NEWS

ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားများ မိမိကိုယ်ကိုအဆုံးစီရင်မှုမှာ လုပ်ငန်းခွင်တွင်းထိခိုက်မှုကြောင့်ကွယ်လွန်သူအရေအတွက်နဲ့ညီမျှနေ

CoverLogo
367 Views

ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းခွင်တွင်းဖိအားတွေနဲ့ မိသားစုရဲ့ စိတ်ဖိစီးမှုတွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူတွေ ရှိနေပါတယ်။ 

ဒီအရေအတွက်ဟာ လုပ်ငန်းခွင်တွင်း ထိခိုက်မှုကြောင့် ကွယ်လွန်သူအရေအတွက်နဲ့ ညီမျှနေတယ်လို့ တောင်ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ကလည်း ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ကွယ်လွန်သူ (၃၆) ဦး ရှိခဲ့ပါတယ်။ 

ဒါ့အပြင် မိမိကိုယ်ကို အဆုံးစီရင်သူကလည်း (၃၂) ဦးထိ ရှိခဲ့ပြီး အရေအတွက် ညီမျှနေတယ်လို့ သိရပါတယ်။ 

“လုပ်ငန်းခွင် ဖိစီးမှုက အရမ်းများတယ်လို့ဆိုရပါမယ်။ ကိုရီးယားနိုင်ငံဖွံ့ဖြိုးတာက ၁၀စုနှစ်လောက်ပဲ ရှိသေးတော့ အလုပ်နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုတောင် မပိုင်ဘူးလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမား တွေအတွက် စိတ်အဖိစီးဆုံးအရာက လွတ်လပ်စွာ လုပ်ငန်းခွင်ပြောင်းခွင့်မရသေးတာက အဆိုးဆုံးလို့ ပြောရပါမယ်။ နောက်ဒီကိုလာတဲ့ အများစုက E-9 ဗီဇာနဲ့လာကြတာဖြစ်ပြီး 3Dခေါ်(Dirty,Dangerous,Difficult) ဆိုတဲ့ အလုပ်တွေ လုပ်ဖို့လာကြတာဖြစ်ပါတယ်။ကိုရီးယား ရောက်လာတော့ ဘာသာစကား အခက်အခဲတွေ  လုပ်ငန်းခွင်အခက်အခဲတွေ၊ မိသားစုဆီကလာတဲ့ စိတ်ဖိစီးမှုတွေပေါင်းပြီး စိတ်ကျရောဂါကြောင့် ဒီလမ်းကို ရွေးချယ်ကြတာ ဖြစ်မယ်ထင်ပါတယ်”လို့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကိုရီးယားနိုင်ငံက သတင်းစာတိုက်ကြီး တစ်ခုဖြစ်တဲ့ ဟန်းဂယော်လဲ့နဲ့ ရွှေ့ပြောင်းသူ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အတူစုပေါင်းပြီး ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားတွေ မိမိကိုယ်ကို အဆုံးစီရင်ကြတဲ့ အကြောင်းရင်းကို ပြေလည်စေဖို့ အထူးသတင်းထုတ်ပြန်ဖို့ စီစဉ်နေကြတာတယ်လို့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား) က သိရပါတယ်။။ 

“ဒီလိုသတင်းတွေ ထွက်လာရင်တော့ ကိုရီးယားမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုတော့ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ အခုက သတင်းထောက်နဲ့ ရွှေ့ပြောင်းသူလူ့အခွင့်အရေးအဖွဲ့ တွေက မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာကို ဆက်သွယ်လာပြီး ကိုရီးယားရောက်မြန်မာလုပ်သားတွေထဲက မိမိရဲ့ အခန်းဖော်ဖြစ်စေ၊လုပ်ဖော်ကိုင်ဖက်ဖြစ်စေ  ကိုယ့်ကိုယ်ကို အဆုံးစီရင်တကို   မျက်မြင်ကြုံဖူးသူ၊ ဒီလိုကြုံတွေ့ရတော့  ဖြစ်ပေါ်ခံစားကြရတဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးလက်ခံမယ့်သူကို ရှာဖွေပေးဖို့ အကူညီတောင်းခံထားပါတယ်။ ဒီလိုအခြေအနေတွေကို ဖြေကြားပေးမယ့်သူရှိရင်လည်း  စင်တာကိုဆက်သွယ်နိုင်ပါတယ်”လို့ စင်တာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ကိုရီးယားနိုင်ငံဟာ နှစ်စဉ်လုပ်အားခ တိုးပေးနေတာကြောင့် ပြည်တွင်းက သွားရောက်လုပ်ကိုင်သူများတဲ့ နိုင်ငံဖြစ်ပါတယ်။ 

လက်ရှိမှာ အစိုးရချင်း ချိတ်ဆက်ပြီး လုပ်သားစေလွှတ်နေတာဖြစ်ပြီး ဒီနှစ်မှာတော့ အမျိုးသားလုပ်သားတွေတင်မကဘဲ အမျိုးသမီးလုပ်သားတွေပါ စတင်စေလွှတ်တော့မှာ ဖြစ်ပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026