NEWS

စာချုပ်ချုပ်ဆိုပြီး သတ်မှတ်ကာလအတွင်းစေလွှတ်မှုမရှိတဲ့အေဂျင်စီတွေ အလုပ်သမားကို ငွေပြန်အမ်းပေးရမယ့် အပြင် အလုပ်သမားတစ်ဦးလျှင် ကျပ် ၄ သိန်းဒဏ်ကြေးပေးဆောင်ရမယ်ဟုဆို

CoverLogo
283 Views

ပြည်ပမှာတရားဝင် သွားရောက် အလုပ် လုပ်ကိုင်ဖို့ အတွက် ချုပ်ဆိုရတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆို ပြီး သတ်မှတ်ကာလအတွင်း အလုပ်သမားကို စေလွှတ်မှုမရှိတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားကပေးသွင်းထားတဲ့ ငွေကြေးကို ပြန်ပေးရမယ့် အပြင် ဒဏ်ကြေး အဖြစ် အလုပ်သမားတစ်ဦးလျှင်  ကျပ်လေးသိန်းနှုန်းနဲ့ အလုပ်သမားဝန်ကြီးဌာနကိုပေးဆောင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

ဩဂုတ်လ ၁၃ ရက်က ထုတ်ပြန်လိုက်တဲ့ ပြည်ပအလုပ်အကိုင်လုပ်ငန်းဆောင်ရွက်နေမှုအပေါ် အရေးယူဆောင်ရွက်မည့်အကြောင်းအရာအမျိုးစားသတ်မှတ်ခြင်း မှာ စည်းကမ်းမလိုက်နာတဲ့အေဂျင်စီ တွေ ကို အခုကဲ့သို့ ဒဏ်ကြေး ပါ ပေးဆောင်ရမယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

၎င်းသတ်မှတ်ချက်တွေထဲ မှာ  အလုပ်ခေါ်စာရရှိပြီး ဝန်ဆောင်ခ များ ရယူကာ အကြောင်းအမျိုူမျိုးကြောင့် စေလွှတ်နိုင်မှုမရှိသဖြင့် တိုင်ကြားခံရခြင်း ကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မှုမရှိခြင်း ၊အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်ချုပ် ဆိုပြီး ၃လ အတွင်း အကြောင်းအမျိုးမျိုးဖြင့် စေလွှတ်နိုင်မှုမရှိခြင်း နဲ့ အလုပ်သမားများ စုဆောင်းပြီး ဝန်ဆောင်ခ များကောက်ခံထားပြီး စေလွှတ်ပေးနိုင်မှု မရှိခြင်း တို့ကို စိစစ်တွေ့ရှိပါက အလုပ်သမား များထံ မှ ကောက်ခံထားတဲ့ ငွေကြေး အားလုံး ကို အလုပ်သမား ထံ ပြန်လည်ပေးအပ်ရမယ့်အပြင်အလုပ်သမား တစ်ဦး အတွက်  ကျပ်လေးသိန်းနူန်း နဲ့ ဒဏ်ကြေးပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

"အခုအရေးယူမှုမှာကဒဏ်ကြေးတွေ တိုးလိုက်တယ် ထိုင်းဆိုရင် စာချုပ်ချုပ်ပြီး ၃လ အတွင်း ထွက်ရမယ် စေလွှတ်နိုင်မှု မရှိဘူးဆိုရင် အလုပ်သမားတွေ ပေးထားတဲ့ ငွေ အပြင် ဒဏ်ကြေးဆိုပြီး အလုပ်သမားတစ်ဦး အတွက် လေးသိန်းနှုန်းနဲ့ ဝန်ကြီးဌာနကို ဆောင်ရမှာဆိုတဲ့ သဘော  ဖြစ်တယ် ""လို့ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ ကို   ပြည်ပအလုပ်အကိုင်လုပ်ငန်းဆောင်ရွက်နေမှုအပေါ် အရေးယူဆောင်ရွက်မည့်အကြောင်းအရာအမျိုးစားသတ်မှတ်ခြင်း အမိန့်ကြော်ညာစာကို  ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက် က ထုတ်ပြန်ခဲ့ပြီး လိုင်စင်ရအေဂျင်စီတွေ ထံ ဩဂုတ် ၁၃ ရက်က လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026