NEWS

ဘန်ကောက် မိုးပျံတံတား လုပ်ငန်းခွင် မြန်မာလုပ်သားတစ်ဦးထပ်မံသေဆုံး

CoverLogo
432 Views
 
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ချွမ်ထောင်းဒေသက ဆောက်လုပ်နေဆဲ အမြန်လမ်းမိုးပျံ တံတား စီမံကိန်း လုပ်ငန်း ခွင်မှာ ဇွန်လ ၈ရက် မနက်ပိုင်းက မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်မတော်တဆ မှု ကြောင့် သေဆုံးခဲ့တယ်လို Khasod Thai သတင်းမှာ ဖော်ပြပါတယ်။
 
မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ လုပ်ငန်းခွင်အတွင််းက မြေအောက် ၃ မီတာ အနက်မှာ မြန်မာလုပ်သားနဲ့ တခြားအလုပ်သမားတွေ မိလ္လာပိုက်လိုင်းတွေတပ်ဆင်စဉ် မြန်မာလုပ်သားအပေါ် ကွန်ကရစ်ပြားနဲ့ မြေသားတွေ ပြိုကျခဲ့တာလို့ သိရပါတယ်။
 
ကယ်ဆယ်ရေးလုပ်သားတွေက မြေကြီးနဲ့ ရေပြည့်နေတဲ့ တွင်းထဲကနေ သတိ မေ့မြော့နေတဲ့ မြန်မာအလုပ်သမား ကို ကယ်ဆယ်နိုင်ခဲ့ပြီး အရေးပေါ် ဆေးကုသမှု ပြုလုပ်ပေးခဲ့ပေမယ့် ဆေးရုံ အရောက်မှာ င် သေဆုံးခဲ့တယ်လို သတင်းမှာ ဖေါ်ပြထားပါတယ်။
 
သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားက အသက် ၃၉နှစ် အရွယ်ရှိ ဦးရဲ(Mr.U Re) ဖြစ်တယ်လို သိရပါတယ်။
ဘန်ကောက် မိုးပျံတံတား ဆောက်လုပ်ရေးစီမံကိန်း အတွင်း ၂၀၂၄ခုနှစ် နိုဝင်ဘာ ၂၉ရက် ကလည်း မိုကရိန်းသံဘောင် ပြိုကျမှု ဖြစ်ပေါ်ခဲ့ကာ မြန်မာအလုပ်သမား လေးဦး သေဆုံးခဲ့ပါတယ်။ မြန်မာလုပ်သမားတွေ အတွက် သေဆုံးနစ်နာကြေး ထိုင်းဘတ်ငွေ ဘတ် လေသန်း ကို ပြီးခဲ့တဲ့ မေလ ၃၀ရက်က ကျန်ရစ်သူ မိသားစု တွေကို ပေးခဲ့ပါတယ်။
 
ဒီ အမြန်လမ်းမိုးပျံတံတားစီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်း စတင် ဆောင်ရွက်တဲ့၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ မတော်တဆ မှုပေါင်း ၂၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၄၀ ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၄၀၀ ဝန်းကျင် ရှိတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Ref-Khasod Thai

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026