NEWS

Honeys အထည်ချုပ်စက်ရုံက အလုပ်သမား အရေးဆောင်ရွက်သူထံမှ ကျပ်သိန်းပေါင်းနှစ်သောင်းနီးပါးရလိုမှုနဲ့ တရားစွဲဆိုပြီး ၇ နှစ်ကြာမှအမှုပိတ်သိမ်းသွား

CoverLogo
448 Views
 
အလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ အလုပ်သမား အရေးကူညီဆောင်ရွက်သူထံက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုနဲ့ တရားစွဲဆိုခဲ့ပြီး ၇နှစ်ကြာမှ အမှုပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
 
အဆိုပါ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့် အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရာမှ အလုပ်သမားထောင်ချီဆန္ဒပြတောင်းဆိုခဲ့ရာ အဲ့ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမား အရေးကူညီဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို အဲဒီစက်ရုံကနေ နစ်နာကြေး သိန်းပေါင်းနှစ်သောင်းနီးပါးဖြစ်တဲ့ ငွေကျပ်သိန်းပေါင်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျော်ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
အဆိုပါတရားစွဲဆိုခဲ့မှုအတွက် ယခု ဇန်နဝါရီ ၂၂ရက်မှာတော့ တရားစွဲဆိုခဲ့တဲ့ ၇ နှစ်ကျော်ကာလအတွင်း တရားပြိုင်ပြသက်သေများကို စစ်ဆေးရန်စောင့်ဆိုင်းနေတဲ့အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး ဇန်ဝါရီ ၂၂ ရက်မှာတော့ တရားလိုစက်ရုံဘက်က တရားပြိုင်အပေါ်ဆက်လက်တရားစွဲဆိုလိုစိတ်မရှိတော့တာကြောင့် အမှုကိုခြွင်းချက်မရှိ အမှုပိတ်သိမ်းခွင့်ပြုဖို့ တရားရုံးသို့လျှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
"သူတို့ကအလုပ်သမားကို မလျော်ဘူး။ သူတို့ Order cancel ဖြစ်လို့လျော်ကြေးတောင်းတရားစွဲတာ။ Human Rights Now က statement ထုတ်လိုက်လို့ အမှုပိတ်သွားတာ"လို့ ဆိုပါတယ်။
 
အဆိုပါ Honeys Garment အထည်ချုပ် စက်ရုံက မင်္ဂလာဒုံမြို့နယ်မှာရှိတာဖြစ်ပြီး အလုပ်သမား ၄ဝဝကျော် ကို အလုပ်ထုတ်ခဲ့ရာက အလုပ်သမားထောင်ကျော်က ဥပဒေမဲ့အလုပ်ထုတ်မှုရပ်တန့်ရေး၊ ဥပဒေပါအခွင့်အရေးများရရှိရေး နှင့် ခွဲခြားဖိနှိပ်မှုများရပ်တန့်ရေး စသည့်စာသားပါ ဗီနိုင်းပိုစတာ များကို ကိုင်ဆောင်ကာ Honeys အထည်ချုပ်စက်ရုံမှ အလုပ်ထုတ် ခံရတဲ့ အလုပ်သမား ၄၀၀ကျော်ကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ခွင့်ရ ရန် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026