Mingalar Sumbiri Garment Co.,ltd. မှာဖြစ်ပါတယ်။ H&M နှင့် C&A Brand ကိုချုပ်လုပ်တာဖြစ်ပါတယ်။ နိုဝင်ဘာ ၃၀ ရက် နေ့မှာအလုပ်သမား ၈၆ ယောက်အလုပ်မှထုတ်ခံရပါတယ်။ လူလျော့တာပါ။ အော်ဒါတွေမရပါသဖြင့်ဆိုပြီး HR မန်နေဂျာမှ မိမိရမဲ့လျော်ကြေးထဲမှတစ်လစာလျော့မည်။
လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက နစ်နာကြေး ၅ လစာ ပေးချေရမည့် အစား ၄လစာ၊ လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက ၄ လစာကို ၃လစာ။ ၃နှစ်ပြည့်ပြီး ၄ နှစ်မပြည့်သူများအတွက် ပေးချေရမည့် လျော်ကြေး ၃လ စာကိုလဝက်စာလျော့ပေးမည်ဟုပြောပါတယ်။
သဘောမတူပါက စက်ရုံကိုလစာမဲ့ပိတ်လို့ ရကြောင်း ပိုင်ရှင်ကမရှိ ဘယ်လိုက်တောင်းလို့တောင်းရမှန်းမသိဖြစ်သွားမည်၊ လက်ရှိပိတ်လိုက်သည့်စက်ရုံများကိုပြောပြပြီး လစာမရဖြစ်မည်။
ရတာကိုယူရမည်ဟုပြောပါသည်။ အခုချိန်မှာနင်တို့ဘယ်မှလည်းတိုင်လို့မရပါဘူး။ ဘယ်သူမှလည်းအရေးမယူပေးပါဟုဆိုကာပြောပါသည်။အလုပ်သမားများဖက်မှသဘောမတူလျင်လစာမဲ့စက်ရုံကိုပိတ်သိမ်းမည်ဟု
ခြိမ်းခြောက်ပြောဆိုပါသည်။
အမြန်ဆုံးဖြက်ပြီးလက်မှတ်ထိုးပေးဖို့ပြောပါသည်။တိုင်ပင်ချိန်မရ။ တစ်ထိုင်ထဲဆုံးဖြက်ပြီးလက်မှက်ထိုးခိုင်းပါသည်။ လက်မှက်မထိုးသူအလုပ်သမား ၃ ယောက်ကိုအလုပ်မှမထုတ်ဘူး။ ရှေ့ဘာဆက်ဖြစ်မယ်ငါလည်းမပြောတတ်ဘူးဟုပြောပါသည်။ အိုတီလည်းမခေါ်တော့ပါ။
၁၀ရက်စာပိုက်ဆံမပေးနိုင်ပါသဖြင့်ဆိုပြီး လုပ်သက်ခွင့် ၁၀ ရက်ကိုလည်းမယူမနေရယူခိုင်းပါတယ် ။
ကိုယ်တိုင်အလုပ်ထုတ်ပယ်ခြင်းခံရသူပါ။ ဒါဒုတိယအကြိမ်လူလျော့တာပါ ပထမအကြိမ်ကလည်းအယောက် ၅၀ ကျော်ဒီလိုဘဲပြောပြီးထုပ်ပါတယ်။
ကျွန်မတို့အလုပ်သမားတွေအနေနဲ့အလုပ်မှထုတ်ပယ်ခံရရင်အရမ်းနစ်နာပါတယ်။ဒီအချိန်မှာမြန်မာနိုင်ငံမှာကအလုပ်အသစ်ရဖို့ကလည်းအရမ်းခက်ခဲပါတယ်။ အလုပ်ကိုင်ရှားပါးတဲ့ပြဿနာကစားဝတ်နေရေးအတွက်အဆင်မပြေပါဘူ။းစက်ရုံဝန်ထမ်းတစ်ဦးရဲ့နောက်မှာမိသားစုကရှိနေတာပါ။ အလုပ်သမားတွေရဲ့နစ်နာကြေးအပြည့်ဝရချင်ပါတယ်။
စက်ရုံ HR မန်နေဂျာတွေအနေနဲ့လည်းကိုယ့်မြန်မာလူမျိုးဝန်ထမ်းတွေအတွက်မကြည့်ဘဲနဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေဘက်လိုက်ပြီး ဒီလိုအချိန်မှာခေါင်းခံပြီးဒီလိုလုပ်လို့ရတယ်ဆိုပြီးလုပ်ပြတာကိုနောင်ဒီလိုမလုပ်ဖို့ နဲ့ ဘယ်သူဘဲအုပ်ချုပ်အုပ်ချုပ်မြန်မာပြည်ရဲ့ဥပဒေကိုလေးစားလိုက်နာဖို့ပြောချင်ပါတယ်။ ကျွန်မတို့ရမယ့်အလုပ်သမားအခွင့်ရေးတွေကိုအပြည့်အဝပေးစေချင်ပါတယ်။
ဒီစက်ရုံဟာတစ်ခြားအထည်ချုပ်စက်ရုံတွေလိုလုပ်ခလစာအပြည့်ဝမရပါဘူး ။ တစ်ခြားစက်ရုံတွေမှာရက်မှန်ကြေး ၃ သောင်းပေးချိန် ဒီစက်ရုံမှာ ၇၀၀၀ ဘဲပေးပါတယ် ။ လုပ်သားကျွမ်းကျင်ဆုကြေးဆိုလည်းအများဆုံးမှ ၆၀၀၀
။ လီဒါလစာဆိုလည်းအခြေခံလစာကို ၅၃၀၀ ထောက်ပံ့ကြေးဆိုပြီး ၃၅၀၀၀ ပေးပါတယ်။ အိုတီကို ၅၃၀၀ နဲ့တွက်ပေးတယ် ။ အလုပ်သမားတွေနစ်နာတာပေါ့။ HR မန်နေဂျာကလည်းအလုပ်သမား တွေဖက်မှာလုံးဝမရှိပါဘူး။
ဒါကတော့ ရင်ဖွင့်စာပေးပို့လာတဲ့ အလုပ်သမားတယောက်ရဲ့ ပြောပြချက် အပြည့်အစုံပါ။ရင်ဖွင့်စာပေးပို့လိုတဲ့ အလုပ်သမားတွေအနေနဲ့ Myanmar Labour News Page Messenger ကနေ ပေးပို့နိုင်ပါတယ်။