NEWS

ပွဲစားတွေထံမှလုပ်သားစုဆောင်းလက်ခံပါက ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီတွေ အရေးယူခံရမည်ဟုဆို

CoverLogo
485 Views

ပြည်ပအလုပ်အကိုင် လိုင်စင်ရအေဂျင်စီများက ပွဲစားများထံ မှ လုပ်သားစုဆောင်းလက်ခံ ခြင်းစိစစ်တွေ့ရှိပါက အရေးယူခံရမယ်လို့အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

ပြီးခဲတဲ့ရက်ပိုင်းက ပြည်ပအလုပ်အကိုင်လုပ်ငန်းဆောင်ရွက်နေမှုအပေါ်  အသိပေး ထုတ်ပြန်လိုက်တဲ့ အရေးယူဆောင်ရွက်မယ့် အကြောင်းအရာအမျိုးစားသတ်မှတ်ခြင်း မှာ ပွဲစားတွေ ထံက လုပ်သားစုဆောင်းခြင်း မပြုဖို့ ဆိုတဲ့အချက်ပါထပ်မံ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အဆိုပါ သတ်မှတ်ချက်တွေထဲမှာ အခကြေးငွေ ယူဆောင်ပြီး လုပ်ဆောင်နေတဲ့ အကျိုးဆောင် လိုင်စင်မရှိတဲ့ကုမ္ပဏီတွေ ၊ ကုမ္ပဏီ မှ ဌာန သို့ တင်ပြခွင့်ပြုချက် ရယူပြီး တာဝန်ပေးအပ်ထားတဲ့ နယ်ကိုယ်စားလှယ် မဟုတ်သောသူ နဲ့ ပွဲစားများထံ မှ လုပ်သားစုဆောင်း  လက်ခံတာ ကို စိစစ်  တွေ့ရှိပါက အလုပ်သမား တွေ ထံ က ကောက်ယူထားတဲ့ ငွေကြေး အားလုံး ကို  အလုပ်သမား ထံ ပြန်လည်ပေးအပ်ရမယ့် အပြင် အလုပ်သမား တစ်ဦး အတွက် ဒဏ်ကြေး အဖြစ် ကျပ်လေးသိန်း ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

"လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ လုပ်သားစုဆောင်းမယ်ဆိုရင် အေဂျင်စီက နေ တရားဝင် ခန့်အပ်ထားတဲ့ အလုပ်သမားဝန်ပြီးဌာနကိုတင်ပြ ပြီး ခွင့်ပြု ထားတဲ့ နယ်ကိုယ်စားလှယ် ဆိုတာ ရှိတယ် သူတို့ကနေ သူတို့နယ်အလိုက် လုပ်သားစုဆောင်းနိုင်တယ် ဒီအေဂျင်စီ ကိုပဲ လုပ်သားရှာဖွေပေးရတယ် ဒီလူတွေကလုပ်သားကိုပဲအေဂျင်စီကလက်ခံခွင့်ရှိတယ် အပြင်က ပွဲစား တွေ  အခြားအကျိုးဆောင်လိုင်စင်မရှိတဲ့ကုမ္ပဏီစီကနေ လက်ခံ လို့ မရဘူး စီစစ်လို့တွေ့ရင် အလုပ်သမားစီကယူထားတဲ့ ပိုက်ဆံလည်းပြန်ပေးရမယ့်အပြင် အလုပ်သမားတစ်ဦး ကို ကျပ်လေးသိန်း နှုန်းနဲ့ဒဏ်ကြေးပေးရမယ်"လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို ပေးဆောင်ရန် ပျက်ကွက်လိုပါက လိုင်စင်ရုပ်သိမ်းခြင်းနဲ့ ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ အရ အရေးယူခံရမယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026