NEWS

အာမခံလုပ်သား သားသမီး ပညာသင်စရိတ်ထောက်ပံ့ငွေ စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ရမည်ဟုဆို

CoverLogo
357 Views
လူမှုဖူလုံရေးထည့်ဝင်ကြေးထည့်သွင်းထားတဲ့ အာမခံလုပ်သားတွေ ရဲ့ သားသမီးတွေ အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေ လျှောက်ထားမှု ကို စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ထားရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ဟာ လူမှုဖူလုံရေးနည်းဥပဒေများ နည်းဥပဒေ ၁၃၅ အရ သတ်မှတ်တဲ့ အာမခံထားသူ ရဲ့ အများဆုံးလုပ်ခဝင်ငွေနဲ့ သားသမီးပညာသင်စရိတ် ခံစားခွင့်နှုန်းထားကို၂၀၁၂ ခုနှစ်၊လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး၊ လူမှုဖူလုံရေးရန်ပုံငွေကိုအနည်းဆုံး ၃၆ လ ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ အလုပ်သမားရဲ့ သားသမီးတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
 
အာမခံလုပ်သားရဲ့ သားသမီးဟာ နိုင်ငံပိုင်ကျောင်းများတွင်ဖြစ်စေ၊ နိုင်ငံတော်ကအသိအမှတ်ပြုထားတဲ့ ကျောင်းများတွင် ဖြစ်စေ အချိန်ပြည့် ပညာသင်ကြားနေသူတွေ ဖြစ်ရမှာဖြစ်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် က စပြီး ပညာသင်စရိတ်ထောက်ပံပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် လူမှုဖူလုံရေးအဖွဲ့ တွင်အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အာမခံလုပ်သားတွေအနေနဲ့ သားသမီးပညာရေးစရိတ်တောင်းခံတဲ့ လျှောက်လွှာ ကို လာမယ့်စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးကို ပေးပို့လျှောက်ထားရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။

Related posts

Cover
Saifeom International Garment စက်ရုံ WCC အမည်စာရင်း မသိရဘဲ ရွေးချယ်ဖို ပြင်ဆင်နေ
Feb 20, 2026
Cover
Straightex အထည်ချုပ် စက်ရုံမီးလောင်မှု ဖြစ်ပွား၊ လောင်ကျွမ်းချိန် ၃ နာရီကျော်အထိ မငြိမ်း
Feb 20, 2026
Cover
ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦး မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှုဖြစ်ပွား
Feb 20, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026