NEWS

ခွင့်ပြုမိန့်ထက် ကျော်လွန်ကာ အချိန်ပိုခေါ်ယူသည့် စက်ရုံ၊ အလုပ်ရုံ တွေ ကို စစ်ဆေးအရေးယူမည်ဟုဆို

CoverLogo
285 Views
 
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပရှိ စက်ရုံ/အလုပ်ရုံတွေမှာ ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီး အလုပ်သမားတွေ ကို အချ်ိန်ပိုခေါ်ယူ အလုပ်ခိုင်းစေခြင်း ကို စစ်ဆေး အရေးယူသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ကထုတ်ပြန်ပါတယ်။
 
စက်မှုဇုန်နဲ့စက်မှုဇုန်ပြင်ပရှိ စက်ရုံအလုပ်ရုံ တွေ အနေနဲ့ စက်ရုံရှိ အလုပ်သမားတွေကို အချိန်ပိုခေါ်ယူ လုပ်ကိုင်ရန် အတွက် အလုပ်သမားဝန်ကြီးဌာနထံ အချိန်ပိုခွင့်ပြုမိန့်တောင်းခံ ရတယ်လို့ သိရပါတယ်။
 
အချို့စက်ရုံ အလုပ်ရုံတွေဟာ တနင်္လာနေ့မှ သောကြာနေ့အထိ အချိန်ပိုကို ခွင့်ပြုမိန့်ထက်ကျော်လွန် လုပ်ကိုင်နေကြောင်း အလုပ်သမားများရဲ့ တိုင်ကြားမှုအရ စစ်ဆေး ခဲ့ရာ ခွင့်ပြုမိန့်ထက် ကျော်လွန်လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စနေနေ့တွင် လည်း ခွင့်ပြုမိန့်ထက်ကျော်လွန်၍ အချိန်ပိုကို ညနေ ၆နာရီခွဲ ၊ ၇နာရီ အထိ အောလင်း/အောနိုက်ခိုင်းစေနေတာတွေ ကိုပါ စစ်ဆေးတွေ့ရှိရတယ်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှသိရပါတယ်။
အခုလို ခွင့်ပြုမိန့်ထက် အချိန်ပိုခေါ်ယူတဲ့ စက်ရုံ အလုပ်ရုံ တွေ ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်သလို ထပ်မံပြီး ခွင့်ပြုမိန့်ထက်ကျော်လွန် လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံ တွေကိုလည်း စစ်ဆေးအရေးယူသွား မယ်လို့ သိရပါတယ်။
 
"အလုပ်သမားတွေ ကို အောလင်း အောနိုက် ခိုင်းတာတွေ က စက်ရုံ အတော်များများ မှာ ဖြစ်နေတာ ဝန်ကြီးဌာနဘက်က သေချာစစ်ဆေးပြီး ပြောတဲ့ အတိုင်းအရေးယူမယ်ဆိုရင်တော့ ကောင်းတာပေါ့ စစ်ဆေးတုန်းခဏဘပဲ ဥပဒေ ကို လိုက်နာပြီး ကြာရင် စက်ရုံ တွေဘက်က ချိုးဖောက်တာတွေ လုပ်မှာ စိုးတယ် ဒါကြောင့် အလုပ်သမားတွေ တိုင်လို့ စစ်ဆေးတာထက် မကြာခဏ စစ်ဆေးတာမျိုး လုပ်စေချင်တယ်""လို့ ရွှေပြည်သာစက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်သားတစ်ဦးကပြောပါတယ်။
 
Myanmar Labour News ထံ အလုပ်သမားတွေပေးပို့တဲ့ ပေးစာအရ အထည်ချုပ် စက်ရုံ တွေမှာ အချိန်ပိုကို အလွန်အကျွံခေါ်ယူခိုင်းစေပြီး အနားမပေးတာကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်နေပြီး လူသေဆုံးမှုမထိပါ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 
အချိန်ပိုခေါ်ယူတာနဲ့ ပတ်သက်ပြီး ခွင့်ပြုမိန့်ထက်ကျော်လွန်လုပ်ကိုင်ခြင်းမပြု ဖို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ အလုပ်ရုံ တွေ ထံ အကြောင်းကြားစာတွေ ပေးပို့ ထားတယ်လို့ သိရပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026