NEWS

အာမခံလုပ်သား သားသမီး ပညာသင်စရိတ်ထောက်ပံ့ငွေ စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ရမည်ဟုဆို

CoverLogo
267 Views
လူမှုဖူလုံရေးထည့်ဝင်ကြေးထည့်သွင်းထားတဲ့ အာမခံလုပ်သားတွေ ရဲ့ သားသမီးတွေ အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေ လျှောက်ထားမှု ကို စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ထားရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ဟာ လူမှုဖူလုံရေးနည်းဥပဒေများ နည်းဥပဒေ ၁၃၅ အရ သတ်မှတ်တဲ့ အာမခံထားသူ ရဲ့ အများဆုံးလုပ်ခဝင်ငွေနဲ့ သားသမီးပညာသင်စရိတ် ခံစားခွင့်နှုန်းထားကို၂၀၁၂ ခုနှစ်၊လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး၊ လူမှုဖူလုံရေးရန်ပုံငွေကိုအနည်းဆုံး ၃၆ လ ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ အလုပ်သမားရဲ့ သားသမီးတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
 
အာမခံလုပ်သားရဲ့ သားသမီးဟာ နိုင်ငံပိုင်ကျောင်းများတွင်ဖြစ်စေ၊ နိုင်ငံတော်ကအသိအမှတ်ပြုထားတဲ့ ကျောင်းများတွင် ဖြစ်စေ အချိန်ပြည့် ပညာသင်ကြားနေသူတွေ ဖြစ်ရမှာဖြစ်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် က စပြီး ပညာသင်စရိတ်ထောက်ပံပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် လူမှုဖူလုံရေးအဖွဲ့ တွင်အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အာမခံလုပ်သားတွေအနေနဲ့ သားသမီးပညာရေးစရိတ်တောင်းခံတဲ့ လျှောက်လွှာ ကို လာမယ့်စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးကို ပေးပို့လျှောက်ထားရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။

Related posts

Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025