NEWS

မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသောကား ထိုင်းတောင်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအပါအဝင် ၉ ဦးဒဏ်ရာရ

CoverLogo
291 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာပြည်နယ် လမ်းမကြီးပေါ်တွင် မလေးရှားသို့ သွားရောက်ရန် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား တွေ ကို တင်ဆောင်လာတဲ့ ကားတိမ်းမှောက်တာကြောင့် မြန်မာလုပ်သား ၇ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ဖြစ်စဉ်မှာ" ဇွန်လ ၉ ရက် ညပိုင်းက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားက အခင်းဖြစ်ပွားရာ လမ်းနဲ့ ဆန့်ကျင်ဘက် လမ်းကြောကနေ မောင်းနှင်လာပြီး တစ်ဖက်သို့ ဂငယ်ကွေ့ရန် ကြိုးစားရာမှာ ထိန်းမရဖြစ်ပြီး တိမ်းမှောက်ခဲ့တာ ဖြစ်တယ်"လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
 
အခင်းဖြစ်တဲ့နေရာကို ဒေသခံတွေက လာရောက်ကူညီပေးရာမှာ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ နာကျင်စွာအော်ဟစ်နေကြောင်းနဲ့ ကားအတွင်းပိတ်မိနေသူ ၂ဦး ကိုလည်း ဒေသခံတွေက အပြင်ကို ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
 
ကားတိုက်မှုကြောင့် ပစ်ကပ်ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၇ ဦး နဲ့ ထိုင်းလူမျိုး ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကားပေါ်ပါလာတဲ့ ကျောပိုးအိတ် တွေ နဲ့ အဝတ်အစားတွေ လွင့်စင်နေတာကို တွေ့မြင်ရတယ်လို့ သတင်း မှာ ဖော်ပြထားပါတယ်။
ယာဉ်တိမ်းမှောက် မှု ဖြစ်ပြီးနောက် ယာဉ်မောင်း ဖြစ်သူက ထွက်ပြေးသွားခဲ့ကာ ထိုင်းအာဏာပိုင်တွေက ယာဉ်မောင်းဖြစ်သူကို စုံစမ်းရှာဖွေနေပြီး ဥပဒေအရအရေးယူသွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ဒဏ်ရာရရှိတဲ့ မြန်မာနိုင်ငံသား ၇ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးကို ကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ အချက်အလက်တွေ ကို ဘာသာပြန်မှတစ်ဆင့် မေးမြန်းနေဆဲဖြစ်ပြီး အားလုံးကို ဥပဒေအတိုင်း အရေးယူသွားမယ်လို သိရပါတယ်။
Ref: Khaosod, MGR Online,

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026