NEWS

နေ့စားအလုပ်သမားတွေ အခကြေးငွေဖြတ်တောက်ပြီး ခိုင်းစေခံနေရ

CoverLogo
711 Views
 
နေ့စား အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရပြီး လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံတာ၊ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတာတွေကြုံနေရတယ်လို့ Myanmar Jiale Fashion Co..Ltd 1 မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက MyanmarLabourNews ကို ပြောပါတယ်။
 
စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ ချင်းတွင်းလမ်းမှာ အလုပ်သမား ၈၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။
 
AMISU၊ တံဆိပ်တို့ချုပ်လုပ်ရပြီး လုပ်ငန်းခွင်မှာ အလုပ်သမား သမဂ္ဂမရှိဘူးလို့ဆိုပါတယ်။
လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားအများအပြားကို ခန့်ထားပြီး လုပ်သက် ၃လပြည့်ပြီးပါကအတည်ပြု အလုပ်သမားမခန့်အပ်ဘဲ တပတ်နားခိုင်းပြီးမှ အလုပ်ကို နေ့စားအဖြစ်အစကနေ ပြန်လည်လုပ်ကိုင်ရတာကြောင့် နစ်နာမှုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
" နေ့စားတွေကို အချိတ်အဆက်တွေနဲ့ ခေါ်ခိုင်းတယ်။ အလုပ်သမားတွေက အလုပ်စဆင်းတာနဲ့ HR မန်နေဂျာ မအားလို့ဆိုပြီး ဖောင်မဖြည့်ရတော့ အဲ့ရက်တွေအတွက် ပိုက်ဆံမရပါဘူး။ အလကားခိုင်းတာပါ။ HRမန်နေဂျာနဲ့ အလုပ်တက် စာရင်းကောက်တဲ့လူက "နင်တို့လူလို နားမလည်ဘူးလား ဖောင်မဖြည့်တဲ့ရက်တွေဆို ငါတို့မပေးဘူးပြော ထားတာနားမလည်ဘူးလား"နဲ့ ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်တာတွေလုပ်တယ်" လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။
 
အဆိုပါနေ့စား အလုပ်သမားတွေ လုပ်သက် ၃ လပြည့်ပါက လူခေါ်ပေးသူက တသိန်းကျပ်ရရှိပြီး အမှန်တကယ် အလုပ်လုပ်ရတဲ့ အလုပ်သမားတွေသာ လုပ်သက် ၊ ပိတ်ရက် ခံစားခွင့်တွေ ဆုံးရှုံးနေရတာလို့လည်း ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ ချုပ်လုပ်ရတဲ့ အထည်စံချိန်ကို အလုပ်သမားများတစ်ဦး မချုပ်လုပ်နိုင်သောစံချိန်ကို တောင်းခံတာ၊ စက်လိုင်းတစ်လိုင်းကို စက်ချုပ်၊ ဟက်ပါ၊ စူပါအပါအဝင် လူဦးရေ၄၀ရှိပြီး တစ်နာရီကို အထည်၆၀၀အထိတောင်းခံနေတာလို့လည်း သိရပါတယ်။
"အလုပ်ရှင်ဘက်က ဆုကြေးသတ်မှတ် ပေးထားတယ်။ တစ်လလုံး မှာဘာအကြောင်းနဲ့မှ အလုပ်တစ်ရက်မှပျက်လို့မရဘူး၊ ဆိုးတဲ့အချက်က တနင်္ဂနွေပိတ်ရက် အစားတွေပါ အလုပ်သမားက အထည်စံချိန်ပေးရတာ ၊ တနင်္ဂနွေပိတ်ရက်အစား အထည်စံချိန်ကို တနင်္လာနေ့မှာ အထည်စံချိန်ပေးမှ အလုပ်ရှင်သတ်မှတ်ထားတဲ့ ဆုကြေးကိုပေးတာ ၊ တနင်္လာနေ့မှာ တနင်္ဂနွေအစား အစားစံချိန်မပေးနိုင်ရင် ဆုကြေးမပေးဘူး " လို့ ယင်းကဆက်ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ တပတ်လျင်ပိတ်ရက် တရက်ရရှိပေမယ့် တပတ်တာ ၇ ရက်လုံးအတွက်အထည်စံချိန်ချုပ်လုပ်ပေးနေရတာဖြစ်ပြီး အချိန်ပိုကြေးမရသလို ဖိအားပေးချုပ်လုပ်ရန်ခိုင်းစေနေတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို တာ၀န်ရှိသူတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေကြပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ မန်နေဂျာနှင့် အလုပ်တက်စာရင်းကောက်သူမှ အလုပ်သမားများကို ရိုင်းစိုင်းစွာပြောဆိုခြင်း မပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်က တနင်္ဂနွေပိတ်ရက်အစားတွေပါ အလုပ်သမားများကို အထည်စံချိန်တောင်းခံခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို အလုပ်စဆင်းတဲ့ရက်ကစပြီး လုပ်ခလစာရှင်းပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန် စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026