NEWS

Lita Myanmar အထည်ချုပ်စက်ရုံ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း

CoverLogo
374 Views
 
Lita Myanmar Co.,ltd အထည်ချုပ် စက်ရုံအလုပ်သမားတွေ နားရက်မရဘဲ အချိန်ပို လုပ်ကိုင်ပေးနေရတယ်လို့ သိရပါတယ်။ အချိန်ပို ဆင်းမပေးလို့ဆိုပြီး ကြီးကြပ်ရေး နိုင်ငံခြားသားတွေကပါ ဆူပူနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
“အလုပ်သမားတွေ တစ်လကို တစ်ရက်မနားရဘူး၊ တနင်္ဂနွေနေ့အ ပတ်တိုင်းအချိန်ပိုအိုတီ ဆင်းခိုင်းတယ်။ အချိန်ပို ဆင်းခိုင်းလည်း ဖယ်ရီကြိုပေးတာမရှိဘူး။ အရမ်းဝေးတဲ့ နေရာတွေပဲ ဖယ်ရီရှိတယ်။အဆင်မပြေလို့ အချိန်ပို မဆင်းပြန်လဲ မီတင်ခေါ် ဆူပူတယ်။ အချိန်ပို မ ဆင်းရမလားဆိုပြီး တရုတ်တွေရော တရုတ်မတွေရောက ဆူတယ်” လို့ ပြောပါတယ်။
 
အချိန်ပို အလွန်အကျွံ ခိုင်းစေနေသလို ဥပဒေပါ ခွင့်ရက်နဲ့ ခွင့်အတွက် ခံစားခွင့်တော မရဘဲ လစာနဲ့ ရက်မှန်ကြေးတွေ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို အလုပ်ချိန် နာရီ ၅၀ ကျော် လုပ်ကိုင်ရတဲ့ အပြင် တနင်္ဂနွေနေ့တွေ အလုပ်ဆင်းရပေမဲ့ လစာ ၄ သိန်းကျော်ပဲ ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ ဘာမှမရတာ။ အရေးပေါ်ကိစ္စဖြစ်လို့ ခွင့်ယူဆိုရင်တော့ မယ်ဆိုရင်တောင် ဒေးကြေးပ်၊ ရက်မှန်ကြေး ကြေး အကုန်ဖြတ်တယ်။ လူမှုဖူလုံရေဆေးခွင့်ဆို ပိုတ်ဆံတွေသာ သွင်းနေတာ ခွင့်လည်း မရဘူး။ တိုင်လည်း လာစစ်တာပဲ၊ ဘာမှ မပြောင်းလဲဘူး။ အလုပ်သမားတွေရ လစာကိုလည်း ဘယ်လိုပေးပြီး ဘယ် ဖြတ်တန်းမှန်း မသိဘူး။ စက်မှုဇုန်ထဲမှာ လစာ အနည်းဆုံး စက်ရုံပါပဲ။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အများစုက အသက်၁၅၊၁၆အရွယ်ရှိသော လူငယ်၊ လူရွယ် အလုပ်သမားတွေ ဖြစ်ကြပြီး ဆေးထောက်ခံချက်မပါဘဲ့ အလုပ်ခန့်ထားပြီး လူကြီးအလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်ခိုင်းတယ်လို့လည်း သိရပါတယ်။ အထည်စံချိန်အတွက် ဖိအားပေး ခိုင်းစေတယ်လို့လည်း ပြောပါတယ်။
 
“စစ်ဆေးရေးတွေလာတော့ လူရွယ်လုပ်သားတွေ မတွေ့ကြတာလား မသိ သလို နေတာလားမသိဘူး။ မြင်တာနဲ့ သိနိုင်တယ်။ အထည်စံချိန်မရရင် ဒါလေးတောင်မလုပ်နိုင်ဘူး လား၊ ‌ေ-ာက်သုံး မကျတာဆိုပြီး ဆဲတယ်။ ပဲကျရင်လည်း ထပ် ဆဲခံရတာ။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အိမ်သာသွား၊ ရေသောက်တာကစ အမြဲစောင့်ကြည့်ခံရပြီး ကျပ်တည်းစွာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Lita Myanmar Co.,ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှူဇုန်(၄) စက်ဆရာဦးထွန်းလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမားများ(၈၀၀)ကျော်နဲ့ Hc, Burtle, Onward တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026