NEWS

အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးနဲ့ ၈ ဦးကို စက်တင်ဘာ ၁ ရက်နေ့ ရုံးချိန်းထပ်မံချိန်းဆို

CoverLogo
494 Views
 
အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးအပါအဝင် ၈ ဦးကို ဩဂုတ်လ၂၅ ရက်ကရွှေပြည်သာတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါရုံးချိန်းမှာ တရားလိုပြုလုပ် တရားစွဲသူတွေရောက်မလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားတယ်လို့ ဆိုပါတယ်။
 
ဒေါ်မျိုးမျိုးအေးတို့ (၈)ဦး အတွက် ရှေ့နေ မှ တဆင့် အာမခံ လျှောက်ထားရာ ဥပဒေအရာရှိ မှ ကန့်ကွက် တင်ပြတာကြောင့် လာမယ့်စက်တင်ဘာ ၁ရက်နေ့မှာ အာမခံလျှောက်လဲချက် ကြားနာဖို့အတွက် ချိန်းဆိုတာဖြစ်ကြောင်း သိရပါတယ်။
 
လက်ရှိ အချိန်ထိ ဒေါ်မျိုးမျိုးအေးတို့‌ကို အခြားသော ဥပဒေများ၊ ပုဒ်မများနဲ့ ထပ်မံ တရားစွဲဆိုထားခြင်း တော့ မရှိသေးသလို ဒေါ်မျိုးမျိုးအေးရဲ့ ကျန်းမာရေးနှင့်စပ်လျဉ်းပြီးလည်း အင်းစိန်ထောင်ကို ရွှေ့ပြောင်းအပြီးထဲကနေ ယနေ့အချိန်အထိ ဆီးချိုနဲ့ စပ်လျဉ်းတဲ့ ဆေးဝါး မရရှိသေးဘူးလို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ညက အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၈ ရက် ညမှာ STUM ရုံးကို ဝင်စီးပြီး သမီးဖြစ်သူမသင်းထက်စံနဲ့ အဖွဲ့ဝင်၊ ဝန်ထမ်း တွေကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၁၀ ဦးကို ခြေချုပ်နှင့် ခံ၀န်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် သီးခြားစီ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။
 
ဒေါ်မျိုးမျိုးအေးဟာ ၂၀၂၁ ခုနှစ်ကလည်း အခုလို ဖမ်းဆီးခံရပြီး ပုဒ်မ၅၀၅(က) နဲ့ အမှုဖွင့်ခံရကာ ၆ လကြာ ထိန်းသိမ်းခံရပြီးနောက်လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာဖြစ်ပါတယ်။
 
ဖမ်းဆီးထားတဲ့ အလုပ်သမားအရေးဆောင်ရွက်သူဒေါ်မျိုးမျိုးအေးအပါအဝင် STUM ရုံးအဖွဲ့ဝင်‌ တွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ STUM အဖွဲ့နဲ့အတူ ပြည်တွင်းပြည်ပ အလုပ်သမားအဖွဲ့တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026