NEWS

ထိုင်းသို့MoUဖြင့်ရောက်ရှိနေတဲ့မြန်မာအလုပ်သမား ၁၉ ဦး စာချုပ်ပါအလုပ်မရရှိဘဲ အခက်အခဲများဖြစ်ပေါ်နေ

CoverLogo
1.4K Views

ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း) လိုင်စင်ရ SMZ အေဂျင်စီက နှစ်နိုင်ငံသဘောတူစာချုပ် MoUဖြင့် စေလွှတ်ခဲ့တဲ့ မြန်မာအလုပ်သမား (၁၉) ဦးဟာ ထိုင်းနိုင်ငံအတွင်းမှာ စာချုပ်ပါအ တိုင်းအလုပ်ရရှိခြင်းမရှိဘဲ အခက်အခဲများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက SMZ အေဂျင်စီက မန်နေဂျာပြောဆိုတာက ပုသိမ်မြို့မှာ ၁၉ရက် ၁လ ၂၀၂၃မှာ စချုပ်တယ်။ ရန်ကုန်မှာ ၂၄ရက် ၄လက စမတ်ကတ်ရိုက်ခဲ့ပါတယ်။ ၂၅ရက်နေ့မှာ ရန်ကုန်ကနေမြ၀တီကိုပို့ပြီး ၂၆ရက်နေ့မှာမဲဆောက်ကိုရောက်ခဲ့ပါတယ်။ ၂၇ရက်နေ့မှာတော့ စမွတ်စခွန်သို့ရောက်ပြီး လမ်းဘေးအဆောက်အဦးမှာနေခဲ့ရလို့ ရဲစစ်ဆေးခံခဲ့ရပါတယ်။ နောက်နေ့၂၈ရက်နေ့မှာအလုပ်ရှိတယ်ဆိုပြီး ပါပါကိုလိုက်ပို့မယ်ဆိုပြီး လူနေဆောင်မရှိဘဲလမ်းဘေးသစ်ပင်ရိပ်မှာမိုးရွာထဲနေခဲ့ပြီးမှ ဖလန်းဆောင်ကိုရောက်ရှိခဲ့ပါတယ်။ ဖလန်းမှာဆယ်ရက်နေခဲ့ရပါတယ်။ အဲ့ဒီမှာSMZ က CEOခေါ် ကိုဖြိုးဇော်ဇော်ကကြာဇံစက်ရုံကပြဿနာကိုလာရှင်းနေချိန်ဖြစ်ပါတယ်။ အဲ့အချိန်မှာကျွန်တော်တို့ကိုလာတွေ့လို့  အကြောင်းစုံပြောပြခဲ့ပါတယ်။ နောက်ရက်ဖုန်းဆက်ပြီးလမ်းတံတားကိုပြောင်းပေမယ်ပြောပါတယ်။   ၁၀ရက်မြောက်နေ့မှာ အဆောင်သူဌေးမက ကျွန်တော်တို့ကိုတိုင်လိုက်ပါတယ်။ ဘယ်ကုမ္ပဏီနဲ့လာတယ် မေးပြီးပထမရောက်ရှိတဲ့ပါပါကိုပြန်ပို့ပါတယ်။ အဲ့အချိန်မှာကိုဖြိုးဇော်ဇော်နဲ့ ထိုင်းအေးဂျင့် ကိုဇော်မင်းလတ်တို့လိုက်ခဲ့ပါတယ်။ လိုက်ပြီးပါပါမှာ၂ရက်နေခဲ့ရတယ်။ အဲ့အချိန်မှာသူတို့ကျွန်တော်တို့၄၅ယောက်ဆီကိုလာပါတယ်။ ကျွန်တော်တို့ကဒီသူဌေးဒီကုမ္ပဏီနဲ့မလုပ်ဘူး။ ဦးဇော်ဇော်တို့စာချုပ်မချုပ်မီက အီတာလျံစပ်ကွင်းဘော်ဒီလုပ်ရမယ်လို့ပြောတော့ ကျွန်တော်တို့၁၉ယောက်ကို အယုဒယကိုဆိုဒ်သေးသေးလေးကိုပို့ခဲ့ပါတယ်။၁၁ရက်နေ့မှာရောက်ပြီး ၁၂ရက်နေ့အလုပ်စဆင်းရပါတယ်။ ကုမ္ပဏီမသိဦးထုပ်မပေးအင်္ကျီမပေး လက်မှတ်မရှိနဲ့ အသက်အန္တရာယ်နဲ့အလုပ်လုပ်နေရလို့ တာ၀န်ရှိသူတွေကိုဖုန်းဆက်ခေါ်ပြီး ပြောတော့ ဖုန်းမကိုင်ပါဘူး”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ အယုဒ္ဓယခရိုင် နော်ကော်လွမ်း စူးဝက်ကီယိုထောင်စျေး ACRမိန်းလမ်းမကြီး လူကူးတံတားအနီးမှာ နေထိုင်နေတာဖြစ်ပြီး  Bangkok တွင် အလုပ်လုပ်ရန် မြန်မာ နိုင်ငံမှ S.M.Zကုမ္ပဏီနဲ့ 
နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ပါအလုပ်မလုပ်ရဘဲ သူဌေးမှ ပတ်စ်ပို့စာအုပ်များကိုလည်းသိမ်းထားသလို လုပ်အားခလည်းပုံမှန်ထုတ်ပေးခြင်းမရှိလို့  စာဝတ်နေရေးလည်းအရမ်းအခက်အခဲဖြစ်နေတာကြောင့် MHACမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရှိ အီတာလီလျံကုမ္ပဏီ Satcom တွင် အလုပ်လုပ်ကိုင်ဖို့ SMZ အေဂျင်စီနဲ့ ဇန်နဝါရီလက ပုသိမ်မြို့မှာစာချုပ်ချုပ်ဆိုခဲ့ပြီး ဧပြီ ၂၄ ရက်မှာ ရန်ကုန်မြို့၌ စမတ်ကတ်ရိုက်ကာ ဧပြီ ၂၅ ရက်မှာ မြဝတီမြို့သို့ရောက်ရှိပြီး ဧပြီ ၂၆ ရက်မှာ မဲဆောက်၊ ဧပြီ ၂၇ ရက်နေ့မှာတော့ စမွတ်ဆာခွန်မြို့သို့ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမား၁၉ဦးဟာ  အယုဒယခရိုင်ရှိ ဖိုးလမောင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး မေ ၁၂ ရက်၌ အလုပ်စတင်ဆင်းခဲ့ရပြီး လုပ်ခလစာအပြည့်အ၀မရရှိသလို ရရန်ကျန်ရှိခဲ့လုပ်ခတွေလည်း ပေးဆောင်ခြင်းမရှိလို့  အခက်အခဲများနှင့်ကြုံတွေ့ရသဖြင့် အေဂျင် စီမှ တာဝန်ရှိသူများထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်လက်ခံပြောကြားခြင်းမရှိခဲ့ဘူးလို့ ဆိုထားပါတယ်။

အဲ့ဒါကြောင့် ရန်ကုန်မြို့ရှိ "SMZ" အေဂျင်စီမှ တာဝန်ရှိသူများထံသို့  ၁။ စာချုပ်ပါနေရာသို့ ပြန်လည်လုပ်ကိုင်နိုင်ရန်၊၂။ လက်ရှိလုပ်ကိုင်နေသည့်လုပ်ငန်းခွင်၌ရရှိမည့် လုပ်အားခနှင့် အလုပ်မလုပ်ရသည့် ၁၅ ရက်ခအတွက် ၇၅ ရာခိုင်နှုန်းပေးရန်၊ ၃။ ပတ်စပို့စာအုပ်များနှင့် ကျန့်အော့ထုတ်ပေးရန်ဆိုတဲ့ တောင်းဆိုချက်၃ချက်ကိုအလုပ်သမားများမှ တောင်းဆိုခဲ့ကြရာ  SMZ အေဂျင်စီက ဇွန် ၁၄ ရက်မှာ အကြောင်းပြန်ပေးမယ်ဆိုပေမဲ့  ဇွန် ၁၈ ရက်အထိ အဆက် အသွယ်မရတော့တာကြောင့် မြန်မာ MoU အလုပ်သမား ၁၉ ဦးမှ ၎င်းတို့ကြုံတွေ့နေရတဲ့ အခက်အခဲများအား ကူညီဖြေရှင်းပေးရန် M.H.A.C မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026