NEWS

ရက်ပေါင်း၉၀ ကျော် အထိ အလုပ်လုပ်ခွင့်မရတဲ့ MOU အလုပ်သမား​တွေနစ်နာ​နေရ

CoverLogo
529 Views

ထိုင်းနိုင်ငံ ကို MOU စနစ်ဖြင့် အလုပ်သွား လုပ်ရန် အတွက် လိုင်စင်ရ အေဂျင်စီ ဖြင့် အလုပ်သမားဝန်ကြီးဌာန သတ်မှတ်ထားသည့် EC စာချုပ် ချုပ်ဆိုထားပြီး ရက်ပေါင်း ၉၀ ကျော်တဲ့ အထိ မသွားရတဲ့ အလုပ်သမား များစွာရှိနေပြီး နစ်နာမှု​တွေ ဖြစ်​ပေါ် ​နေတယ်လို့ အလုပ်သမားတွေ ထံကသိရပါတယ်။ 

ထိုင်းနိုင်ငံကို MOU စနစ်ဖြင့် တရားဝင် အလုပ်သွားရောက် လုပ်မယ့် အလုပ်သမားတွေနဲ့ ပို့ဆောင်ပေးမယ့် အေဂျင်စီ တို့ ဟာ အလုပ်သမားဝန်ကြီး ဌာနက ဖွင့်လှစ်ထားတဲ့ မြောက်ဒဂုံ အလုပ်သမားသင်တန်းကျောင်း ပင်လုံခန်းမ တွင် အလုပ်သမားဝန်ကြီးဌာန မှ အရာရှိများ ရှေ့မှာ သဘောတူစာချုပ် ချုပ်ဆိုရကာ စာချုပ်အတွင်း ရက်ပေါင်း၉၀အတွင်း အေဂျင်စီမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးရမယ်လို့ ပါရှိကြောင်း သိရပါတယ်။ 

""ကျွန်မတို့ စာချုပ် ချုပ်ထားတာ ၅လကျော် ရှိပြီ အခုထိ မထွက်ရသေးဘူး အေဂျင်စီ ကို ဆက်သွယ်တော့လည်း ဟိုနေ့ သွားရမယ်ဒီနေ့သွားရမယ်နဲ့ အခုထိ မသွားရသေးဘူး ပိုက်ဆံတွေလည်းသွင်းထားတာ အတိုးတွေနဲ့ အခုဘာဆက်လုပ်ရမယ်မသိ ဖြစ်နေတယ်""လို့  နစ်နာသူအလုပ်သမား တစ်ဦးကပြောပါတယ်။ 

ထိုင်းနိုင်ငံ ကို သွားရောက်ဖို့ အေဂျင်စီ နဲ့ စာချုပ် ချုပ်ဆို ပြီး တစ်နှစ်ကျော် တဲ့ အထိ မသွားရတာတွေပါရှိတယ်လို့ သိရပါတယ်။ 

"အစ်မတို့ ဆို တစ်နှစ်ကျော်ပြီ  စုစုပေါင်း အယောက် ၅၀ အေဂျင်စီက အောင်ဘုန်းမြတ်ဟိန်း  တစ်ယောက်ကို ၃၂သိန်း ကျပ် ပေးထားတာ ၁၀သိန်းပဲ ပြန်ပေးပြီး ကျန်တာ တွေ လည်း ပြန်မပေးဘူး အာ့ကြောင့်အလုပ်သမားတွေ စုပြီး တိုင်ဖို့ လုပ်နေတယ်""လို့ နစ်နာသူအမျိူးသမီးတစ်ဦးကပြောပါတယ်။ 

ယခုကဲ့သို့ လိုင်စင်ရ အေဂျင်စီ မှ သတ်မှတ်စည်းကမ်း ချက်နဲ့ မညီဘဲဥပဒေ ချိုးဖောက်မှု တွေ ဖြစ်ပါက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) ကိုတိုင်ကြားနိုင်တယ်လို့ သိရပါတယ်။ 

""စာချုပ်ပါ သတ်မှတ်ရက် အတွင်း လုပ်ငန်းခွင်ကို အေဂျင်စီက မပို့ပေး နိုင် ဘူး အခုလို လိုင်စင်ရအေဂျင်စီ နဲ့ပက်သက်တာ ဖြစ်ရင် MOEAAကို တိုင်လို့ရတယ် ရုံးကဗိုလ်ကလေးဈေးမှတ်တိုင်နားမှာ အေဂျင်စီနာမည် ထိုင်းဘက်က အေဂျင်စီ နာမည် စက်ရုံ နာမည်နဲ့ ဘယ်နေ့ကစာချုပ်ချုပ်ခဲ့တယ်စတဲ့ အချက်အလက် တွေယူပြီး တိုင်လို့ရပါတယ်""လို့ MOEAAမှ အဖွဲ့ဝင်တစ်ဦးကပြောထားပါတယ်။ 

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) အနေဖြင့် အခုလို ကိစ္စရပ်တွေ ကို ဖြေရှင်း ဆောင်ရွက်ပေးနေတယ်လို့လည်း  သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026