NEWS

ဒေါ်လာဈေး ကျပ် ၅၀၀၀ အောက်အထိကျဆင်းလာပေမယ့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေပြန်လည်ကျဆင်းလာမှုမရှိသေး

CoverLogo
548 Views

နိုင်ငံခြားငွေလဲဈေးကွက်မှာ ပြင်ပဒေါ်လာဈေးဆက်တိုက်ကျဆင်းလာပြီး  တစ်ဒေါ်လာကို ကျပ် ၄၅၀၀ အထိရှိလာပေမယ့်လည်း အခြေခံစားသောက်ကုန်ဈေးတွေကတော့ခုထိကျဆင်းမလာ‌သေးဘူးလို့ ဈေးကွက်တွင်းက စုံစမ်းသိရှိရပါတယ်။

"ဒေါ်လာတွေတက်လို့ဆိုပြီးတက်သွားတာ။ နေပူလို့အအေးလေးသောက်မိတယ်။ ကျွဲစိမ်းတစ်ဗူး ၂၇၀၀ တဲ့။ ဒါတောင်စျေးသက်သာတဲ့ဆိုင်ကဝယ်တာ။ မီးဖိုချောင်သုံးဆပ်ပြာဆီ တစ်ထောင်ကျော်ကနေတက်သွားတာ ခု၂၇၀၀ ခုထိမကျသေးဘူး။ အချိုမုန့်တစ်ထုပ်လေးထောင်ကျော်ခုထိမကျသေးဘူး။ တက်ချင်ရင်ဒေါ်လာစျေး​ကြောင့် အသားကုန်တက်တာ။ ခုဒေါ်လာစျေးကျတယ် ဒေါ်လာတွေထုတ်ရောင်းပေးတယ်။ ကုန်စျေးနှူန်းတွေကလုံးဝမကျလာဘူး။ ပြည်သူကခံနေရမြဲပဲ ကုန်သည်ကလုပ်လိုက် စီးပွားရေးသမားကလုပ်လိုက် နိုင်ငံရေးအကြောင်းပြလိုက်နဲ့ အောက်ခြေကလူပဲ ဒုက္ခတွေကပ်ိုကြီးတယ်" လို့ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။ 

ပြီးခဲ့တဲ့လက ဒေါ်လာဈေးဟာတစ်ဒေါ်လာကို ကျပ်၉၀၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီး အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာလည်း တစ်ရှိန်ထိုးမြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ‌တော့ ဒေါ်လာစျေးဟာ ပြီးခဲ့တဲ့တစ်ပတ်ကစလို့ တစ်ဒေါ်လာကို ကျပ်၅၀၀၀ အောက်ဆင်းလာခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ကျပ် (၄၅၀၀) သာ ရှိနေတာပါ။

ဒီအချိန်မှာ ဒေါ်လာဈေး ကျပ်(၉၀၀၀) ဝန်းကျင်‌ပေါက်ဈေးရှိတုန်းက မြင့်တက်ခဲ့တဲ့ ကော်ဖီမစ် ၊ ခေါက်ဆွဲခြောက် ၊ ကြက်ဥ ၊ ဟင်းချိုမှုန့်၊ အအေးမျိုးစုံ၊ ဆပ်ပြာအမျိုးမျိုး နဲ့ဆေးပစ္စည်း စတာတွေအပြင် အခြေခံစားသောက်ကုန်ဈေးတွေဟာလည်း အပြောင်းအလဲ မရှိသေးပါဘူး။  ဒေါ်လာဈေးတွေကျဆင်းလာပေမယ့်လည်း ကုန်ဈေးနှုန်းကတော့ ပြန်လည်ကျဆင်းလာတာ မရှိသေးပါဘူး။

" ဒေါ်လာဈေးတက်ရင် တက်လိုက်တယ်။ဒေါ်လာဈေးကကျလာရင်​ေတာ့ကုန်ဈေးကမကျတော့ဘူး။ ဒါကစီးပွားရေးသမားတွေ လောဘသမားတွေရဲ့ထုံးစံပါ။ အဓိကကတော့ဒီကုန်ဈေးတက်လာတဲ့အပေါ်ကျနော်တို့အလုပ်သမားတွေအတွက်ကတော့ ပိုခက်ခဲကြတာပေါ့။ အခြားသူတွေလည်းခက်ခဲကြမှာပါပဲ။ ဒါပေမဲ့ လက်ရှိလုပ်ခလစာနဲ့က ကုန်စျေးနှူန်းတွေနဲ့က  စားလောက်တဲ့ဟာမဟုတ်ပါဘူး။ ဒေါ်လာဈေးကျလို့ အကုန်လိုက်ချပေးရင်တော့ ဝမ်းသာစရာပေါ့။ ဒါတောင်ရေဘေးကြောင့် ကုန်တွေမရလို့ ပစ္စည်းတွေမရလို့ လမ်းပိတ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ မတက်သင့်တာတွေကတက်နေသေးတယ်။ တကယ့်ကိုအခက်အခဲတွေပါပဲ "လို့ ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အခြေခံစားသောက်ကုန်ဈေးနှုန်းအပေါ်သုံးသပ်ပြောပါတယ်။

လက်တလောမှာဒေါ်လာစျေးကြောင့် ကုန်စျေးနှူန်းတွေတက်ခဲ့တာဖြစ်ပေမဲ့လည်း တချို့သောနေရာတွေမှာတော့ ရေဘေးကို အကြောင်းပြပြီး ကုန်စျေးနှူန်းတွေက ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါဟာ အခြေခံစားသောက်ကုန်ဈေးတွေတင်မကပဲ ကုန်စည်ပို့ဆောင်တဲ့ ကုန်တင်ခ၊ တန်ဆာခတွေကပါ မြင့်တက်လာတာကြောင့် ဈေးနှုန်းတွေ ပြန်မကျနိုင်တဲ့အခြေအနေတွေဖြစ်‌နေတယ်လို့လည်းသိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026