NEWS

အလုံပိတ်ကားဖြင့် လိုက်ပါလာရသည့် မြန်မာလုပ်သား ၄၀ဦး အဖမ်းခံရ

CoverLogo
458 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် Thong Pha Phum ဒေသမှာ နယ်စပ်ဖြတ်ကျော်ပြီး အလုံပိတ်ကားနဲ့ ပြည့်ကြပ်ညှက်စွာ လိုက်ပါလာရတဲ့ မြန်မာလုပ်သား ၄၀ဦး ကို ဇွန်လ ၇ရက် မနက်ပိုင်း မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို ထိုင်းဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
 
သောင်ဖဖမ်ခရိုင်မှာ အမြန်လမ်းရဲတပ်ဖွဲ့က ကင်းလှည့် စစ်ဆေးနေစဉ် အလုံပိတ် ပစ်ကပ်ကား တစ်စီး မောင်းနှင် ထွက်ပြေးခဲ့တယ်လို သိရပါတယ်။ ယာဉ်ကို လိုက်လံ တားဆီး ရာ ထောင်ဖာဖုမ်ခရိုင် ၃၂၃ လမ်းမကြီးပေါ် မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်ရဲ့ အလုံပိတ်အခန်းတွင်း ပြွတ်သိပ် ကျပ်ညှပ်စွာ မတ်တပ်ရပ်လိုက်ပါလာတဲ့ မြန်မာလုပ်သား ၄၀ကို တွေ့ရှိရ တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာလုပ်သားတွေ လိုက်ပါလာရတဲ့ အခြေအနေက အသက်ရှု ကျပ်နိုင်ခြေရှိတယ်လို့ ရဲတပ်ဖွဲက ထုတ်ပြန်ပါတယ်။ မြန်မာလုပ်သားတွေက ထောင်ဖာဖုမ်ခရိုင်၊ ကရင်ကာဝီယာ (Kringkrawia) ကျေးရွာအနီး လမ်းဘေးသစ်တောအစပ်က တင်ဆောင်လာပြီး ကန်ချနဘူရီမြိုနယ်ဆီ ပို့ဆောင်ဖို့ တစ်ဦး ကို ဘတ် ၄,ဝဝဝ ရရှိတယ်လို ယာဉ်မောင်းဖြစ်သူက ဝန်ခံထားပါတယ်။
 
ယာဉ်မောင်းဖြစ်သူနဲ့ မြန်မာအလုပ်သမားတွေကို ဖာဖုမ်ရဲစခန်းသို လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူမယ်လို့ ဆိုထားပါတယ်။
 
Ref-Naewnanews

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026