ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကင်းဝန်မင်းကြီးလမ်း အမှတ် -- တွင်ဖွင့်လှစ် ထားသော FZ GARMENT CO.ltd တွင် အလုပ်သမား ၇၀၀ ကျော်ဖြင့်လုပ်ကိုင် နေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေလို့ အကူအညီတောင်းခံချင်ပါတယ်ခဗျ။
စက်ရုံကတရုတ်နိုင်ငံသား ပိုင် ဖြစ်ပြီး DUNLOP၊ ikka၊ Functionality makes your life comfortable တံဆိပ်ဖြင့် ဝယ်လွန် အနွေးထည်၊ ဘောင်းဘီ၊ ကုတ်အင်္ကျီ တွေချုပ်လုပ်နေသော စက်ရုံတစ်ရုံဖြစ်ပြီး အလုပ်သမားအခွင့်အရေး များချိုးဖောက်ခံနေရသော စက်ရုံတစ်ရုံဖြစ်ပါသည်။
၎င်းစက်ရုံသည် အလုပ်သမားများကို အချိန်ပိုအိုတီများ မတရားဆင်းခိုင်းနေခြင်း၊ တနင်္ဂနွေနေ့ လုပ်ပိတ်ရက်ဆိုရင်လဲမနားရဘဲ အပတ်တိုင်းအချိန်ပိုအိုတီ ဆင်းနေရခြင်း၊ ညဘက်၈နာရီမှ၁၁ ခွဲထိနေ့တိုင်းဆင်းရခြင်း၊ အလုပ်သမားတွေက အချိန်ပိုအိုတီနေ့တိုင်း ဆင်းရတော့ မဆင်းချင်သော်လည်း အလုပ်ရှင်ဘက်မှ မဆင်းမနေရ ဖိအားပေးဆင်းခိုင်းခြင်းများပြုလုပ်ခြင်း၊ အချိန်ပိုအိုတီမနားမနေ ဆင်းနေရ ခြင်းကိုလည်း မန်နေဂျာကိုတိုင်က တရုတ်စက်ရုံမှူးကိုမလွန်ဆန်နိုင် ဥပဒေကိုမရှင်းပြနိုင်ပဲ သူကိုယ်တိုင်ကပါ ပိတ်ရက်မရှိဘဲ အချိန်ပိုအိုတီဆင်းခိုင်းနေခြင်းကို ခွင့်ပြုထားခြင်း၊ အချိန်ပိုအိုတီညဘက်၈နာရီခေါ်ရင်လဲ စက်ရုံကိုစက်ဘီးဖြင့် အလုပ်လာသောအဝေးကအလုပ်သမား အများကြီး ရှိတဲ့အတွက် ညဘက်အလုပ်က အပြန်အဆင်မပြေဖြစ်ခြင်း၊ အပြန်လမ်းတွင် စကစဘက်က စစ်ဆေးသူများနဲ့တွေ့လျင် အခက်တွေ့ရခြင်း၊ မလုံခြုံခြင်းကြောင့် အချိန်မတော်အချိန်ပိုအိုတီဆင်းရခြင်းမှာ အဆင်မပြေဖြစ်ရခြင်း၊ ၈နာရီမဆင်းလို့မ ရဘူးလားမေးပြန်တော့လဲ လုပ်နိုင်ရင်လုပ်မလုပ်နိုင်ထွက်ဆိုတဲ့ ပုံစံမျိုးနဲ့စူပါ၊လီတာများကပြောပါသည်။
Iron၊စနက်၊ ပါကင် အလုပ်ဌာနတွေဆိုလည်း အမြဲတမ်းအချိန်ပို အိုတီကို၈နာရီမှ၁၁ခွဲအထိဆင်းရခြင်း၊ အလုပ်သမားကအချိန်ပိုအိုတီမဆင်းချင်လို့ ပြောတော့လဲတရုတ် ဆရာက ခေါဆူလိုက် iron၊ စနက်ကိုင်တဲ့ လီတာကဆူလိုက် ဆဲလိုက်နဲအမြဲပြောဆိုခံနေရခြင်းဖြစ်ပါသည်။
အလုပ်သမားများအလုပ်တက်ချိန်မှာ နံနက်၇နာရီခွဲအလုပ်ဝင်ရခြင်း၊ ဒေးကြေး+ထောက်ပံ့ကြေးအ ပါ ၉၀၀၀ကျပ်၊ otတစ်နာရီကို၂၀၀၀ကျပ်၊ ရက်မှန်ကြေး ၃၅၀၀၀ကျပ်ရရှိခြင်း၊ စက်ရုံကမန်နေဂျာအုပ်ချုပ် တာမဟုတ်ပဲတရုတ်ကအုပ်ချုပ်တာဖြစ်နေခြင်း၊ ဘာလို့အဲ့လိုပြောရလဲဆိုရင် မန်နေဂျာပြီးလို့မပြီးပဲတရုတ် ပြီးမှပြီးရလို့ပါအခုဆို လုပ်ငန်းခွင်လိုအပ်ချက်တွေကို ဆိုရှယ်မီဒီယာပေါ်တင်ခံရတာ၃ခါရှိပြီး အလုပ်ရှင်ဘက် ကပြောင်းလဲတာမရှိခြင်း၊ ဆိုရှယ်မီဒီယာပေါ်တင်တော့ အလုပ်သမားရုံးက လုပ်ငန်းခွင်ထဲလာစစ်ဆေးခြင်း၊ အလုပ်သမားရုံးကလာစစ်ဆေးမယ်လို့ ကြိုပြောထားခြင်းကြောင့် စက်ရုံမန်နေဂျာက အလုပ်ထဲတွင်အလုပ် လုပ်တာလအနည်းငယ်ရှိသေးသော လုပ်ငန်းခွင်အကြောင်းသေချာမသိသေးသော အလုပ်သမား၅ယောက်၊ ၁၀ယောက်လောက်ကိုခေါ်ပြီးတော့ စက်ရုံကိုလုပ်သမားရုံးကလာစစ်ဆေးရင် စက်ရုံဘက်ကနေပြီးဘယ် လိုပုံစံမျိုးပြောရမယ် အမှန်တန်းပြောလို့မရဘူးဆိုပြီး အလုပ်သမားရုံးကမလာခင်အချိန် နှစ်ရက်သုံးရက် လောက်ကိုကြိုတင်ပြီးပြောပြပြောဆိုထားခြင်း၊ လအနည်းငယ်သာရှိသေးသော အလုပ်သမားများကိုမန်နေ ဂျာသင်ပြတဲ့အတိုင်းပဲ လာရောက်စစ်ဆေးသော အလုပ်သမားရုံကလူတွေကိုလည်း မန်နေဂျာသင်ပြခဲ့လူ သစ်အလုပ်သမားများကဖြေကြားခဲ့ပါသည်။
ထိုအတွက်ကြောင့် လုပ်ငန်းခွင်ထဲအခက်ခဲများလည်းပြောင်းလဲ သွားခြင်းမရှိခြင်းဖြစ်ပါသည်။
အလုပ်ရှင်ဘက်က အလုပ်သမားများကို ECစာချုပ်ချုပ်ခိုင်းပြီး စာအုပ်မှာ လက်မှတ်ထိုးခိုင်းကာစာအုပ် ကိုအလုပ်သမားများကိုမပေးထားဘဲ အလုပ်ရှင်ဘက်ကသိမ်းထားခြင်း၊ အလုပ်သမားများကအရေးကြီး လို့ဂိတ်ပတ်တောင်းလျင် မန်နေဂျာကတစ်နာရီကို ၁၀၀၀၀ ဖျက်ထားခြင်း၊ ဂိတ်ပတ်တောင်းခံတဲ့အလုပ် သမားများကိုလဲစူပါ၊ လီတာများကဆဲဆိုနေပြီး အလုပ်သမားများက မဆဲဆိုဖို့ပြောလျင် လုပ်နိုင်ရင်လုပ်မ လုပ်နိုင်ရင်ထွက်လို့ပြောဆိုနေပါသည်၊ စူပါ၊လီတာများဆဲဆိုနေခြင်းကို လုပ်ငန်းခွင်wccကို ဖြေရှင်းခိုင်းသော် လည်းဘာမှမလုပ်ပေးခြင်း၊
၎င်းwccမှာလုပ်သမားမဲပေးပြီး ရွေးချယ်ထားခြင်းမဟုတ်ပဲ အလုပ်ရှင်ဘက်မှ ရွေးချယ် ထားခြင်းဖြစ်သောကြောင့် အလုပ်သမားများအခက်ခဲကို ဖြေရှင်ဆောင်ရွက်ပေးခြင်းမရှိပါ၊
အခုလိုစူပါလီတာတွေကပြောဆိုနေတာကို လုပ်ငန်းခွင်wccကဖြေရှင်းခြင်းမရှိသလို စက်ရုံမန်နေဂျာဒေါ်---- ကိုသွားပြောတော့လဲ ဘာမှမဖြေရှင်းပေးခြင်း၊ စူပါလီတာများကို အလုပ်သမားတွေကို ယခုလိုပြော ဆိုဆက်ဆံချင်းမလုပ်ရန်အတွက် မန်နေဂျာဖြစ်ပြီး ပြောချင်းဆိုခြင်းမရှိပဲ မသိချင်ယောင်ဆောင်နေခြင်း ဖြစ်ပါသည်။
လုပ်ငန်းခွင်ထဲတွင်လည်း အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များကိုမတရားတောင်း ခံနေခြင်း၊ စက်လိုင်းတစ်လိုင်းကို လူဦးရေ၄၀ရှိပြီး တစ်နာရီကို အထည်၄၀မှ၅၀အထိတောင်းခံနေခြင်း၊ တစ်ချို့လိုင်းတွေဆိုရင် အထည်၆၀မှ၇၀အထိတောင်းနေတဲ့ စက်လိုင်းတွေလဲရှိနေခြင်း၊ အထည်တောင်းရင် လဲစက်လိုင်း၅စူပါ၊ လီတာတွေက ဆူပူဆဲဆိုပြီးနောက်ကကျားလိုက်သလို အထည်စံချိန်တောင်းခံနေခြင်း၊ စက်လိုင်းစူပါ လီတာများက အလုပ်သမားတစ်ဦးကို နှစ်ယောက်စာလုပ်ခိုင်းခြင်း၊ နေမကောင်းလို့ အလုပ်မလာတဲ့သူ လုပ်ရမည်အလုပ်ကိုပါလုပ်ခိုင်းခြင်း၊ အလုပ်မလာတဲ့သူအတွက် နှစ်ယောက်စာလုပ်ရလို့ လည်းအထည် မနိုင်လျင်စူပါမှာဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ သူတို့ကိုအကျိုးကြောင်းပြန်ပြောရင်လည်း နင်လုပ်နိုင်မှလုပ်မလုပ်နိုင်ရင် အလုပ်ထွက်လို့ပြောဆိုနေပြီး အရမ်းပဲရိုင်းစိုင်းနေကြပါသည်၊
၎င်းစက်ရုံမှာ အလုပ်လုပ်ရန် အသက်မပြည့်သေးသောအသက် ၁၄၊၁၅၊၁၆၊နှစ်အရွယ် လူငယ်၊ လူရွယ် ၆၀ဦးခန့်ကို ဆရာဝန်၏ ကျန်မားရေးကောင်းမွန်ကြောင်း ထောက်ခံချက်မပါပဲ လူငယ်၊ လူရွယ် အလုပ်သမားများကို ခိုင်းစေနေခြင်း၊ ဆေးထောက်ခံစာများမတောင်းပဲ အလုပ်လုပ်ကိုင်စေသည့်အတွက် အလုပ်ရှင်ဘက်က အချိန်ပိုအိုတီအစမတန်ခေါ်ကာ ဆင်းခိုင်းသည့်အတွက် အလုပ်ထဲတွင်မူးလဲချင်းမေ့လဲသည့် အထိဖြစ်ကြ ပါသည်၊
ဖယ်ရီကားများမှာလည်း လူအရမ်းများပြီးကြပ်တည်ခြင်း၊ မိန်းခလေးအများစုမှာလည်း မတ်တပ် ရပ်စီးနေရခြင်း၊ မန်နေဂျာကလဲအလုပ်သမားများ ဖယ်ရီကြပ်တည်းစွာ စီးရတာသိသော်လည်းဆောင်ရွက် ပေးခြင်းမရှိခြင်း၊ မတ်တပ်ရပ်စီးရသောကြောင့် အန္တာရယ်လည်းအရမ်းများခြင်း၊ အလုပ်သမားများအ သုံးပြုသောအိမ်သာများတွင် ရေခွက်မရှိခြင်း၊ မီးများမတက်ပေးထားခြင်း၊ ဆေးပေးခန်းမရှိခြင်း၊ ဆေးဝါး များမရှိခြင်း၊ ဓာတ်ဆားထုပ်တောင်မရှိခြင်း၊ အလုပ်သမားတွေ လိုအပ်တဲ့အခြေခံထားရှိရမည့် ဆေးဝါးတွေ ကိုလုံလောက်စွာမရှိခြင်း၊ ပူတဲ့အချိန်ရောက်တော့မှာ ဖြစ်တဲ့အတွက်မီးဘေး တစ်ခုခုဖြစ်လာရင်အလုပ် သမားများအလွယ်တကူထွက်လို့ရအောင် တံခါးအပေါက် ကျယ်ကျယ်ဖွင့်ထားပေးခြင်းလည်းမရှိခြင်းကို ကူညီဖြေရှင်းပေးပါရန် တိုင်ကြားအပ်ပါသည်။
အလုပ်သမားတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို တနင်္ဂနွေနေ့အပတ်တိုင်း အချိန်ပိုအိုတီမဆင်းမနေရ ဆင်းခိုင်းခြင်း မပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအတွက် ဖယ်ရီကားကိုမတ်တပ်ရပ်မစီးရအောင် ဆောင်ရွက်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အောစူပါ၊ လီတာများမှ အထည်စံချိန်တောင်းခံရာတွင် ဆဲဆိုပြီးတောင်းခံခြင်းမပြု လုပ်ရန်။
၅။ အလုပ်သမားရုံးမှလာရောက်စစ်ဆေးလျင် အလုပ်ရှင်စိတ်ကြိုက်လူများမခေါ်ပေးရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အသုံးပြုသောအိမ်သာများတွင် ရေခွက်မရှိခြင်း၊ မီးများမတက် ပေးထားခြင်း၊ ဆေးပေးခန်းမရှိခြင်းကို ဆောင်ရွက်ပေးရန်။
၇။ အလုပ်ရှင်ဘက်မှ အသက်မပြည့်သေးသောအသက် ၁၄၊၁၅၊၁၆၊နှစ်အရွယ်များကို အချိန်အိုတီကိုမတ ရားဆင်းခိုင်းခြင်းမပြုလုပ်ရန်တို့ဖြစ်ပါသည်။
အကူအညီတောင်းခံသူများ
(FZ GARMENT CO.ltdအလုပ်သမားများ)