NEWS

ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစု လွှဲငွေ အထောက်အထားကို အေဂျင်စီများ က ဝန်ကြီးဌာနကို အနည်းငယ်သာ တင်ပြနိုင်

CoverLogo
386 Views

လိုင်စင်ရအေဂျင်စီ တွေ မှ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကို ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုလွှဲငွေ အထောက်အထားတင်ပြရာမှာ အနည်းငယ်သာတင်ပြနိုင်တယ်လို့ သိရပါတယ်။

ပြည်ပမှာ သွားရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲရာမှာ လစာရဲ့ ၂၅ရာခိုင်နှုန်း ကို  စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဘဏ်တွေကနေ ငွေလွှဲပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

အခုလို ငွေလွှဲ ပေးပို့ထားတဲ့ အထောက်အထား တွေ ကို စေလွှတ်လိုက်တဲ့ လိုင်စင်ရ အေဂျင်စီ တွေ မှ  အလုပ်သမားတွေဆီက နေ တောင်းယူကာ  အလုပ်သမားဝန်ကြီးဌာနကို တင်ပြခိုင်းထားပြီး မတင်ပြနိုင်တဲ့အေဂျင်စီ တွေကို အရေးယူမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက် ကစပြီး လိုင်စင်ရအေဂျင်စီ တွေ ကို အလုပ်သမားဝန်ကြီးဌာနက မိသားစုလွှဲငွေ အထောက်အထား နဲ့ အတူ ခေါ်ယူစစ်ဆေး ဖို့  တစ်ရက်ကိုအေဂျင်စီ ၂၀ ခု ခေါ်ယူခဲ့ရာ မှာ အထောက်အထားအနည်းငယ်သာ တင်ပြနိုင်တဲ့ အတွက် လာမယ့်ဩဂုတ်လ ၂၂ရက် ကစပြီး တစ်ရက် ကို အေဂျင်စီ ၅၀ နှုန်းနဲ့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

"" မိသားစုလွှဲငွေ ပို့ထားတဲ့အထောက်အထားက   အေဂျင်စီ ကနေ အလုပ်သမား ၁၀ ယောက်စေလွှတ်လိုက်လို့ ၃ ယောက်လောက် တောင် အထောက်အထားမပေးနိုင်ဘူး အေဂျင်စီတွေ အနေနဲ့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေ ကို ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေ ပြန်ပို့ပေးဖို့ ပြောပေမယ့် တချို့ကလည်း စကစ ကိုတော်လှန်တဲ့အနေနဲ့မလွှဲကြဘူး  တစ်ချို့က မလွှဲတတ်တာ တွေ ငွေလွှဲနှုန်း ဈေး ကွာဟ နေတဲ့ အတွက်  စစ်ကောင်စီသတ်မှတ်ထားသလို မလွှဲတဲ့သူကများတယ် ဒါကိုဝန်ကြီးဌာနက အေဂျင်စီတွေ က မြှောက်ပေးလို့ မလွှဲတာလို့ထင်ပြီး စစ်ဆေးတာတွေ လုပ်နေတာ ကျွန်တော်တို့ကနေ အလုပ်သမားကို အတင်းအကျပ်ကြီး လွှဲပါဆိုပြီး ပြောလို့လဲမရဘူး လွှဲခိုင်းလို့မရဘူး အဲ့တော့ ရသလောက်ပဲ တင်ပြပေးရတယ် အလုပ်သမားဝန်ကြီးဌာနကလည်း အတင်းတောင်းတယ် မပေးနိုင်ရင် လိုင်စင်သိမ်းမယ် ဒဏ်ကြေးဆောင်ရမယ်ဆိုတော့ လဲ ခံရမှာပဲပေါ့""လို့ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မိသားစုထံလွှဲငွေ   စတင်သတ်မှတ် မှု နဲ့ အကျုံးဝင်တဲ့ အေဂျင်စီတွေအနေနဲ့ ၂၀၂၃ ခုနှစ်   စက်တင်ဘာမှ ဒီဇင်ဘာအထိ ၂၄၉ခု ရှိပြီး ယင်းအေဂျင်စီ တို့ ကို အလှည့်ကျခေါ်ယူစစ်ဆေးလျက်ရှိတယိလို့သိရပါတယ်။

လာမယ့်ဩဂုတ်လ ၂၂ ရက်စပြီး တစ်ရက်ကို အေဂျင်စီ ၅၀နှုန်းနဲ့  ထိုင်းနှငိ့မလေးရှား နိုင်ငံတို့ ကို လုပ်သားစေလွှတ်တဲ့အေဂျင်စီ တွေကို ခေါ်ယူစစ်ဆေးကာငွေလွှဲ အထောက်အထားတွေ တင်ပြခိုင်းထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026