသင့်တယ်။ G to G မဟုတ်ဘဲ အေဂျင်စီကနေ စလွှတ်မယ်ဆိုရင်တော့ ယောင်လိုတောင်မသွားနဲ့လို့ပြောချင်တယ်။သူတို့ အသေအလဲ လေ့ကျင့်ထားတဲ့စစ်သားတွေတောင် လက်တဆုပ်စာ ယူကရိန်းစစ်တပ်တွေက တစစီမွချေပစ်တာ သတင်းတွေမှာမြင်နေရတာပဲလေ၊ သေချာလေးစဥ်းစားကြည့်သင့်တယ်"လို့ အေဂျင်စီအသိုင်းဝိုင်းနဲ့နီးစပ်သူ တစ်ဦး ကသူ့အမြင်ကိုပြောပါတယ်။

လက်ရှိမှာတော့  မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံ၊  မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ လာအို ၊ အရှေ့အလယ်ပိုင်း၊ တရုတ်စတဲ့နိုင်ငံတွေမှာ  သွားရောက်အလုပ်လုပ်မှုများတယ်လို့ သိရပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026