NEWS

အိုတီကြေးရှင်းမပေးဘဲ ခိုင်းစေနေလို့ Myanmar Bestex Garment အထည်ချုပ်စက်ရုံမှအလုပ်သမားများအခက်တွေ့နေဟုဆို

CoverLogo
1.6K Views

တစ်နေ့ကို ၈ နာရီအလုပ်ချိန်သာရှိပေမယ့် အလုပ်ရှင်ဖက်ကစံချိန်မပြည့်ဟု ဆိုကာအိုတီကြေးမပေးဘဲ အလုပ်သမားတွေကိုအဓမ္မအလုပ်ချိန်တွေတိုးပြီးစေခိုင်းနေတဲ့အတွက် Myanmar Bestex Garment အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေကြရတယ်လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီး ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်(၄)မင်းဧရာလမ်းထဲမှာလုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

"အလုပ်ချိန်က၈နာရီသတ်မှတ်ထားတာအဲ့အချိန်အတွင်းသူတို့ပေးတဲ့စံချိန်မပြည့်ရင်အချိန်ပိုဆင်းရတယ် အိုတီကြေးကျတော့မပေးဘူး ညအချိန်မတော်အထိဆင်းရတာ အလကားကိုဆင်းပေးနေရတာ"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကဆိုပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေပေမယ့်အလုပ်သမားတွေဖက်ကတိုင်ကြားညှိနှိုင်းဖို့ အလုပ်သမားသမဂ္ဂမရှိဘူးလို့လည်း သိရပါတယ်။

"လုပ်ငန်းခွင်ထဲမှာဥပဒေနဲ့အညီ ခွင့်ရက်ခံစားခွင့်လဲမရှိဘူး အောစူပါတွေကလဲတနေ့တနေ့ကိုတော်တော်ညစ်ညစ်ညမ်းညမ်းဆဲတာမခံနိုင်အောင်ပဲ"လို့အမည်မဖော်လိုတဲ့အလုပ်သမားတဦးကဆက်ပြောပါတယ်။

အဲ့ဒီ့လိုစက်ရုံဖက်ကအလုပ်သမားအခွင့်အရေးကိုဥပဒေမဲ့ချိုးဖောက်နေတာတွေဟာသကြ်န်ပိတ်ရက်အတွင်းအခြေခံလစာပေးဖို့ဖြစ်တယ်လို့အောစူပါတွေဖက်ကအကြောင်းပြပေမယ့်အလုပ်သမားတွေဖက်ကတော့မယုံကြည်ကြပါဘူး။

အလုပ်သမားတွေဖက်ကတော့အခုလိုအလုပ်သမားအခွင့်အရေးဥပဒေမဲ့ချိူးဖောက်နေတာတွေရပ်တန့်ပေးဖို့လိုလားနေကြပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံဟာအလုပ်သမား၈၀၀ခန့်နဲ့လုပ်ငန်းလည်ပတ်နေတဲစက်ရုံတခုဖြစ်ပြီး MOHITO အမှတ်တံဆိပ်အထည်များထုတ်လုပ်နေတဲ့လုပ်ငန်းတခုဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
SEN YU စက်ရုံအလုပ်သမားများ အလုပ်ပိတ်ရက် ဒေးကြးပေးဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထား
Apr 25, 2025
Cover
GTP Goldan Theparerg အထည်ချုပ် မန်နေဂျာမှ ခြိမ်းခြောက် အလုပ်ထုတ်
Apr 25, 2025
Cover
SEN YU စက်ရုံတွင် အလုပ်ဆင်းရက် နှင့်အလုပ်ပိတ်ရက် ဒေးကြေးတန်းတူပေးရန် တောင်းဆိုနေ
Apr 24, 2025
Cover
သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ နီးပါး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Apr 24, 2025
Cover
XING YUAN (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေ
Apr 24, 2025
Cover
ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မြန်မာလုပ်သား ၉၀ကျော် အလုပ်ထုတ်ခံရ
Apr 23, 2025
Cover
Golden Colour Fashion သမဂ္ဂဝင်အလုပ်သမား၄ဦး ဖမ်းဆီးခံရ
Apr 23, 2025
Cover
Myanmar San He စက်ရုံ EC စာချုပ်ချိုးဖောက်
Apr 22, 2025