NEWS

ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ပြောင်းရွှေ့လျှောက်ထားနိုင်ပေမဲ့ အာမခံချက်မရှိသေး

CoverLogo
707 Views

ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းစာမေးပွဲဖြေဆိုအောင်မြင်ပြီး သူတွေ အနေနဲ့  သစ်တောလုပ်ငန်းသို့  ပြောင်းရွှေ့လျှောက်ထားနိုင်​ပေမဲ့ အာမခံချက်မရှိသေးဘူးလို့  သိရပါတယ်။

"စိုက်ပျိုးရေးတောင်သေအောင်ပင်ပန်းတာ။ ခုလိုတောထဲတောင်ထဲဆို သေအောင်ပင်ပန်းတာ။ အမြန်ရောက်ရင်ပြီးရောဆိုပြီး ပြောင်းလျှောက်ချင်သူတွေသတိထားသင့်တယ်။ တောထဲတောင်ထဲတစ်ခုခုဖြစ်ရင်တောင်သိရဖို့မလွယ်ဘူး။ ပူရင်မြန်မာထက်ပူတယ်။ လက်ရှိစိုက်ပျိုးရေးနဲ့ရောက်လာသူတွေတောင် မလုပ်နိုင်လို့ပြေးတာတွေတပုံကြီး။ ခုလိုသစ်တောဆိုရင်တော့ ပိုဆိုးပြီ။ရောက် ပြီးမှ ပြေးရင် အိုသမားဖြစ်မယ်ဒုက္ခရောက်မယ်။ POEA ကိုယ်တိုင်ကရော အာမခံချက်မရှိဘူးပြောထားတယ်" လို့ ကိုရီးယားရောက်အလုပ်သမားတစ်ဦးက ဆိုပါတယ်။

 ၂၀၂၂ ခုနှစ်၊ EPS-TOPIK စာမေးပွဲ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း ဖြေဆိုအောင်မြင်ပြီး အလုပ်ရှင်နဲ့ မိတ်ဆက်မခံရသေးသူတွေ အလုပ်လျှောက်လွှာသက်တမ်းကျန်ရှိသူတွေအနေနဲ့ သစ်တောလုပ်ငန်းကို ဩဂုတ် ၂၇ ရက်ကစပြီး  ပြောင်းရွှေ့လျှောက်ထားနိုင်တယ်လို့ POEA ရုံးကအသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

" သက်တမ်းကျန်တဲ့သူတွေက စိုက်ပျိုးရေးနဲ့အလုပ်ခေါ်စာ မစောင့်ချင်ဘူးဆို သစ်တောလုပ်ငန်းနဲ့ ပြန်ပြောင်းလို့ရတယ်။  အလုပ်ရမယ်တော့အာမမခံထားဘူး။ နောက်ပြီး ခုမှအစမို့ တခြားဘာတွေညာတွေလည်း သေချာမသိသေးဘူးဆိုတော့ ပြောင်းမဲ့သူတွေအတွက် စဥ်းစားစရာပေါ့ " ကိုရီးယားသင်တန်းကျောင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းမှသစ်တောလုပ်ငန်းလုပ်ငန်းသို့ပြောင်းရွှေ့လျှောက်တေထားလိုသူတွေ က ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီကနေ နေ့လယ် ၃ နာရီအတွင်း POEA ရုံးသို့  နိုင်ငံကူးလက်မှတ်မူရင်း ၊ မိတ္တူ ၊ စာမေးပွဲဖြေဆိုခွင့်အမှတ်စဉ်ပါ တပါတည်းယူဆောင်လျှောက် ထားရမှာဖြစ်တယ်လို့သိရပါတယ်။

ပြောင်းရွှေ့လျှောက်ထားလို့ သစ်တောလုပ်ငန်းရဲ့ လျှောက်ထားမှူလူဦးရေပြည့်သွားရင်တော့ မူလလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုသွားမှာဖြစ်သလို လက်ရှိသစ်တောလုပ်ငန်းကို​လျှောက်ထားရာမှာလည်း အလုပ်ရှင်ကတိုက်ရိုက်ရွေးချယ်ခန့်အပ်မယ်လို့ သိရပါတယ်။ 

EPS စနစ်ဟာ ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရကြား နှစ်နိုင်ငံသဘောတူညီချက်ဖြင့်  ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး လုပ်ငန်း ၊ ကုန်ထုတ်လုပ်ငန်းသစ်လုပ်ငန်းတွေအတွက် လုပ်သားပို့ဆောင်ပေးလျှက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း ကိုရီးယားသို့ EPSလုပ်သား  ၁၀၆၁၁  ဦး စေလွှတ်ခဲ့ပြီး၊ ယခုနှစ်မှာ  မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအရ လုပ် သား ၁၁၀၀၀ ဦး စေလွှတ်ဖို့  ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026