အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမစ် အတု တွေ ကို ပြုလုပ်ပေးနေတဲ့ ဝက်ဘ်ဆိုဒ် တွေ ရှိနေတဲ့ အတွက် ထိုင်းနိုင်ငံက နိုင်ငံခြားသား အလုပ်သမား တွေ အနေနဲ့ သတိထားကျဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးချက် ထုတိပြန်ပါတယ်။ ဆိုရှယ်မီဒီယာ တွေမှာ အလုပ်လုပ်ကိုင်ခွင့် (Workpermit)အတု တွေ ကို မြင်တွေ့နေရတဲ့ အတွက် အလုပ်ရှင်တွေ နဲ့ နိုင်ငံခြားသား လုပ်သားတွေက ဝက်ဘ်ဆိုဒ်တွေကို မယုံကြည် ဖို့ သတိပေးထားပါတယ်။
အလုပ်လုပ်ခွင့်အတု ပြုလုပ် မိပါက ပေးဆောင်ရတဲ့ ငွေလည်း ဆုံးရှုံးစေသလို နိုင်ငံခြားသားလုပ်သားတွေ ကိုလည်း တရားမဝင် ငှားရမ်းတာမျိုး ဖြစ်စေတဲ့အတွက် အထူးသတိထားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတိပေးထားပါ
တယ်။
မြန်မာလုပ်သားတွေအနေနဲ့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာချက်တွေ ကို လည်း အသေးစိတ် လေ့လာဖတ်ရူကြဖို့ လိုတယ်လို့ မြန်မာအလုပ်သမားအရေးကူညီသူတွေကဆိုပါတယ်။
ဒါ့အပြင် ပါမစ်အတု မကိုင်မိစေဖို့ကို အထူးသတိထားထားပြီး သူဌေးငှား ရမ်းပြီး ကျန့်ခေါက်(အလုပ်အသစ်ဝင်)မယ့် အလုပ်သမားများအနေနဲ့ စိတ်ချမှန်ကန်တဲ့ အကျိုးဆောင်တွေနဲ့ ဆက်သွယ် လုပ်ကိုင်ကြဖို့ လိုတယ်လ်ို့ မြန်မာအလုပ်သမားရေးကူညီသူတွေကပြောပါတယ်။