NEWS

ကိုရီးယားရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ပြေစာ မဖြစ်မနေ လာထုတ်ရန် သံရုံးကြေညာ

CoverLogo
610 Views
 
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်ပေးဆောင်ပြီးပါက သံရုံးမှာ အခွန်ပြေစာ မဖြစ်မနေ လာရောက် ထုတ်ယူဖို့ လိုအပ်တယ်လို တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
 
အချို့မြန်မာလုပ်သားတွေ မှာ ဝင်ငွေခွန် ကို ဘဏ်သို ကိုယ်တိုင်သွားရောက် ငွေပေးသွင်း ပေမယ့် သံရုံးကို လာရောက်ပြီး အခွန်ပြေစာ ထုတ်ယူမှု မရှိတာကို တွေ့ရှိရတယ်လို မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် အခွန်ငွေပေးသွင်းမယ့်သူတွေ အနေနဲ့ သံရုံးကို အမှန်တကယ်လာရောက်နိုင်မယ့်ရက် ဒါမှမဟုတ် သံရုံးသိုမလာမီ တစ်ရက်အလိုမှ ဘဏ်ကို ငွေပေးသွင်းပြီး သံရုံးသိုမဖြစ်မနေ လာရောက် ကြဖို့ အသိပေးထားပါတယ်။
 
အရင်က ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတွေ အနေနဲ့ ဝင်ငွေခွန်ကို ငွေသားဖြင့် မြန်မာသံရုံးကို တိုက်ရိုက် ပေးသွင်းခဲ့ရာကနေ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က စတင်ပြီး သံရုံးရဲ့ ဘဏ်ငွေစာရင်းကို လုပ်သား ကိုယ်တိုင် ပေးသွင်းစေတာဖြစ်ပါတယ်။ ဒီနောက် ဘဏ်ငွေသွင်းချလန်မူရင်းကို သံရုံးကို ပြန်လည် ပြသပြီး အခွန်ပြေစာကို သံရုံးဘက်က စိစစ်ထုတ်ပေးတာ ဖြစ်ပါတယ်။
 
ဝင်ငွေခွန်ကို ဘဏ်သို သွားရောက် သွင်းပေးရမှာ ဖြစ်ပေမယ့် သံရုံး ကို လာရောက်ပြီး အခွန်ပြေစာ ထုတ်ယူ မှု မရှိတဲ့ အတွက် အခုလိုအခွန်ပြေစာ လာရောက် ထုတ်ယူဖို သံရုံး ဘက်က အသိပေး ထုတ်ပြန်တာ ဖြစ်ပါတယ်။
 
ဝင်ငွေခွန် ထမ်းဆောင်မယ့် ကာလ နဲ့ အခွန်ဆောင်ရမယ့်ငွေပမာဏ ကိုတော့ ကိုရီးယား နိုင်ငံ ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ၁၁ရက် ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ ကို တစ်လ လျှင် ကိုရီးယားဝမ် ၃၂၀၀၀နှုန်းနဲ့ ၁၈လစာအတွက် ကိုရီးယားဝမ် ၅၇၆၀၀၀ ထမ်းဆောင်ရမှာဖြစ်ပါတယ်။
 
၂၀၂၄ခုနှစ် ဇူလိုင် ၁ရက် ထက် နောက်မကျဘဲ ရောက်လာသူတွေကတော့ တစ်လ ကိုရီးယားဝမ် ၃၂၀၀၀နူန်းနဲ့ ၁၂လစာ ဝမ်၃၈၄၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး ဖြစ်တယ်လို ဆိုပါတယ်။
 
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက် နေ့ထက် နောက်မကျဘဲ ရောက်လာသူတွေ ကိုတော့ ၆လစာ အတွက် ကိုရီးယားဝမ် ၁၉၂၀၀၀ ပေးဆောင်ရမှာဖြစ်တယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026