NEWS

အလုံပိတ်ကားဖြင့် လိုက်ပါလာရသည့် မြန်မာလုပ်သား ၄၀ဦး အဖမ်းခံရ

CoverLogo
266 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် Thong Pha Phum ဒေသမှာ နယ်စပ်ဖြတ်ကျော်ပြီး အလုံပိတ်ကားနဲ့ ပြည့်ကြပ်ညှက်စွာ လိုက်ပါလာရတဲ့ မြန်မာလုပ်သား ၄၀ဦး ကို ဇွန်လ ၇ရက် မနက်ပိုင်း မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို ထိုင်းဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
 
သောင်ဖဖမ်ခရိုင်မှာ အမြန်လမ်းရဲတပ်ဖွဲ့က ကင်းလှည့် စစ်ဆေးနေစဉ် အလုံပိတ် ပစ်ကပ်ကား တစ်စီး မောင်းနှင် ထွက်ပြေးခဲ့တယ်လို သိရပါတယ်။ ယာဉ်ကို လိုက်လံ တားဆီး ရာ ထောင်ဖာဖုမ်ခရိုင် ၃၂၃ လမ်းမကြီးပေါ် မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်ရဲ့ အလုံပိတ်အခန်းတွင်း ပြွတ်သိပ် ကျပ်ညှပ်စွာ မတ်တပ်ရပ်လိုက်ပါလာတဲ့ မြန်မာလုပ်သား ၄၀ကို တွေ့ရှိရ တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာလုပ်သားတွေ လိုက်ပါလာရတဲ့ အခြေအနေက အသက်ရှု ကျပ်နိုင်ခြေရှိတယ်လို့ ရဲတပ်ဖွဲက ထုတ်ပြန်ပါတယ်။ မြန်မာလုပ်သားတွေက ထောင်ဖာဖုမ်ခရိုင်၊ ကရင်ကာဝီယာ (Kringkrawia) ကျေးရွာအနီး လမ်းဘေးသစ်တောအစပ်က တင်ဆောင်လာပြီး ကန်ချနဘူရီမြိုနယ်ဆီ ပို့ဆောင်ဖို့ တစ်ဦး ကို ဘတ် ၄,ဝဝဝ ရရှိတယ်လို ယာဉ်မောင်းဖြစ်သူက ဝန်ခံထားပါတယ်။
 
ယာဉ်မောင်းဖြစ်သူနဲ့ မြန်မာအလုပ်သမားတွေကို ဖာဖုမ်ရဲစခန်းသို လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူမယ်လို့ ဆိုထားပါတယ်။
 
Ref-Naewnanews

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025